ထူပကတသိက္ခာပုဒ်

ထူပကတသိက္ခာပုဒ် (သက္ကစ္စဝဂ်)

ဆွမ်းဉုးကို စားမှု

ဆဗ္ဗဂ္ဂီရဟန်းတို့သည် ဆွမ်းစားသောအခါ အလယ်ဗဟို မို့မောက်နေသော ဆွမ်းဉုး ဆွမ်းထိပ်မှ နှိုက်ယူ၍ စားကြကုန်၏၊ ထိုစားခြင်းမျိုးလည်း ယဉ်ကျေးသူတို့၏ အပြုအမူ မဟုတ်သဖြင့် လူတို့ကဲ့ရဲ့ကြသောကြောင့်—[]

“န ထူပကတော ဩမဒ္ဒိတွာ ပိဏ္ဍပါတံ ဘုဉ္ဇိဿာမီတိ သိက္ခာ ကရဏီယာ”။ဟု ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။

မြန်မာပြန်

ဆွမ်းဉုး ဆွမ်းထိပ်မှ နှိုက်ယူ၍ ဆွမ်းကို မစားအံ့”ဟု အလေ့အကျင့်ကို ပြုရမည်၊ [ဆွမ်းစားပြီးခါနီး၌ သပိတ်-စားခွက် ထဲဝယ် အနည်းငယ် ကျန်နေသည်ကို သိမ်းကျုံး စုဆောင်း လိုက်သောအခါ အစုအပုံ မိုမိုမောက်မောက် ဖြစ်နေတတ်သေး၏၊ ထိုသို့ သိမ်းကျုံးထားသော အစုအပုံကလေးကို နှိုက်ယူ၍ စားရာ၌ကား အာပတ်မသင့်၊ [အနာပတ္တိ-ပရိတ္တကေ သေသေ ဧကတော သံကဍ္ဎိတွာ ဩမဒ္ဒိတွာ ဘုဉ္ဇတိ”ပါဠိတော်။]

ကိုးကား

  1. အရှင်ဇနကာဘိဝံသ (၁၉၉၆)။ ဘုရားဥပဒေတော်ကြီး
Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya