အိုရှန်းနီးယားရှိ အချုပ်အခြာအာဏာပိုင်နိုင်ငံများနှင့် အမှီအခိုနယ်မြေများ စာရင်း![]() ![]() ဤသည်မှာ ပထဝီဝင်ဒေသအပိုင်းအခြားအရ သမုဒ္ဒပိုင်းဇုံတွင် ကျရောက်နေသော အချုပ်အခြာအာဏာပိုင်နိုင်ငံများနှင့် အမှီအခိုနယ်မြေများဖြစ်သည်။ သမုဒ္ဒရာရေပြင်အများစုရှိပြီးနှင့် တိုက်ကြီးများ၏ ကျောက်လွှာများစွာတွင် လွှမ်းခြုံတည်ရှိနေသော်လည်း အိုရှန်းနီးယားနိုင်ငံများသည် တိုက်ကြီးများ၏ စာရင်းတွင် ရံဖန်ရံခါသာ ဖော်ပြကြသည်။ ထိုစာရင်းတွင် ပထဝီနိုင်ငံရေးအရ ပစိတ်ဖိတ်သမုဒ္ဒရာဝန်းရံထားသော ဩစတြေးလေးရှား၊ မီလန်နီးရှား၊ မိုက်ခရိုနီးရှားနှင့် ပိုလီနီးရှားတို့ ပါဝင်ကြသည်။ အိုရှန်းနီးယားဒေသ၏ ကုန်မြေထုအကြီးဆုံးပိုင်ဆိုင်သည်မှာ ဩစတေးလျနိုင်ငံဖြစ်သည်။[၁] အာရှနှင့် အိုးရှန်းနီးယားအကြား နယ်နိမိတ်သည် ရှင်းလင်းစွာ သတ်မှတ်ထားခြင်းမရှိပေ။ နိုင်ငံရေးဆိုင်ရာ အကြောင်းပြချက်များအတွက် ကုလသမဂ္ဂမှ အင်ဒိုနီးယားနှင့် ပါပူအာနယူးဂီနီ၏ ဒေသနှစ်ခုအကြားကို နယ်ကြားမျဉ်းအဖြစ် မှတ်ယူသည်။[၂] ပါပူအာနယူးဂီနီအား အင်ဒိုနီးရှားနိုင်ငံ၏ အိမ်နီးချင်းအဖြစ် အာရှနိုင်ငံအဖြစ် တခါတရံ ထည်သွင်းကြသော်လည်း ဤသည်မှာ ရှားပါးလှပါပြီး ယေဘုယျအားဖြင့် အိုရှန်းနီးယား၏ အစိတ်အပိုင်းတစ်ခုအဖြစ် လက်ခံထားကြသည်။ ပထဝီဝင်အရ ပါပူအာနှင့် အနောက်ပါပူအာပြည်နယ်တို့သည်လည်း အိုရှန်းနီးယား၏ အစိတ်အပိုင်းများ ဖြစ်ကြသည်။ အချုပ်အခြာအာဏာပိုင်နိုင်ငံများကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများဤအပိုင်းတွင် ပါဝင်သော အချုပ်အခြာအာဏာပိုင်နိုင်ငံများသည် အိုရှန်းနီးယားတွင် တည်ရှိသော နိုင်ငံများဖြစ်ပြီး ကုလသမဂ္ဂ၏ အဖွဲ့ဝင်များလည်း ဖြစ်ကြသည်။[၃] ဤနိုင်ငံများအားလုံးသည် ပစိဖိတ်သမုဒ္ဒရာကျွန်းများဖိုရမ်အား အဖွဲ့ဝင်များလည်း ဖြစ်ကြသည်။[၄]
ကုလသမဂ္ဂအဖွဲ့ဝင်မဟုတ်သော နိုင်ငံများကွတ်ကျွန်းစုနှင့် နျူးအေးနိုင်ငံတို့သည် နယူးဇီလန်နိုင်ငံနှင့် လွတ်လပ်စွာဆက်နွယ်သော(Free Association) နိုင်ငံနှစ်ခုဖြစ်သည်။ နယူးဇီလန်နိုင်ငံနှင့် နိုင်ငံရေးအရဖြစ်စေ၊ ဖွဲ့စည်းပုံအရဖြစ်စေ နီးကပ်သော ဆက်ဆံရေးကို ထိန်းသိမ်းထားပြီး ထိုနိုင်ငံနှစ်ခုလုံးသည် ကုလသမဂ္ဂ၏ အထူးအဖွဲ့အစည်းများတွင် အရ အဖွဲ့ဝင်များဖြစ်ကြပြီး ၎င်းတို့၏ အမည်နာမအောက်တွင် အချုပ်အခြာအာဏာပိုင်နိုင်ငံများနှင့် လွတ်လပ်စွာ သံတမန်ဆက်ဆံမှုများ ပြုလုပ်ထားသည်။ နိုင်ငံနှစ်ခုလုံးသည် ပစိတ်ဖိတ်သမုဒ္ဒရာကျွန်းများဖိုရမ်၏ တင်းပြည့်အဖွဲ့ဝင်များဖြစ်ကြသည်။ ထိုကဲ့သို့သော သွင်ပြင်လက္ခဏာများကြောင့် ထိုနိုင်ငံတို့ကို De facto အခြေအနေရှိသော အချုပ်အခြာအာဏာပိုင် နိုင်ငံများအဖြစ် မှတ်ယူကြသည်။[၁၂]
အချုပ်အခြာအာဏာပိုင်မဟုတ်သော နယ်မြေများအောက်ပါစာရင်းအတွင်းရှိ နိုင်ငံများသည် ဖော်ပြပါအကြောင်းအရင်းများမှ အကြောင်းအချက်တစ်ခုကြောင့်သာ အိုရှန်းနီးယားအတွင်း ပါဝင်သော နိုင်ငံများဟု သတ်မှတ်ပါသည်။
ဤစာရင်းတွင်ပါရှိသော နယ်မြေ ၂ ခု(ပြင်သစ် ပိုလီနီးရှားနှင့် နယူးကာလီဒိုနီးရှား)မှာ ပစိဖိတ်ကျွန်းများဖိုရမ်၏ အဖွဲ့ဝင်များဖြစ်ကြပြီး အခြားသော ၅ နိုင်ငံ(အမေရိကန်ဆမိုအာ၊ ဂူအမ်း၊ မြောက် မာရီယာနာကျွန်းစု၊ တိုကဲလူကျွန်းနှင့် ဝဲလစ်နှင့်ဖကျူနာကျွန်း)မှာ လေ့လာသူအဖြစ်ဖြင့် ထိုအဖွဲ့နှင့်ဆက်နွယ်၍ နေပါသည်။
ဆက်လက်ကြည့်ရှုရန်မှတ်စုများ
ကိုးကား
|
Portal di Ensiklopedia Dunia