တိုင်းလိုင်ဘာသာစကား
တိုင်းလိုင် သို့မဟုတ် တိုင်းလျန် သို့မဟုတ် ရှမ်းနီဘာသာစကား သည် မြန်မာနိုင်ငံတွင် ပြောဆိုအသုံးပြုကြသော တိုင်းဘာသာစကားတစ်ခု ဖြစ်ပြီး ခန္တီးရှမ်းဘာသာစကားနှင့် ဆက်စပ်နေသည်။ ယင်းတွင် ကိုယ်ပိုင်အရေးအသားစနစ်ရှိသည်။ ပြောဆိုသူအရေအတွက် အတိအကျကောက်ခံထားခြင်း မရှိသော်လည်း ၁၀၀,၀၀၀ ဝန်းကျင်ခန့်ရှိမည်ဟု ခန့်မှန်းကြသည်။ အမည်များတိုင်းလျန်၏ အမည်ကွဲများမှာ ရှမ်းနီ၊ ရှမ်းဗမာ၊ ရှမ်းကလေး၊ တိုင်းလျှန်၊ တိုင်းလိုင်၊ တိုင်းနိုင်း၊ တိုင်းဒိုင်း တို့ ဖြစ်ကြသည်။ (Ethnologue) ပျံ့နှံ့မှုတိုင်းလိုင်ဘာသာစကားကို စစ်ကိုင်းတိုင်းဒေသကြီးအတွင်း၊ ဟုမ္မလင်းမြို့နယ် ရှိ ချင်းတွင်းမြစ်၊ ဧရာဝတီမြစ် နှင့် ဥရုမြစ် တလျောက်တွင် ပြောဆိုကြသည်။ ထို့ပြင် ကချင်ပြည်နယ်၊ အတွင်းရှိ မိုးညှင်းမြို့နယ်၊ ဗန်းမော်မြို့နယ် နှင့် မြစ်ကြီးနားမြို့နယ် တို့တွင်လည်း ပြောဆိုကြသည်။ ဒေသိယစကားများတိုင်းလိုင်ဘာသာစကားတွင် အုပ်စုခွဲနှစ်ခုရှိပြီး တိုင်းနိုင်း နှင့် တိုင်းလိုင် တို့ ဖြစ်ကြသည်။ တိုင်းနိုင်းများမှာ မြစ်ကြီးနား-မန္တလေး မီးရထားလမ်းတလျောက်တွင် နေထိုင်ကြပြီး၊ တိုင်းလိုင်မှ ာဥရုမြစ် ချင်းတွင်းမြစ်တလျောက်နှင့် ကဘော်ချိုင့်ဝှမ်းဒေသတို့တွင် နေထိုင်ကြသည်။ (Ethnologue) ကိုးကား
|
Portal di Ensiklopedia Dunia