ဗီယက်နမ် ရုပ်မြင်သံကကြား |
အမျိုးအစား | ရုပ်မြင်သံကြား |
---|
နိုင်ငံ | ဗီယက်နမ် |
---|
ဖမ်းယူရရှိနိုင်မှု | ပြည်တွင်း ကမ္ဘာတစ်ဝန်း |
---|
ဌာနချုပ် | ဟနွိုင်းမြို့, ဗီယက်နမ်နိုင်ငံ |
---|
ပိုင်ဆိုင်သူ | ဗီယက်နမ် အစိုးရ |
---|
အရေးပါ ပုဂ္ဂိုလ် | Trần Bình Minh (General director) Phạm Việt Tiến (Deputy managing director) |
---|
စတင်ထုတ်လွှင့်သည့်ရက် | ၇ September ၁၉၇၀; ၅၄ နှစ် အကြာက (၇ September ၁၉၇၀) |
---|
ယခင်အမည်များ | Independent Television System (7 September 1970 – 4 July 1976) Central Television (5 July 1976 – 30 April 1987) |
---|
တရားဝင် ဝက်ဘ်ဆိုဒ် | vtv.vn |
---|
ဗီယက်နမ် ရုပ်မြင်သံကြား (အင်္ဂလိပ် : Vietnam Television အတိုကောက် VTV၊ ဗီယက်နမ်: Đài Truyền hình Việt Nam) သည် ဗီယက်နမ်နိုင်ငံ၏အမျိုးသားရုပ်သံလွှင့်လုပ်ငန်းတစ်ခု ဖြစ်သည်။
သမိုင်းကြောင်း
ရုပ်သံလိုင်းများ
VTV သည် အောက်ဖော်ပြပါ ရုပ်သံလိုင်းများ အား ထုတ်လွှင့်ပြသလျက်ရှိသည်။ [၁] [၂] [၃] [၄]
- VTV1 : သတင်းနှင့်မျက်မှောက်ရေးရာ အခြေအနေများ ကို ၂၄ နာရီ ထုတ်လွှင့်နေသော သတင်းဦးစားပေး လိုင်းဖြစ်သည်။ [၅] အဆိုပါရုပ်သံလိုင်းမှ နိုင်ငံတော်အဆင့် ပွဲအခမ်းအနား များ ၊ တွေ့ဆုံဆွေးနွေးပွဲများ နှင့် ပါလီမန်အစည်းအဝေးများ ကို တိုက်ရိုက်ပြသပေးသည်။VTV1 ရုပ်သံလိုင်း အား ၁၉၇၀ခုနှစ် စက်တင်ဘာလ ၇ရက်နေ့မှ စတင်ခဲ့ကာ ကြည်လင်ပြတ်သားသော ရုပ်သံလိုင်း(HD) အဖြစ် ၂၀၁၄ မတ်လ ၂၇ရက် ၌ စတင်ခဲ့သည်။
- VTV2 သည် သိပ္ပံနှင့် နည်းပညာ ၊ လူမှုဘဝ ဦးစားပေး အစီအစဉ်များကို နေ့စဉ် ၂၄နာရီ ပြသနေသောရုပ်သံလိုင်းဖြစ်သည်။ ဒါ့အပြင် ဂျပန်နှင့်အမေရိကန် မှ ကာတွန်းအစီအစဉ်များ (ဥပမာ ပိုကီမွန် , Yo-kai စောင့်ကြည့်ရေးအဖွဲ့ , ဒစ္စနေးရုပ်သံ နဲ့ ကာတွန်းနက်ဝက် မှ ကာတွန်းစီးရီးများ)၊ တရုတ် နှင့် တောင်ကိုရီးယား မှတီဗီစီးရီးများ လည်း ပြသနေသည်။ VTV2 1 အား ၁၉၉၀ ဇန်နဝါရီ ၁ရက်နေ့ မှ စတင်ထုတ်လွှင့်ခဲ့ပြီး HD ရုပ်သံလိုင်း အဖြစ် ၁၉ရက် မေလ ၂၀၁၅ တွင်ထုတ်လွှင့်ခဲ့သည်။
- VTV3 : များသောအားဖြင့်ဖျော်ဖြေရေးရုပ်သံလိုင်း တစ်ခုဖြစ်ကာ ၂၄ နာရီထုတ်လွှင့်ပေးနေသည်၊။ VTV3 အား ၃၁ မတ်လ ၁၉၉၆ စတင်ခဲံသည်။VTV3 HD အဖြစ် ၃၁ မတ်လ ၂၀၁၃ တွင်ဖြန့်ချိခဲ့သည်။ ဤရုပ်သံလိုင်း သည် VTV လိုင်းမျာ; မှ High Definition အဖြစ် ထုတ်လွှင့်သော ပထမဦးဆုံးရုပ်သံလိုင်းဖြစ်သည်။
