ချင်းရိုင်ခရိုင်
ချင်းရိုင်ခရိုင်(จังหวัดเชียงราย, Changwat Chiang Rai) သည် ထိုင်းနိုင်ငံမြောက်ပိုင်းတွင် အစွန်ဆုံးတည်ရှိသော ကျန်ဝတ် (ခရိုင်) တစ်ခု ဖြစ်သည်။ ပထဝီဝင်အရ မြောက်ဘက်နှင့် အရှေ့ဘက်တွင် မြန်မာနိုင်ငံနှင့် လာအိုနိုင်ငံတို့နှင့် နယ်နိမိတ်ချင်း ထိစပ်နေပြီး၊ တောင်ဘက်တွင် ဖယောင်ခရိုင်နှင့် လမ်ပန်ခရိုင်၊ အနောက်ဘက်တွင် ချင်းမိုင်ခရိုင်တို့ဖြင့် ဝန်းရံလျက်ရှိသည်။ ချင်းရိုင်ခရိုင်ကို အမ်ဖေါ (မြို့နယ်) ၁၈ ခုဖြင့် အုပ်ချုပ်ရေးအရ ပိုင်းခြားထားသည်။ သမိုင်းချင်းရိုင်ခရိုင်သည် ရှေးယခင်ကတည်းက ယွန်း (ရှမ်းမျိုးနွယ်စု) လူမျိုး တို့၏ မူရင်းဒေသဖြစ်သည်။ သမိုင်းတွင် အရေးပါသောမြို့များဖြစ်သည့် ဟိရန်နခွန် ငွန်ယန် ချင်းဆဲန် (Hirannakhon Ngoenyang Chiang Saen) နှင့် ဇင်းမယ်ပြည် ခေါ် လန်နားတိုင်းပြည် (Lanna Kingdom) တည်ထောင်စ ကာလများကတည်းကပင် အရေးပါခဲ့သည်။ ကော့မြစ်၊ မဲနမ့်အင်၊ မဲနမ့်ရွက်နှင့် မဲခေါင်မြစ်တို့သည် အရေးပါသော မြစ်များဖြစ်သည်။ နိုင်ငံသုံးနိုင်ငံဖြစ်သည့် ထိုင်း၊ မြန်မာ၊ လာအိုတို့၏ နယ်စပ်ဆုံမှတ်တွင် တည်ရှိသောကြောင့် ရွှေတြိဂံနယ်မြေ ဟု လူသိများပြီး၊ ယခင်က ကမ္ဘာပေါ်တွင် အရေးပါသော ဘိန်းထုတ်လုပ်ရာနှင့် သယ်ယူပို့ဆောင်ရာနေရာတစ်ခု ဖြစ်ခဲ့သည်။ လက်ရှိတွင် ချင်းရိုင်ခရိုင် သည် ထိုင်းနိုင်ငံ၏ အရေးပါသော ခရီးသွားလာရေးနေရာတစ်ခု ဖြစ်လာခဲ့သည်။ ၂၀၁၈ ခုနှစ်တွင် ချင်းမိုင်ခရိုင်ပြီးလျှင် မြောက်ပိုင်းဒေသတွင် ဒုတိယအများဆုံး ခရီးသွားဧည့်သည် ၃.၆ သန်းခန့် လာရောက်ခဲ့ပြီး၊ နိုင်ငံခြားသား ၆၂၀,၀၀၀ ခန့် ပါဝင်သည်။ ခရီးသွားလုပ်ငန်းမှ ဘတ်ငွေ ၂၈,၅၀၀ သန်းခန့် ဝင်ငွေရရှိခဲ့သည်။ မယ်ဖာလောင် (Mae Fah Luang) အပြည်ပြည်ဆိုင်ရာလေဆိပ် သည် ချင်းရိုင်ခရိုင်၏ လေဆိပ်ဖြစ်သည်။ စီးပွားရေးအရ အဓိကအားဖြင့် စိုက်ပျိုးရေး၊ သစ်တောရေးနှင့် ငါးဖမ်းလုပ်ငန်းတို့အပေါ် မူတည်ပြီး စုစုပေါင်း ဘတ်ငွေ ၃၂,၅၀၀ သန်းကျော် ရရှိသည်။ ကိုးကား
|
Portal di Ensiklopedia Dunia