ဒုတိယသံဃိကစေတာပနသိက္ခာပုဒ်
အမှု—သင်္ကန်းကို ရည်ညွှန်း၍ လှူအပ်သော သံဃိကဥစ္စာ, ကိုယ်တိုင်တောင်း၍ ရသော ဥစ္စာ ၂-မျိုးဖြင့် ဆေးကို လဲစေမှု။ အမှုသည်—ဘိက္ခုနီအများ။ [၁] ဥပါသကာများရှေ့သိက္ခာပုဒ်အတိုင်းပင် ဥပါသကာအများ စုပေါင်း၍ အထည်သည် အိမ်မှာ (ဆန် ဆီ စသော ရသမျှ ပစ္စည်းကို) အပ်နှံပြီးလျှင် ဘိက္ခုနီသံဃာအားလည်း ထိုပစ္စည်းဖြင့် သင်္ကန်းကို လဲစေ၍ သုံးစွဲဖို့ရန် ဖိတ်မန် လျှောက်ထားကြလေသည်၊ ဘိက္ခုနီတို့ကား သူတို့ရည်ရွယ်သည့်အတိုင်း မဟုတ်ဘဲ ထိုပစ္စည်းနှင့် မိမိတို့ အခြားမှ ရသော ပစ္စည်းပါပေါင်း၍ ထိုပစ္စည်း ၂-မျိုးဖြင့် ဆေးကိုလဲစေ၍ သုံးစွဲကြလေသည်၊ ထိုအကြောင်းကိုကြား၍ အလှူရှင် ဥပါသကာတို့ ကဲ့ရဲ့ကြသောကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။ သိက္ခာပုဒ်ယာ ပန ဘိက္ခုနီ အညဒတ္ထိကေန ပရိက္ခာရေန အညုဒ္ဒိသိကေန သံဃိကေန သညာစိကေန အညံ စေတာပေယျ, နိဿဂ္ဂိယံ ပါစိတ္တိယံ။ မြန်မာပြန်အကြင် ဘိက္ခုနီသည် အခြားပစ္စည်းအတွက် လှူအပ်-အခြားပစ္စည်းကို ရည်ညွှန်း၍ လှူအပ်သော သံဃိကပရိက္ခရာ, မိမိ ကိုယ်တိုင်တောင်း၍ ရသော ပရိက္ခရာ, ဤပရိက္ခရာ ၂-မျိုးဖြင့် အလှူ့ရှင် ရည်ညွှန်းအပ်သော ပရိက္ခရာမှ အခြားတစ်မျိုးသော ပရိက္ခရာကို လဲစေအံ့၊ ထိုဘိက္ခုနီမှာ နိဿဂ္ဂိပါစိတ် အာပတ်သင့်၏။ ကိုးကား
|
Portal di Ensiklopedia Dunia