- VTV4 : ဗီယက်နမ်နိုင်ငံ မှ ကမ္ဘာတစ်ဝန်း သို ပြသနေသော ရုပ်သံလိုင်း ဖြစ်သည်။ ၁၉၉၈ ခုနှစ် တွင်စတင်ထုတ်လွှင့်ပြီး ပြည်တွင်း VTVရုပ်သံလိုင်းများမှ အကောင်းဆုံး-ပရိုဂရမ်များ အားပြသနေကာ ယခုအခါ ထိုင်ဝမ် CHT MODChannel 215 တွင်လည်းကောင်း ၊ မလေးရှား ABNXcess Channel 311 ၌လည်းကောင်း ဖမ်းယူကြည့်ရှုနိုင်သည်။VTV4 HD အား ၁၉ ဇွန်လ၂၀၁၅ နေ့ရက်တွင်ဖြန့်ချိခဲ့သည်။
- VTV5 :ဗီယက်နမ်နိုင်ငံ ရှိ တိုင်းရင်းသားလူမျိုး များအတွက် ၂၄ နာရီထုတ်လွှင့်နေသော ရုပ်သံလိုင်း ဖြစ်သည်။ VTV5 အား ၁၀ ဖေဖော်ဝါရီလ ၂၀၀၂ ရက်နေ့တွင်စတင်ခဲ့သည်။ VTV5 HD အား ဇူလိုင်လ ၁ ရက်နေ့ ၂၀၁၅ ရက်တွင်ဖြန့်ချိခဲ့သည်။
- VTV6 : အသက် ၁၈နှစ မှ ၃၄နှစ် လူငယ်များအား ရည်ရွယ်လျက် အားကစားပွဲများ နှင့် ပွဲအခမ်းအနားများ အား ၂၄နာရီထုတ်လွှင့်နေသော ရုပ်သံလိုင်း ဖြစ်သည်။ ယင်း ရုပ်သံလိုင်း သည် ၂၉ရက် ဧပြီလ၂၀၀၇ တွင်စတင်ခဲ့သည်။ VTV6 HD အား အောက်တိုဘာလ ၂၀၁၃ တွင် ဖြန့်ချိခဲ့သည်။
- VTV7 : ပညာရေးရုပ်သံလိုင်း ဖြစ်ကာ မနက် ၆း၀၀နာရီ မှ ၀၀း၀၀ အထိ ထုတ်လွှင့်နေသည်၊။ VTV7 နှင့် VTV7 HD ကို ၂၀ နိုဝင်ဘာ ၂၀၁၅ တွင် စမ်းသပ်ထုတ်လွှင့်ခဲ့ပြီး ၂၀၁၆ခုနှစ် တွင် တရားဝင် စတင်ထုတ်လွှင့်ခဲ့သည်။
- VTV 8 :ဗီယက်နမ် အလယ်ပိုင်း နှင့် အနောက်ပိုင်း ဒေသများသို မနက် ၅နာရီ မှ ညသန်းခေါကင် အထိ ထုတ်လွှင့်နေသော ရုပ်သံလိုင်း ဖြစ်ကာ VTV 8 နှင့် VTV 8 HD အား ၂၀၁၆ ဇန်နဝါရီလ ၁ရက်နေ့ ၌ စတင်ထုတ်လွှင့်ခဲ့သည်။
- VTV9 : ဗီယက်နမ် တောင်ပိုင်း ဒေသများ သို ထုတ်လွှင့်သောရုပ်သံလိုင်းဖြစ်ကာ ၂၀၁၅ ဩဂုတ်လ ၂၈ ရက်တွင်ဖြန့်ချိခဲ့သည် ။
ဖျက်သိမ်းလိုက်သော ဒေသဆိုင်ရာလိုင်းများ
- VTV Huế
- VTV Đà Nẵng
- VTV Phú Yên
- VTV Cần Thơ 1
- VTV Cần Thơ 2
၂၀၀၃ခုနှစ် မှစတင်ကာ VTV ရုပ်သံလိုင်းများ ကို ဂြိုဟ်တုစလောင်းများ ၊ ဒစ်ဂျစ်တယ်ရုပ်သံဖမ်းစက်များ (DVB-T)နှင့် ဒစ်ဂျစ်တယ် ကေဘယ်များ ဖြင့်ဖမ်းယူကြည့်ရှုနိုင်ခဲ့သည်။ VTV တွင် K+ ခေါ်သော အခပေး ရုပ်သံလိုင်း များလည်း ဝန်ဆောင်မှု ပေးနေသည်။ အဆိုပါ အခပေး အစီအစဉ်တွင် ကိုယ်ပိုင် ရုပ်သံလိုင်း ၁၅လိုင်း နှင့် အခြား သော နိုင်ငံတကာရုပ်သံလိုင်းများဖြစ်သော ရိုက်တာသတင်းဌာန ၊ ESPN ၊ ဒစ္စနေး Channel ၊ Discovery Channel ၊ ဘီဘီစီ ၊ HBO စသည်များ အခပေး ရုပ်သံလိုင်း အဖြစ် ဝန်ဆောင်မှု ပေးနေသည်။
