ဒုတိယဂဏိကစေတာပနသိက္ခာပုဒ်
အမှု—ယာဂုကိုရည်ညွှန်း၍ လှူအပ်သော အများဆိုင်ပရိက္ခရာ ကိုယ်တိုင်တောင်း၍ရသော ပရိက္ခရာ ၂-မျိုးဖြင့်ဆေးကိုလဲ စေမှု။ အမှုသည်—ဘိက္ခုနီအများ၊ [၁] ဥပါသကာများရှေ့သိက္ခာပုဒ်အတိုင်းပင် ကျောင်းဒါယကာ အသင်းဝင် ဥပါသကာအများစုပေါင်း၍ ဈေးသည် တစ်ဦးအိမ်မှာ ဆန်ဆီစသော ပရိက္ခရာကို အပ်နှံပြီးလျှင် မိမိတို့ကျောင်း၌နေသော ဘိက္ခုနီ တို့အားလည်း ထိုဈေးသည်ထံမှ (ယာဂုအတွက်) ဆန်ကို အလှူခံဖို့ရန် လျောက်ထားကြလေသည်၊ ဘိက္ခုနီတို့ကား ထိုကျောင်းဒါယကာတို့ ညွှန်ပြအပ်သော ဆန်ကို မလဲစေဘဲ ထိုအပ်နှံထားသော ပရိက္ခရာ, မိမိတို့အခြား နေရာမှတောင်း၍ရသော ပရိက္ခရာမျိုးဖြင့် ဆေးကိုလဲစေကြလေသည်၊ ထိုအကြောင်းကိုကြား၍ အသင်းသား ကျောင်းဒါယကာတို့ ကဲ့ရဲ့ကြသောကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။ သိက္ခာပုဒ်ယာ ပန ဘိက္ခုနီ အညဒတ္ထိကေန ပရိက္ခာရေန အညုဒ္ဒိသိကေန မဟာဇနိကေန သညာစိကေန အညံ စေတာပေယျ, နိဿဂ္ဂိယံ ပါစိတ္တိယံ။ မြန်မာပြန်အကြင်ဘိက္ခုနီသည် အခြားပစ္စည်းအတွက် လှူအပ် အခြားပစ္စည်းကို ရည်ညွှန်း၍ လှူအပ်သော အများဆိုင် ပရိက္ခရာ, မိမိကိုယ်တိုင် တောင်း၍ ရအပ်သော ပရိက္ခရာ, ဤပရိက္ခရာ ၂-မျိုးဖြင့် အလှူရှင် ရည်ညွှန်းအပ်သော ပရိက္ခရာမှ အခြားပရိက္ခရာတစ်မျိုးကို လဲစေအံ့၊ ထိုဘိက္ခုနီမှာ နိဿဂ္ဂိပါစိတ် အာပတ်သင့်၏။ ကိုးကား
|
Portal di Ensiklopedia Dunia