မင်းအောင်မြတ်
မင်းအောင်မြတ် (စောအောင်မြတ်[၂]ဟုလည်း သိကြ) သည် ပုဂံခေတ် နရသိင်္ခမင်း၏ မိဖုရားခေါင်[၁] နှင့် နရပတိစည်သူမင်း၏ တောင်နန်းမတော် မိဖုရား ဖြစ်သည်။[၃] အလောင်းစည်သူမင်းနှင့် ခင်ဦးမိဖုရားတို့သည် မင်းအောင်မြတ်၏ မိခင်ဖက်မှ အဘိုးအဘွားတော်စပ်သူ ဖြစ်သည်။[၁] နရသိင်္ခနှင့် နရပတိစည်သူတို့သည် သူမ၏ ဝမ်းကွဲမောင်နှမများ ဖြစ်ကြသည်။ သူမနှင့် နရသိင်္ခကို သူတို့၏ အဘိုးတော်စပ်သူ ဘုရင်မှ လက်ထပ်ပေးခဲ့ခြင်း ဖြစ်သည်။[၁] မင်းအောင်မြတ်တွင် နရသိင်္ခနှင့် သမီးတော်တစ်ပါးမွေးဖွားခဲ့သော်လည်း နရသိင်္ခနန်းတက်နေစဉ်ကာလအတွင်း ၁၁၇၀ ဆယ်စုနှစ် အစောပိုင်းတွင် ထိုသမီးတော် ကွယ်လွန်ခဲ့သည်။[၃] အေဒီ ၁၁၇၄ ခုနှစ်တွင် နရပတိစည်သူမင်း နန်းတက်ခဲ့ရာ မင်းအောင်မြတ်သည် တောင်ပြင်သည် ("တောင်နန်းမတော် မိဖုရား") အဖြစ် ဆက်လက် မိဖုရား ဖြစ်သော်လည်း မိဖုရားခေါင် ရာထူး မဟုတ်တော့ပေ။[၃][၄] (ဝေဠုဝတီသည် နန်းတက်ပွဲတွင် မိဖုရားခေါင်အဖြစ် ပါဝင်ခဲ့သည်။[၅]) မဟာရာဇဝင်သစ်ကျမ်းအရ နရပတိစည်သူနှင့် မင်းအောင်မြတ်တို့ ရင်သွေးမွေးဖွားခဲ့ခြင်း ရှိမရှိကို မှတ်တမ်းမတွေ့ရပေ။ ထို့အပြင် ၁၁၈၆ ခုနှစ်တွင် ဝေဠုဝတီမိဖုရားကွယ်လွန်ပြီးနောက် မိဖုရားသစ်တစ်ပါးကို တောင်ပြင်သည် အဖြစ် တင်မြှောက်ခဲ့သည်ကို ထောက်၍ မင်းအောင်မြတ်သည် ဝေဠုဝတီထက် အရင်၊ သို့မဟုတ် ကာလတူ ကွယ်လွန်ခဲ့သည်ဟု ယူဆနိုင်သည်။[၄] ကိုးကားကျမ်းပြုစာရင်း
|
Portal di Ensiklopedia Dunia