တီမော အသံနှင့်ရုပ်မြင်သံကြား
တီမော အသံနှင့်ရုပ်မြင်သံကြား (Radio-Televisão Timor Leste ၊ အင်္ဂလိပ် : Radio Television East Timor ၊ အတိုကောက်: RTTL) သည် အရှေ့တီမောနိုင်ငံ ၏ ဒေသတွင်း ရေဒီယို နှင့် ရုပ်မြင်သံကြား ထုတ်လွှင့်သော နိုင်ငံပိုင် ရုပ်သံလွှင့်အဖွဲ့အစည်း ဖြစ်သည်။ ရေဒီယိုရေဒီယို တီမော (အင်္ဂလိပ်: Radio Timor Leste အတိုကောက် : RTL) သည် RTTL ၏ လက်အောက် ရှိ အင်ဒိုနီးရှားဘာသာစကား(Tetun) နှင့် ပေါ်တူဂီ ဘာသာစကား (Portuguese) ဖြင့် ထုတ်လွှင့်နေသော ရေဒီယို လိုင်း တစ်ခုဖြစ်သည်။ ရေဒီယို တီမော သည် အစီအစဉ် (၃၄) ခုအား ဝန်ထမ်းအင်အား ၆၃ယောက် ဖြင့် တစ်နေ့လျှင် ၁၆ နာရီ ထုတ်လွှင့်နေသည်။ ရုပ်မြင်သံကြားအရှေ့တီမော ရုပ်မြင်သံကြား(Televisão de Timor Lesteသို့မဟုတ် Televizaun Timor Lorosae (East Timor Television)၊အတိုကောက်: TVTL )သည် တီမော အသံနှင့် ရုပ်မြင်သံကြား လက်အောက်ရှိ ရုပ်မြင်သံကြား ဌာနခွဲ တစ်ခုဖြစ်သည်။ TVTL သည်ပထမဆုံး ရုပ်မြင်သံကြား ထုတ်လွှင့်မှု အဖြစ် ၁၉၇၈ခုနှစ် တွင် TVRI ၏ အရှေ့တီမော အသံလွှင့်ဌာနတစ်ခု အနေဖြင့် စတင်ခဲ့သည်။နောက်ပိုင်းတွင် TV UNTAET ဟူသော အမည်သို့ ပြောင်းလဲ သုံးစွဲခဲ့ပြီး ၂၀၀၂ခုနှစ် မေလ ၂၀ရက်နေ့တွင် ယခုလက်ရှိ အမည်ဖြစ်သော TVTL သို့ ပြောင်းလဲ ခဲ့သည်။ ကိုးကား |
Portal di Ensiklopedia Dunia