Mediacorp Pte. Ltd. |
အမျိုးအစား | အများနှင့် သက်ဆိုင်သော |
---|
လုပ်ငန်း | ဖျော်ဖြေရေး သတင်း မီဒီယာ ရုပ်သံ ဝန်ဆောင်မှု မီဒီယာ မီဒီယာ ထုတ်လုပ်ရေး ကြော်ငြာလုပ်ငန်း |
---|
တည်ထောင်သည့်နှစ် | ၁၅ ဇွန် ၁၉၉၉; ၂၅ နှစ် အကြာက (၁၉၉၉-၀၆-15) ၁၂ ဖေဖော်ဝါရီ ၂၀၀၁; ၂၄ နှစ် အကြာက (၂၀၀၁-၀၂-12) (renaming of Television Corporation of Singapore, Radio Corporation of Singapore, TV12 (Singapore) to Mediacorp TV, Mediacorp Radio, Mediacorp TV12 respectively, merged into Mediacorp) |
---|
ဌာနချုပ် | Mediacorp Campus, 1 Stars Avenue, Singapore 138507 |
---|
အရေးပါ ပုဂ္ဂိုလ်များ | Niam Chang Meng (ဥက္ဏဌ) Tham Loke Kheng (စီအီးအို)[၁] |
---|
ပိုင်ရှင်များ | Temasek Holdings |
---|
ကုမ္ပဏီခွဲ | Mediacorp TV Singapore Pte Ltd Mediacorp VizPro International Pte Ltd Singapore Media Academy Media Research Consultants Pte Ltd 1-Net Singapore Pte Ltd |
---|
ဝက်ဘ်ဆိုက် | www.mediacorp.sg |
---|
Mediacorp Pte. Ltd. (တရုတ်: 新传媒私人有限公司 ၊ Mediacorp အဖြစ် လူသိများ) သည် စင်ကာပူနိုင်ငံ ၏ အများနှင့်သက်ဆိုင်သော ရုပ်သံဝန်ဆောင်မှု လုပ်ငန်းစုကြီး တစ်ခုဖြစ်သည်။ ရေဒီယို ၊ ရုပ်မြင်သံကြား နှင့် ဒီဂျစ်တယ် ရုပ်သံဝန်ဆောင်မှု လုပ်ငန်းများ ကို ဦးစီး လုပ်ကိုင်လျက်ရှိသည်။ ရုပ်မြင်သံကြား (၆) လိုင်း နှင့် ရေဒီယို (၁၁) လိုင်း တို့ဖြင့် ဝန်ဆောင်မှု ပေးလျက်ရှိပြီး စင်ကာပူနိုင်ငံ၏ အခမဲ့ ရုပ်သံဝန်ဆောင်မှု လုပ်ငန်းအဖြစ် ဦးဆောင်လျက်ရှိသည်။ ယင်း လုပ်ငန်း အား စင်ကာပူ ပြည်တွင်း ကုမ္ပဏီ Temasek Holdings မှ ပိုင်ဆိုင်သည်။[၂]
ရေဒီယို
မီဒီယာကော့ပ် သည် အောက်ပါ ရေဒီယို (၁၁) လိုင်း အား ဝန်ဆောင်မှု ပေးလျက်ရှိပြီး [၃]အွန်လိုင်း ရေဒီယို ဝန်ဆောင်မှုကိုမူ ၂၀၁၁ခုနှစ် ဒီဇင်ဘာလ ၁ရက်နေ့တွင် ရပ်ဆိုင်းခဲ့သည်။[၄]
ရုပ်မြင်သံကြား
မီဒီယာကော့ပ် သည် အင်္ဂလိပ်ဘာသာဖြင့် ထုတ်လွှင့်နေသော ရုပ်သံလိုင်းများအပြင် ပြည်တွင်းရှိ အခြားသော မလေး နှင့် တရုတ် ကဲ့သို့သော ဘာသာစကားများ အတွက်လည်း ထုတ်လွှင့်နေသည်။
အမည်
|
ဘာသာစကား
|
အမျိုးအစား
|
ဆူရိယာ |
မလေးဘာသာ |
သတင်း ၊ ယဉ်ကျေးမှု ၊ ဖျော်ဖြေရေး နှင့် ကလေးအစီအစဉ်
|
ချန်နယ် ၅ |
အင်္ဂလိပ်ဘာသာ
|
ချန်နယ် ယူ |
တရုတ်ဘာသာ |
သတင်း နှင့် ဖျော်ဖြေရေး
|
ချန်နယ် ၈ |
သတင်း ၊ ယဉ်ကေျးမှု နှင့် ဖျော်ဖြေရေး
|
ဗာဆမ်သမ် |
တမီလ် ဘာသာ |
သတင်း နှင့် ဖျော်ဖြေရေး
|
ချန်နယ် နယူးအေးရှား |
အင်္ဂလိပ်ဘာသာ |
၂၄နာရီ ထုတ်လွှင့်နေသော သတင်း နှင့် လူမှုဘဝ အသားပေး ရုပ်သံလိုင်း
|
ကိုးကား
ပြင်ပလင့်
အာဆီယံ ဒေသအတွင်းရှိ နိုင်ငံပိုင် ရုပ်သံလွှင့် အဖွဲ့အစည်းများ |
---|
|