VTV ဒေသဆိုင်ရာလိုင်းများကို ၂၀၁၆ခုနှစ် ဇန်နဝါရီလ ၁ရက်နေ့ ပြောင်းလဲခဲ့သည်။ VTV Hue , VTV Đà Nang နှင့် VTV Phu Yen မှ ရုပ်သံအစီအစဉ် များနှင့် ရုပ်သံလိုင်းများကို VTV8 အဖြစ် လည်းကောင်း ၊ VTV Can Tho 1 အား VTV9 အဖြစ် လည်းကောင်း ၊ VTV Can Tho 2 အား VTV5 Tây Nam Bộ အဖြစ် လည်းကောင်း အမည်များ ပြောင်းခဲ့သည်။
အနာဂတ်တွင် ထုတ်လွှင့်မည့် ရုပ်သံလိုင်းများ
- VTV24: ဗီယက်နမ်နိုင်ငံ ၏ ပထမဆုံး ၂၄နာရီ ထုတ်လွှင့်မည့် သတင်း ရုပ်သံလိုင်း ဖြစ်ကာ ၂၀၁၇ခုနှစ် ၄လပိုင်း တွင် စတင်မည်ဖြစ်သည်။
- VTV4k: ဖျော်ဖြေရေးရုပ်သံလိုင်း ဖြစ်ကာ VTV3 နှင့်အတူထုတ်လွှင့်မည့် 4K ရုပ်သံအရည်အသွေးရှိ ရုပ်သံလိုင်းဖြစ်သည်၊။ ၂၀၁၇ခုနှစ် ပထမ အပတ် ၌ စတင်မည်ဖြစ်သည်။ [၆]
- VTV7 Kids, VTV7 English and VTV7 News ၂၀၂၀ ခုနှစ်တွင် စတင်မည် [၆]
VTVcab မှVTV လိုင်းများစာရင်း
EPG
|
EPG ကိုအမည်ဖြင့်
|
ချန်နယ်အမည်
|
ချန်နယ် အမျိုးအစား
|
အသုံးပြုနိုင်မှု
|
မှတ်စုများ
|
1
|
VTV1
|
VTV1
|
အခမဲ့
|
သတင်းနှင့်မျက်မှောက်ရေးရာရုပ်သံလိုင်း
|
2
|
VTV2
|
VTV2
|
အခမဲ့
|
ပညာရေးနှင့်သိပ္ပံရုပ်သံလိုင်း
|
3
|
VTV3
|
VTV3
|
အခမဲ့
|
ဖျော်ဖြေရေးရုပ်သံလိုင်း
|
4
|
VTV4
|
VTV4
|
အခမဲ့
|
နိုင်ငံတကာရုပ်သံလိုင်း။
|
5
|
VTV5
|
VTV5
|
အခမဲ့
|
တိုင်းရင်းသားလူမျိုးများ ရုပ်သံလိုင်း
|
6
|
VTV6
|
VTV6
|
အခမဲ့
|
အားကစားနှင့်လူငယ်များရုပ်သံလိုင်း
|
ကမ္ဘာတစ်ဝန်း VTV ရုံးဌာနများ
၂၀၁၈ ခုနှစ် အထိ VTV ၌ သတင်းရုံးဌာနဆိုက်ရာ ၁၄ နေရာ ရှိသည်။
- ဗီယင်ကျန်း , လာအိုနဲ့
- ဖနွမ်းပင် , ကမ္ဘောဒီးယား
- စင်္ကာပူ ( အာဆီယံ ဒေသ)
- ပေကျင်း , တရုတ်
- တိုကျို , ဂျပန်
- ကွာလာလမ်ပူ , မလေးရှား
- မနီလာ , ဖိလစ်ပိုင်
- မော်စကို , ရုရှားနိုင်ငံ
- ဘရပ်ဆဲလ် , ဘယ်လ်ဂျီယံ ( ဥရောပ ဒေသ)
- ဗြိတိန်နိုင်ငံလန်ဒန်မြို့ , ယူနိုက်တက်ကင်းဒမ်း (ဗြိတိန် & အိုင်ယာလန်ဧရိယာ)
- အဘူဒါဘီ , ယူအေအီး ( အရှေ့အလယ်ပိုင်း ဒေသ)
- ဝါရှင်တန်ဒီစီ , ယူနိုက်တက်စတိတ်
- နယူးယောက်မြို့ , ယူနိုက်တက်စတိတ်
- Los Angeles မြို့ , အမေရိကန်ပြည်ထောင်စု
ကိုးကား
ပြင်ပလင့်များ
အာဆီယံ ဒေသအတွင်းရှိ နိုင်ငံပိုင် ရုပ်သံလွှင့် အဖွဲ့အစည်းများ |
---|
|