တိုင်လူမျိုး
တိုင်လူမျိုး သို့မဟုတ် တိုင်းလူမျိုး တို့သည် ကမ္ဘာတစ်ဝန်း၌ ၉၃သန်းခန့်ရှိသော လူမျိုးစု ဖြစ်သည်။ မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံ၊ လာအိုနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ တရုတ်နိုင်ငံတို့တွင် အများစုနေထိုင်သည်။ရှေးတိုင်လူမျိုးများသည် တရုတ်နိုင်ငံတောင်ပိုင်းရှိ ယန်ဇီမြစ်အနီးတွင် စတင်ခဲ့သည်ဟု ယူဆရသည်။ တိုင်လူမျိုးများသည် ယခင်က တရုတ်-တိဗက်အုပ်စု ၏ အခွဲ ထိုင်း-တရုတ်အုပ်စု သီအိုရီ ကိုယုံကြည်ကြသော်လည်း၊ ယခုအချိန်တွင် တိကျသော ဆက်စပ်မှုအထောက်အထားသက်သေမရှိသဖြင့် 1980တွင် ပယ်ဖျက်ခံခဲ့ရသည်။ တိုင်ဘာသာစကားသည် တရုတ်-တိဘက်အုပ်စု၊မွန်-ခမာအုပ်စု တို့နှင့် သီးခြားဖြစ်သော ခရာ-တိုင် ဘာသာစကားအုပ်စုတွင်ပါဝင်ပြီး ထိုင်း၊ လာအို၊ ရှမ်းပြည်နယ်တွင် ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲကြသည်။
သမိုင်းကြောင်းနှင့်မျိုးရိုးဗီဇအရှေ့တောင်အာရှတွင် ကျယ်ပြန့်စွာနေထိုင်ကြသော တိုင် (Tai) လူမျိုးများသည် လူမျိုးရေး၊ ဘာသာရေး၊ ယဉ်ကျေးမှုရေးအနေနှင့်သာမက မျိုးရိုးဗီဇဗေဒအရပါ သမိုင်းကြောင်းရှည်လျားသည့်အုပ်စုတစ်ခုဖြစ်သည်။ Tai လူမျိုးများ၏မျိုးရိုးဗီဇသည် East Asian တို့နှင့် Southeast Asian တို့အကြားတွင် တဖြည်းဖြည်း ပြောင်းလဲပေါင်းစည်းလာခဲ့ခြင်းဖြစ်သည်။Y-DNA Haplogroups အနေနှင့် Tai လူမျိုးများတွင် O1b1a1a (O-M95) နှင့် O2 (O-M122) ကဲ့သို့သော haplogroup များကို အများဆုံး တွေ့ရသည်။O-M95 သည် ကျောက်ခေတ်အလယ်ပိုင်းကစ၍ အာရှအရှေ့တောင်ပိုင်းတွင်နေထိုင်ခဲ့သော Austroasiatic မျိုးနွယ်ဖြစ်နိုင်ကြောင်းပြသသည်။ mtDNA များတွင် B, F, M7, R9 စသည်ဖြင့် အရှေ့အာရှနှင့်အရှေ့တောင်အာရှတွင် တွေ့ရသော maternal haplogroups များဖြစ်ကြသည်။ Tai လူမျိုးများ၏အစဖြစ်ပေါ်မှုကို ယန်စီမြစ်ဝှမ်းတစ်ဝိုက်၊ ယခုတရုတ်နိုင်ငံတောင်ပိုင်း ဒေသများတွင်အခြေချနေထိုင်ခဲ့သည် ဟုယူဆရသည်။ရှေ့ပြေးတိုင်လူမျိုး(Proto-Tai) အဖြစ် ခရစ်တော်မပေါ်မီ ယခင်ရာစုများတွင် တည်ရှိခဲ့ကြသည်။ ခန့်မှန်းခြေအရ ၈ ရာစုနှင့် ၁၂ ရာစုကြားပိုင်းတွင် တိုင်လူမျိုးများသည် တစ်ဖြည်းဖြည်းတောင်ဘက်သို့ ထွက်ခွာလာခဲ့ကြသည်။ ထိုကာလအတွင်း တိုင်လူမျိုးများသည် များစွာသောနယ်မြေများသို့ ပြန်လှန်ထွက်ခွာလာခြင်းဖြစ်ပြီး ထိုင်း၊ လာအို၊ မြန်မာ (ရှမ်းပြည်နယ်)၊ ဗီယက်နမ် (တိုင်ဒါမ်) နှင့် တရုတ်နိုင်ငံအခြားတောင်ပိုင်းဒေသ များသို့ ပြောင်းရွေ့လာခဲ့ကြပြီး Sipsongpanna (สิบสองปันนา), Lan Xang, Lanna Kingdom, နှင့် Mong Mao (ရှမ်းနယ်မြေ) တို့ကဲ့သို့သော တိုင်းပြည်ငယ်များကိုထူထောင်လာနိုင်ခဲ့ကြသည်။ အနောက်တောင်ပိုင်းတိုင်လူမျိုးများစာရင်းမြောက်ပိုင်းဌာနခွဲ
ကျိုင်းသေဉ်ဌာနခွဲ
တောင်ပိုင်းအုပ်စု
တရုတ်အနောက်တောင်ပိုင်းတိုင်အုပ်စုများနှင့်အမည်များ
|
Portal di Ensiklopedia Dunia