တောင်ပြင်သည် (အလောင်းစည်သူ)

တောင်ပြင်သည်
တောင်နန်းမတော် မိဖုရား
နန်းသက်၁၁၁၂– ?
ရှေ့မင်းဆက်သမ္ဘူလ မိဖုရားခေါင် အဖြစ်
နောက်မင်းဆက်တိလောက စန္ဒာဒေဝီ မိဖုရားခေါင် အဖြစ်
မွေးဖွားc. ၁၀၉၀ ဆယ်စုနှစ်
ပုဂံ
ကွယ်လွန်ပုဂံ
အိမ်ထောင်ဖက်အလောင်းစည်သူ
သားသမီးများတောင်ဖျား
ရွှေကျူ
စံအိမ်ပုဂံ
ကိုးကွယ်မှုထေရဝါဒ ဗုဒ္ဓဘာသာ

တောင်ပြင်သည် ("တောင်နန်းမတော်မိဖုရား" ဟု အဓိပ္ပာယ်ရ) သည် ပုဂံခေတ် အလောင်းစည်သူမင်း၏ မိဖုရားတစ်ပါး ဖြစ်သည်။

တော်ဝင်ရာဇဝင်ကျမ်းများတွင် မိဖုရား၏ အခြား ငယ်အမည်နှင့် အခြားဘွဲ့အမည်များ ဖော်ပြထားခြင်း မရှိပေ။ တောင်နန်းမတော် မိဖုရားဘွဲ့အရ သူမသည် မိဖုရားခေါင်အဖြစ် ယူဆရမည် ဖြစ်သော်လည်း ရာဇဝင်ကျမ်းများတွင် သူမအား ရတနာပုံတိလောက စန္ဒာဒေဝီနှင့် ရာဇကုမ္မာရီတို့၏နောက် စတုတ္ထနေရာတွင် ဖော်ပြထားသည်။[] ထို့အပြင် ရာဇဝင်ကျမ်းများတွင် ဖော်ပြထားသည်မှာ အလောင်းစည်သူမင်းနန်းတက်သည့် အခမ်းအနားတွင် မိဖုရားခေါင်တစ်ပါးသာ ပါဝင်ရမည့်အစား မိဖုရားလေးပါးစလုံး ပါဝင်ကြောင်း ဖော်ပြထားသည်။[]

တောင်ပြင်သည်နှင့် အလောင်းစည်သူမင်းတွင် သမီးတော်နှစ်ပါး ထွန်းကားခဲ့ပြီး တောင်ဖျားနှင့် ရွှေကျူ တို့ဖြစ်ကြသည်။[] တောင်ပြင်သည်၏ ညီမတော်သည် ခင်ပွန်းလေးယောက်နှင့် မုဆိုးမ လေးကြိမ်ဖြစ်ခဲ့ရာ အလောင်းစည်သူမင်းက ခင်ဦးအမည်ဖြင့် မိဖုရားမြှောက်ခဲ့သည်။[][]

ကိုးကား

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ မှန်နန်း အတွဲ ၁၊ ၂၀၀၃၊ စာ ၂၈၇
  2. ရာဇဝင်သစ်၊ အတွဲ ၁၊ ၂၀၁၂၊ စာ ၁၂၀

ကျမ်းပြုစာရင်း

  • တွင်းသင်းတိုက်ဝန် မဟာစည်သူ (၂၀၁၂) [၁၇၉၈]။ ကျော်ဝင်း; သိန်းလှိုင် (eds.)။ ရာဇဝင်သစ်ကျမ်း၁–၃ (ဒုတိယအကြိမ် ed.)။ ရန်ကုန်: ရာပြည့်စာအုပ်တိုက်။
  • တော်ဝင်မြန်မာနိုင်ငံသမိုင်းကော်မရှင် (၁၈၃၂)။ မှန်နန်း ရာဇဝင်၁–၃ (၂၀၀၃ ed.)။ ရန်ကုန်: ပြန်ကြားရေးဝန်ကြီးဌာန။
တောင်ပြင်သည် (အလောင်းစည်သူ)
Royal titles
ယခင်က
သမ္ဘူလ
မိဖုရားခေါင် အဖြစ်
တောင်နန်းမတော် မိဖုရား
၁၁၁၂ – ?
ဆက်ခံသူ
တိလောက စန္ဒာဒေဝီ
မိဖုရားခေါင် အဖြစ်
Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya