တောင်အမေရိကတိုက်ရှိ အချုပ်အခြာအာဏာပိုင်နိုင်ငံများနှင့် အမှီအခိုနယ်မြေများ စာရင်းဤသည်မှာ တောင်အမေရိကတိုက်ရှိ အချုပ်အခြာအာဏာပိုင်နိုင်ငံများနှင့် အမှီအခိုနယ်မြေများ စာရင်းဖြစ်သည်။ ဤစာရင်း၌ တောင်အမေရိကနှင့် တောင်အမေရိကတိုက်မှနဟုတ်သော နိုင်ငံများ၏ အပြည့်အဝအသိအမှတ်ပြုနိုင်ငံများနှင့် အမှီအခိုနယ်မြေနှစ်များလုံး ပါဝင်သည်။ ဤစာရင်းတွင် အချုပ်အခြာအာဏာပိုင်နိုင်ငံ ၁၂ ခုနှင့် အချုပ်အခြာအာဏာပိုင်မဟုတ်သော နယ်မြေ ၄ ခုတို့ပါဝင်သည်။ တောင်အမေရိကတိုက်သည် အနောက်ဘက်တွင် ပစိဖိတ်သမုဒ္ဒရာနှင့် မြောက်ဘက်နှင့်အရှေဘက်တွင် အတ္တလန္တိတ်သမုဒ္ဒရာတို့မှ ဝန်းရံထားသည်။ မြောက်အမေရိကတိုက်နှင့် ကာရစ်ဘီယံ ပင်လယ်သည် အနောက်မြောက်အရပ်တွင် တည်ရှိသည်။ တောင်အမေရိကတိုက်၏ ဧရိယာသည် ခန့်မှန်း ၁၇,၈၄၀,၀၀၀ စတုရန်းကီလိုမီတာ (၆,၈၉၀,၀၀၀ စတုရန်းမိုင်)ရှိသည် သို့မဟုတ် ကမ္ဘာမြေမျက်နှာပြင်၏ ၃.၅% နီးပါးရှိသည်။ ၂၀၀၈ ခုနှစ် The World Factbook ၏ လူဦးရေခန့်မှန်းချက်အရ တောင်အမေရိကတိုက်၏ လူဦးရေသည် သန်း ၃၈၀ ကျော်ရှိသည်။ တောင်အမေရိကတိုက်သည် အာရှ၊ အာဖရိကနှင့် မြောက်အမေရိကတိုက်တို့ပြီးလျှင် စတုတ္ထမြောက်အကြီးဆုံး တိုက်ဖြစ်ပြီး အာရှ၊ အာဖရိက၊ ဥရောပနှင့် မြောက်အမေရိကတိုက်တို့ပြီးလျှင် ပဉ္စမမြောက်လူဦးရေအများဆုံး တိုက်ကြီးဖြစ်သည်။[၁]
အချုပ်အခြာအာဏာပိုင်နိုင်ငံများအချုပ်အခြာအာဏာပိုင်နိုင်ငံများသည် လူထုအတွက် အမျိုးသားအကျိုးစီးပွားနှင့်ပတ်သက်သော ဆုံးဖြတ်ချက်များပြုလုပ်ရေးတွင် ထိရောက်သော အချုပ်အခြာအာဏာရှိသည့် နိုင်ငံရေးအဖွဲ့အစည်းများဖြစ်သည်။[၂] မွန်တီဗီဒီယိုသဘောတူညီချက် (Montevideo convention)အရ အချုပ်အခြာအာဏာပိုင်နိုင်ငံတော်သည် အမြဲတမ်းနေထိုင်သော လူထု၊ တိကျသော နယ်မြေ၊ အစိုးရနှင့် အခြားနိုင်ငံများ ဆက်ဆံရေးဝင်ဆံမှု ရှိရမည်ဖြစ်သည်။[၃] ဖော်ပြပါနိုင်ငံများသည် ကုလသမဂ္ဂ၏ အဖွဲ့ဝင်နိုင်ငံများ[၄]ဖြစ်ပြီး တောင်အာဖရိကသမဂ္ဂ၏ အဖွဲ့ဝင်နိုင်ငံများလည်း ဖြစ်ကြသည်။[၅]
အချုပ်အခြာအာဏာပိုင်နိုင်ငံများ၏ ဖွဲ့စည်းပုံအရ အစိတ်အပိုင်းများ
အချုပ်အခြာအာဏာပိုင်နိုင်ငံများ၏ အမှီအခိုနယ်မြေများ
စီးပွားရေးဆိုင်ရာ စာရင်းအင်းများ
† Geographically a part of Antarctica, the United Nations geoscheme includes Bouvet Island and South Georgia and the South Sandwich Islands in South America. ဆက်လက်ကြည့်ရှုရန်မှတ်စုများ
ကိုးကား
|
Portal di Ensiklopedia Dunia