ဓမ္မယုတ္တိနိကာယ (မဟာရင်) ဂိုဏ်း

မဟာရင်ဆရာတော်သည် ၁၂၀၃ခုနှစ်တွင် ယိုးဒယားနိုင်ငံ၌ မွေးဖွားခဲ့၍ ငယ်မည်မှာ "ဦးရင်" ဖြစ်သည်။ ယိုးဒယားနိုင်ငံ 'ဓမ္မယုတ္တိ နိကာယ' (တမယွတ်)ဂိုဏ်း၌ ရဟန်းပြု၍ ပါဠိစာပေများကို မဟာအဆင့်အတန်းအောင်မြင်သည်အထိ စာပေသင်ကြားတတ်မြောက်ခဲ့သည်။ ထိုအခါ ဦးရင်အမည်ကို မဟာဘွဲ့နှင့်ပေါင်းစပ်၍ မဟာရင်ဖြစ်လာသည်။ မဟာရင် အမည်ရှိဆရာတော်ကြီးသည် မော်လမြိုင်မြို့နယ် 'ကတိုး'ရွာ၌ကျောင်းတိုက်တည်၍ စာပေပို့ချသည်။ ယင်း၏တပည့်သံဃာများကို 'မဟာရင်ဂိုဏ်း' ဟုခေါ်ဆိုကြသည်။ ယိုးဒယားနိုင်ငံရှိ မူလပင်မဂိုဏ်း၏အမည်ကိုပူးတွဲ၍ 'ဓမ္မယုတ္တိနိကာယ မဟာရင်' ဂိုဏ်း ဟုခေါ်ဆိုကြသည်။

  • ဓမ္မ = တရားတော်ကို၊
  • ယုတ္တိ = အထောက်အထားပြုသော၊
  • နိကာယ = သံဃာအစုအဝေး။ သူ၍ဖြစ်သည်။
Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya