ဘရူနိုင်း အသံနှင့်ရုပ်မြင်သံကြား
ဘရူနိုင်း အသံနှင့်ရုပ်မြင်သံကြား ( တရားဝင် အင်္ဂလိပ် : Radio Television Brunei ၊ အတိုကောက်: RTB) သည် ဘရူနိုင်းနိုင်ငံ အစိုးရပိုင် ရုပ်သံလွှင့်လုပ်ငန်း တစ်ခုဖြစ်သည်။ ပထမအကြိမ် အသံလွှင့် ဝန်ဆောင်မှု ကို ၁၉၅၇ ခုနှစ် မေလ ၂ရက် တွင်စတင်ခဲ့ပြီး ရုပ်မြင်သံကြားထုတ်လွှင့်မှု ကို ၁၉၇၅ ခုနှစ် မတ်လ ၁ရက်နေ့ တွင်စတင်နိုင်ခဲ့သည်။ ဘရူနိုင်းရေဒီယိုနှင့် ရုပ်မြင်သံကြား သည် ဘရူနိုင်းနိုင်ငံအတွင်း ထင်ရှားသော ရုပ်သံလွှင့်လုပ်ငန်း တစ်ခုဖြစ်သည်။ ဘရူနိုင်းအသံ နှင့် ရုပ်မြင်သံကြား ၏ အမှတ်တံဆိပ် သည် ဘရူနိုင်းနိုင်ငံ အမျိုးသားအထိမ်းအမှတ် တံဆိပ် အပေါ် အခြေခံထားသည်။ [၁] သမိုင်းကြောင်းရေဒီယိုဘရူနိုင်း အသံနှင့်ရုပ်မြင်သံကြား ၏ အသံလွှင့်လုပ်ငန်းများကို ၁၉၅၇ခုနှစ် မေလ ၂ရက်နေ့ တွင် ဘရူနိုင်း ဆူလ်တန်ဘုရင် ၏ အမှာစကားဖြင့် စတင်ခဲ့သည်။ ရေဒီယို အသံထုတ်လွှင့်မှု အတွက် အသံလွှင့်ခန်း တစ်ခုသာ ရှိခဲ့ပြီး ၄၅မိနစ်စာ အစီအစဉ်များကို နေ့စဉ် ည ၈နာရီ မှ ၈နာရီ ၄၅မိနစ် အထိထုတ်လွှင့်ခဲ့သည်။ အဆိုပါ ထုတ်လွှင့်မှု အား လိုင်းနှုန်း ၁၂Kw ဖြင့် ဘရူနိုင်းနိုင်ငံမြို့တော် နှင့် အနီးတဝိုက် ၅မိုင် အထိ ဖမ်းယူနားဆင်နိုင်ခဲ့သည်။ ၁၉၇၄ခုနှစ်တွင် ဘရူနိုင်းနိုင်ငံ တစ်ဝှမ်းလုံး အား လွှမ်းခြုံနိုင်သော အသံထုတ်လွှင့်မှုအား ဝန်ထမ်း ၁၇၁ယောက် နှင့် အသံလွှင့်ရုံ သုံးခု ဖြင့် လုပ်ဆောင်နိုင်ခဲ့သည်။ ရုပ်မြင်သံကြား၁၉၇၅ခုနှစ် ဖေဖော်ဝါရီလ ၁ရက်နေ့ တွင် ဘရူနိုင်း ရုပ်မြင်သံကြား စမ်းသပ်ထုတ်လွှင့်မှု အဖြစ် RTB Perdana (Channel 5) အား စမ်းသပ်ထုတ်လွှင့်ခဲ့ပြီး ပုံမှန် ရုပ်သံထုတ်လွှင့်မှု အား ၁၉၇၅ခုနှစ် မတ်လ ၁ရက်တွင် စတင်ထုတ်လွှင့်နိုင်ခဲ့သည်။ အဆိုပါ ရုပ်မြင်သံကြား ထုတ်လွှင့်ခြင်း အတွက် ဝန်ထမ်း သုံးယောက် သာရှိပြီး စက်ကိုင် လေးဦး ဖြင့်သာ ရုပ်သံလွှင့်လုပ်ငန်း စတင်ခဲ့သည်။ ၂၀၁၇ခုနှစ် ဧပြီလ ၁၁ရက်နေ့တွင် ဘရူနိုင်း အသံနှင့်ရုပ်မြင်သံကြားသည် ပိုမိုကောင်းသော ရုပ်သံလိုင်းများ ထုတ်လွှင့်နိုင်ရန် ရည်ရွယ်လျက် ရုပ်သံလိုင်းပေါင်းစည်းခြင်းနှင့် အမှတ်တံဆိပ်များ ပြောင်းလဲခြင်းများ ပြုလုပ်ခဲ့သည်။ RTB1 နှင့် RTB5 အား RTB Perdana ရုပ်သံလိုင်း အဖြစ်သော်လည်းကောင်း [၂][၃] ၊ RTB2 နှင့် RTB3 HD အား RTB Aneka ရုပ်သံလိုင်း အဖြစ်သော်လည်းကောင်း ၊ RTB4 အား RTB Sukmaindera ရုပ်သံလိုင်း အဖြစ်သော်လည်းကောင်း[၂][၃] ရုပ်သံလိုင်း တစ်ခုတည်းအဖြစ် အသီးသီး ပြောင်းလဲခဲ့သည်။ ထို့ကဲ့သို့ ရုပ်သံလိုင်းများ အပြောင်းအလဲဖြစ်ခြင်းသည် ဘရူနိုင်း အသံနှင့် ရုပ်မြင်သံကြား ၏ အင်တာလော့ရုပ်သံထုတ်လွှင့်မှု စနစ်မှ ဒီဂျစ်တယ် ရုပ်သံထုတ်လွှင့်မှု စနစ်အဖြစ်သို့ ပြောင်းလဲ ထုတ်လွှင့်ခြင်း ၏ တစ်စိတ်တစ်ပိုင်း ဖြစ်ခဲ့သည်။[၂][၃] ရုပ်သံလိုင်းများဘရူနိုင်း အသံနှင့်ရုပ်မြင်သံကြား (RTB) မှ အောက်ပါ ရုပ်သံလိုင်း သုံး လိုင်း အားထုတ်လွှင့်နေသည်။
ရေဒီယိုလိုင်းများဘရူနိုင်း အသံနှင့်ရုပ်မြင်သံကြား မှ နှစ် ၅၀မြောက် ရေဒီယိုထုတ်လွှင့်မှု အထိမ်းအမှတ် အဖြစ် ရေဒီယိုလိုင်း ၅လိုင်း အား ၂၀၀၇ခုနှစ် မေလ ၂ ရက်မှ ထုတ်လွှင့်ပေးနေသည်။
ကိုးကား
ပြင်ပလင့် |
Portal di Ensiklopedia Dunia