ဒုတိယဂိဟိဂတသိက္ခာပုဒ်
အမှု—ယောက်ျားဆက်ဆံဘူး၍ ၁၂-နှစ်ပြည့်သော သူငယ်မကို ၂-နှစ်ပတ်လုံး သိက္ခာမကျင့်ရသေးဘဲ ရဟန်းပြုပေးမှု။ အမှုသည်—ဘိက္ခုနီအများ။ [၁] ထိုသို့ပြုပေးမှုကြောင့် အခြားဘိက္ခုနီတို့ ကဲ့ရဲ့ကြသဖြင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။ သိက္ခာပုဒ်ယာ ပန ဘိက္ခုနီ ပရိပုဏ္ဏဒွါဒသဝဿံ ဂိဟိဂတံ ဒွေ ဝဿာနိ ဆသု ဓမ္မေသု အသိက္ခိတသိက္ခံ ဝုဋ္ဌာပေယျ, ပါစိတ္တိယံ။ မြန်မာပြန်ယောက်ျားသွားလာအပ်ပြီးဖြစ်၍ တဆယ့်နှစ်နှစ်ပြည့်ပြီးသော်လည်း ၂-နှစ်ပတ်လုံး ၆-ပါးသော သိက္ခာပုဒ်တို့၌ မကျင့်ရသေးသော သာမဏေမကို ရဟန်းပြုပေးသော ဥပဇ္ဈာယ်ဘိက္ခုနီမှာ ပါစိတ်အာပတ်သင့်၏။ အခြားဘိက္ခုနီတို့မှာ ဒုက္ကဋ်၊] မှတ်ချက်ဤသိက္ခာပုဒ်တော်အရ-ရဟန်းပြုလိုသော သူငယ်မသည် ဆယ်နှစ် ပြည့်ပြီးဖြစ်လျှင် သိက္ခာသမ္မုတိကို တောင်း၍ သံဃာက ကမ္မဝါစာဖြင့် သမ္မုတိပေးပြီးနောက် ၂-နှစ်ပတ်လုံး သိက္ခမာန်ဘဝ၌ ကျင့်နေရသေးသည်၊ ထိုသို့ကျင့်ပြီးသောအခါ ၁၂-နှစ်ပြည့်ပြီးဖြစ်ပေလိမ့်မည်၊ ဂိဟိဂတ = ယောက်ျားသွားလာအပ်ပြီးသူသည် အငယ်ဆုံးအားဖြင့် သိက္ခမာန်ဘဝ၌ ၂-နှစ်ကျင့်ပြီးဖြစ်လျှင် ၁၂-နှစ်ပြည့်က ဘိက္ခုနီပြုခွင့်ရ၏။ ကိုးကား
|
Portal di Ensiklopedia Dunia