ရှင်စော (ပုဂံ)

ရှင်စော
မိဖုရားခေါင်
နန်းသက်၁၂၃၁? – ၁၂၃၅
ရှေ့မင်းဆက်ဖွားတော်ကြီး
ဆက်ခံသူရာဇဒေဝီ
မွေးဖွား၁၁၉၀ ဆယ်စုနှစ်
ပုဂံ
ကွယ်လွန်၂၄ ဧပြီ ၁၂၄၁ နောက်ပိုင်း
ပုဂံ
အိမ်ထောင်ဖက်နရသိင်္ဃ ဥဇနာ
သားသမီးများသိင်္ခပတိ
တရဖျား
စံအိမ်ပုဂံ
ကိုးကွယ်မှုထေရဝါဒ ဗုဒ္ဓဘာသာ

ရှင်စော (အစော ဟုလည်း သိကြ) သည် ပုဂံခေတ် နရသိင်္ဃ ဥဇနာမင်းသား၏ ဇနီးဖြစ်သည်။[] ဂျီအိပ်လုစ် နှင့် ဒေါက်တာသန်းထွန်း ကဲ့သို့သော သမိုင်းပညာရှင်များကနရသိင်္ဃ ကို ပုဂံမင်းဆက်မှ မင်းတစ်ပါး အဖြစ် သတ်မှတ်ကြသော်လည်း မည်သည့် မြန်မာရာဇဝင်ကျမ်းကမှ မင်းအဖြစ် ဖော်ပြထားခြင်း မရှိပေ။[][] ဒေါက်တာထင်အောင်နှင့် မိုက်ကယ်အောင်သွင် အစရှိသော သမိုင်းပညာရှင်တို့က နရသိင်္ဃကို မင်းတစ်ပါးအဖြစ် အသိအမှတ်မပြုကြပေ။[][]

အေဒီ ၁၂၃၅ ဇူလိုင် ၁၉ တွင် ရှင်စော၏ မတ်တော်စပ်သူ ကျစွာမင်း နန်းတက်ချိန်တွင် ရှင်စော၏ ခင်ပွန်း ကွယ်လွန်ခဲ့သည်ဟု ခန့်မှန်းရသည်။ ရှင်စော လှူဒါန်းခဲ့သော စေတီမှ တွေ့ရှိရသော ကျောက်စာအရ သူမသည် အေဒီ ၁၂၄၁ ဧပြီ ၂၄ အထိ သက်ရှိထင်ရှားရှိနေခဲ့သည်။[note ၁]

မှတ်စု

  1. See the inscription at (Taw, Forchhammer 1899: 71). Taw နှင့် Forchhammer တို့က ရှင်စောအား ဥဇနာနှင့် နရသီဟပတေ့တို့၏ မိဖုရားဖွားစောဟု မှားယွင်းစွာ သတ်မှတ်ခဲ့သည်။ (၁) ကျောက်စာတွင် ရှင်စောအား သိင်္ခပတေ့နှင့် တရဖျား (တာမွန်) တို့၏ မိခင်အဖြစ် အတိအလင်း ဖော်ပြထားသည်။ (၂) (မဟာရာဇဝင်ကြီး အတွဲ ၁၊ ၂၀၀၆၊ စာ ၂၃၄၊ အောက်ခြေမှတ်စု #၁) အရ ဖွားစောကို ခန့်မှန်း အေဒီ ၁၂၄၀ တွင် မွေးဖွားခဲ့ပြီး နရသိင်္ခဥဇနာတွင် ဖွားစောအမည်ရှိ အခြားမိဖုရားတစ်ပါးရှိခဲ့ပြီး သူမမှာ ဒုတိယဇနီး စောမင်းဝိုင်း ဖြစ်သဖြင့် Taw နှင့် Forchhammer တို့၏ ကောက်ချက် မှားယွင်းသည်ဟု ဆိုနိုင်သည်။

ကိုးကား

  1. သန်းထွန်း ၁၉၆၄၊ စာ ၁၃၄
  2. ၂.၀ ၂.၁ ထင်အောင် ၁၉၇၀၊ စာ ၄၃
  3. သန်းထွန်း ၁၉၆၄၊ စာ ၁၃၂
  4. အောင်သွင် နှင့် အောင်သွင် ၂၀၁၂၊ စာ ၉၉

ကျမ်းပြုစာရင်း

  • အောင်-သွင်၊ မိုက်ကယ် အေ; Maitrii Aung-Thwin (2012)။ A History of Myanmar Since Ancient Times (illustrated ed.)။ Honolulu: University of Hawai'i Press။ ISBN 978-1-86189-901-9
  • ထင်အောင်၊ မောင် (1970)။ Burmese History before 1287: A Defence of the Chronicles။ Oxford: The Asoka Society။
  • ကုလား၊ ဦး (၁၇၂၄)။ မဟာရာဇဝင်ကြီး၁–၃ (၂၀၀၆၊ စတုတ္ထအကြိမ် ed.)။ ရန်ကုန်: ရာပြည့်စာအုပ်တိုက်။
  • ဒေါက်တာသန်းထွန်း (၁၉၆၄)။ Studies in Burmese History။ ရန်ကုန်: မဟာဒဂုံ။
ရှင်စော (ပုဂံ)
မွေးဖွား ၁၁၉၀ ဆယ်စုနှစ် ကွယ်လွန် ၂၄ ဧပြီ ၁၂၄၁ နောက်ပိုင်း
Royal titles
ယခင်က
ဖွားတော်ကြီး
မိဖုရားခေါင်
၁၂၃၁?–၁၂၃၅
ဆက်ခံသူ
ရာဇဒေဝီ
Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya