ပရာချောပ်ခီရီခန်းပြည်နယ် Prachuap Khiri Khan ประจวบคีรีขันธ์ |
---|
ခရိုင် |
|
---|
|
 အလံတော် |  စည်းတံဆိပ် | |
နာမည်ပြောင်(များ): ပရာချောပ် Mueang Sam Ao (ပင်လယ်အော် သုံးခုရှိသော မြို့) |
 Map of Thailand highlighting Prachuap Khiri Khan province |
နိုင်ငံ | ထိုင်းနိုင်ငံ |
---|
ဒေသ | အနောက်ပိုင်း |
---|
မြို့တော် | ပရာချောပ်ခီရီခန်းမြို့ |
---|
အကြီးဆုံးမြို့ | Hua Hin |
---|
အစိုးရ |
---|
• ပြည်နယ်မှူး | Sathian Charoenrien (since October 2021) |
---|
ဧရိယာ[၁] |
---|
• စုစုပေါင်း | ၆,၃၆၈ စတုရန်းကီလိုမီတာ (၂၄၅၉ စတုရန်းမိုင်) |
---|
ဧရိယာအဆင့် | ၃၂ ခုမြောက် |
---|
လူဦးရေ (၂၀၁၈)[၂] |
---|
• စုစုပေါင်း | ၅၄၈,၈၁၅ |
---|
• အဆင့် | ၄၆ |
---|
• သိပ်သည်းမှု | ၈၆/km၂ (၂၂၀/sq mi) |
---|
• သိပ်သည်းမှု အဆင့် | ၅၅ |
---|
အချိန်ဇုန် | စံတော်ချိန် (UTC+7) |
---|
စာပို့သင်္ကေတ | 77xxx |
---|
ဖုန်းသင်္ကေတ | 032 |
---|
ISO 3166 ကုဒ် | TH-77 |
---|
ဝက်ဘ်ဆိုဒ် | prachuapkhirikhan.go.th |
---|
ပရာကျွတ်ဂိရိခန္ဓခရိုင် သို့မဟုတ် ပရာကျွတ်ခီရီခန်းခရိုင် (အင်္ဂလိပ်: Prachuap Khiri Khan, ထိုင်း: ประจวบคีรีขันธ์, ထိုင်းအသံထွက် - ပရာကျွတ်ခီရီခန်) သည် ထိုင်းနိုင်ငံ အနောက်ပိုင်းဒေသရှိ ခရိုင်တစ်ခု ဖြစ်သည်။ ဘန်ကောက်မြို့၏ တောင်ဖက်ခြမ်း ၂၄၀ ကီလိုမီတာ (၁၅၀ မိုင်) အကွာတွင် တည်ရှိပြီး မလေးကျွန်းဆွယ်၏ မြောက်ပိုင်း ဖြစ်သည်။ မြောက်ဖက်တွင် ဝဇိရပုရီ (ဖတ်ဘူရီ) ခရိုင်၊ တောင်ဖက်တွင် ချွန်ဖွန်ခရိုင်တို့ တည်ရှိသည်။ ခရိုင်၏ အနောက်ဖက်တွင် မြန်မာနိုင်ငံ၏ တနင်္သာရီတိုင်းဒေသကြီးနှင့် နယ်နမိတ် ထိစပ်နေသည်။
ခရိုင်နာမည် အဓိပ္ပါယ်
ประจวบ - prachuab (ခမာစကားလုံး) > ပြကျွတ် - တွေ့ဆုံသည်၊ တိုက်ဆိုင်သည်။
คีรี > giri (ပါဠိစကားလုံး) > ဂိရိ = တောင်။
ขันธ์ > khandha (ပါဠိစကားလုံး) > ခန္ဓ = အစု၊ အစုအပုံ၊ တရားအစု၊ ပခုံး၊ ပင်စည်။
ရာမ ၅ ဘုရင်က ကင်ပွန်းတပ်ခဲ့သည်။
အုပ်ချုပ်ရေး ဖွဲ့စည်းပုံ
ပရာကျွတ်ခီရီခန်းခရိုင်ကို အဖ်ဖေါ ခေါ် မြို့နယ် (၈) ခုဖြင့် ဖွဲ့စည်းထားသည်။ မြို့နယ်များကို ကျေးရွာအုပ်စု ၄၈ ခု ဖြင့် ပြန်လည် ဖွဲ့စည်းပြီး၊ ၃၈၈ ရွာ ရှိသည်။
မြို့နယ်များ
- မောင်းပရာကျွတ်ခီရီခန်းမြို့နယ်
- ကွီးဘူရီမြို့နယ်
- ထပ်ဆကဲမြို့နယ်
- ဘန်စဖန်မြို့နယ်
- ဘန်စဖန်နွိုင်မြို့နယ်
- ပရန်ဘူရီမြို့နယ်
- ဟွာဟင်မြို့နယ်
- ဆမ်ရွိုင်ယော့မြို့နယ်
ဒေသ
၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၂၆ ရက်နေ့အထိ စာရင်းများအရ ပရာကျွတ်ခီရီခန်ခရိုင်တွင်
- ခရိုင်အုပ်ချုပ်ရေးအဖွဲ့အစည်း (Provincial Administrative Organization - PAO) တစ်ခု (ongkan borihan suan changwat) ရှိပါသည်။
- မြို့ပြအုပ်ချုပ်ရေးနယ်မြေ (municipal areas) ၁၆ ခု ရှိပါသည်။ ၎င်းတို့အနက် ပရာကျွတ်ခီရီခန် (Prachuap Khiri Khan) နှင့် ဟွာဟင် (Hua Hin) မြို့တို့သည် မြို့ငယ်စည်ပင်အဆင့် မြို့ပြအုပ်ချုပ်ရေးနယ်မြေ (thesaban mueang) အဆင့်အတန်းရှိပြီး၊ ကျန် ၁၄ ခု မှာ ကျွေးရွာစည်ပင်အဆင့် မြို့ပြအုပ်ချုပ်ရေးနယ်မြေ (thesaban tambon) များ ဖြစ်ပါသည်။
- မြို့ပြအုပ်ချုပ်ရေးနယ်မြေမဟုတ်သော ဒေသများကို ကျေးရွာအုပ်စုအုပ်ချုပ်ရေးအဖွဲ့အစည်း (Subdistrict Administrative Organizations - SAO) ၄၄ ခု (ongkan borihan suan tambon) က အုပ်ချုပ်ပါသည်။
ကိုးကား
|
---|
|
မြောက်ပိုင်း | |
---|
အရှေ့မြောက်ပိုင်း | |
---|
အလယ်ပိုင်း | |
---|
အရှေ့ပိုင်း | |
---|
အနောက်ပိုင်း | |
---|
တောင်ပိုင်း | |
---|