နဂရပဌမခရိုင်
နဂရပဌမခရိုင် (ထိုင်း: จังหวัดนครปฐม, Nakhon Pathom, ထိုင်းအသံထွက်: နခွန်ပထုမ်) သည် ထိုင်းနိုင်ငံအလယ်ပိုင်းရှိ ခရိုင်တစ်ခုဖြစ်သည်။ မြောက်ဘက်မှ နာရီလက်တံအတိုင်း လှည့်ကြည့်ပါက အိမ်နီးချင်းခရိုင်များမှာ စုဖန်းဘူရီ (Suphan Buri)၊ အယုဒ္ဓယ (Ayutthaya)၊ နွန်ထဘူရီ (Nonthaburi)၊ ဘန်ကောက် (Bangkok)၊ စမွတ်ဆခွန် (Samut Sakhon)၊ ရတ်ချဘူရီ (Ratchaburi) နှင့် ကန်ချနဘူရီ (Kanchanaburi) တို့ ဖြစ်ကြသည်။ နခွန်ပထုန်ခရိုင်၏ မြို့တော်မှာ နခွန်ပထုန်မြို့ ဖြစ်သည်။ နခွန်ပထုန်ခရိုင်သည် ထိုင်းနိုင်ငံတွင် ဗုဒ္ဓဘာသာ စတင်ရောက်ရှိခဲ့သည်ဟု အစဉ်အလာအရ ယုံကြည်ကြသော နေရာဖြစ်သည်။ [၅]ဤခရိုင်တွင် စတုရာမဘုရင် မကုဋ်က တည်ဆောက်ရန် အမိန့်ပေးခဲ့ပြီး ဘုရင် ပဉ္စမရာမ ချူလာလောင်ကွန်းက ၁၈၇၀ ပြည့်နှစ်တွင် ပြီးစီးအောင် တည်ဆောက်ခဲ့သော ပဌမစေတီတော်(Phra Pathommachedi) တည်ရှိသည်။ ဤစေတီတော်သည် တစ်ချိန်က ဤနေရာ၌ စည်ပင်ထွန်းကားခဲ့သည့် နှစ်ရှည်လများ ပျောက်ကွယ်သွားပြီဖြစ်သော ဒွါရာဝတီ (Dvaravati) ယဉ်ကျေးမှုကို အမှတ်ရစေသည်။ ထို့ပြင် ဤခရိုင်သည် သစ်သီးခြံပေါများခြင်းကြောင့်လည်း ထင်ရှားသည်။ ပထဝီဝင်နခွန်ပထုန်ခရိုင်သည် ဘန်ကောက်မြို့မှ ၅၆ ကီလိုမီတာ (၃၅ မိုင်) အကွာတွင် တည်ရှိသော ခရိုင်ငယ်တစ်ခုဖြစ်သည်။ ၎င်းသည် ထိုင်းနိုင်ငံအလယ်ပိုင်းရှိ မြစ်ဝှမ်းမြေပြန့်တွင် တည်ရှိပြီး၊ ကျောက်ဖယားမြစ်၏ မြစ်လက်တက်တစ်ခုဖြစ်သော ထားကျင်းမြစ် (Tha Chin River) (ဒေသခံများက နခွန်ချိုင်ဆီမြစ်ဟု ခေါ်သည်) ၏ ရေစီးဆင်းရာဒေသဖြစ်သည်။ စိုက်ပျိုးရေးအတွက် တူးဖော်ထားသော တူးမြောင်းများစွာလည်း ရှိသည်။ ခရိုင်၏ စုစုပေါင်း သစ်တောဧရိယာမှာ ၁.၆ စတုရန်းကီလိုမီတာ (၀.၆၂ စတုရန်းမိုင်) သို့မဟုတ် ခရိုင်ဧရိယာ၏ ၀.၈ ရာခိုင်နှုန်းသာ ရှိသည်။ ထိုင်းနိုင်ငံ၏ မြို့တော် ဘန်ကောက်သည် ကြီးထွားလာရာ နခွန်ပထုန်ခရိုင်၏ နယ်နိမိတ်အထိပင် ကျယ်ပြန့်လာခဲ့သည်။ အုပ်ချုပ်ရေးနယ်မြေ ပိုင်ခြားခြင်း![]() နခွန်ပထုမ်ခရိုင်ကို အမ်ဖေါ ခေါ် မြို့နယ် (၇) ခု ဖြင့် ဖွဲ့စည်းသည်။ ယင်းအမ်ဖေါများကို တမ်ဘွန်းခေါ် ကျေးရွာအုပ်စု ၁၀၆ ခုနှင့် မူးဘန် ခေါ် ကျေးရွာပေါင်း ၉၀၄ ဖြင့် ဖွဲ့စည်းသည်။
ကိုးကား
|
Portal di Ensiklopedia Dunia