နရသီဟပတေ့

နရသီဟပတေ့
ဘုရင်
နန်းသက်၆ မေ ၁၂၅၆ – ၁ ဇူလိုင် ၁၂၈၇
နန်းတက်ချိန်နိုဝင်ဘာ ၁၂၅၆[]
ရှေ့မင်းဆက်ဥဇနာ
ဆက်ခံသူကျော်စွာ
ဝန်ကြီးချုပ်ရာဇသင်္ကြံ (၁၂၅၆–၅၇၊ ၁၂၅၈–၆၀)
အနန္တပစ္စည်း (c. ၁၂၇၁–၈၇)
မွေးဖွား၂၃ ဧပြီ ၁၂၃၈
မြန်မာသက္ကရာဇ် ၆၀၀၊ ကဆုန်လဆန်း ၉ ရက်၊ သောကြာ
ပုဂံ
ကွယ်လွန်၁ ဇူလိုင် ၁၂၈၇ (အသက် ၄၉)
မြန်မာသက္ကရာဇ် ၆၄၉၊ ဝါဆို လဆုတ် ၅ ရက်၊ အင်္ဂါ
ပြည်
ကြင်ရာတော်ရတနာပုံ (၁၂၅၆–၆၂)
စောလှဝန်း[][]
စောနန်း
ရှင်ဘား
ရှင်မောက်
ရှင်ရွှေ
စောလုံ
သားသမီးများရာဇသူ
ဥဇနာ[]
ဖွားစောရှင်
သီဟသူ
ကျော်စွာ
မိစောဦး
စည်သူ
တော်ဝင်ဘွဲ့အမည်
ၐြီတြိဘုဝနာ ဒိတျပဝရ ဓမ္မရာဇ
စံအိမ်ပုဂံ
ခမည်းတော်ဥဇနာ
မယ်တော်စုလဲ့ထုံး
ကိုးကွယ်မှုထေရဝါဒ ဗုဒ္ဓဘာသာ

နရသီဟပတေ့မှာ ပုဂံမင်းဆက်များတွင် နောက်ဆုံးမင်းအဖြစ် ထင်ရှားသည်။ ထိုမင်းလက်ထက်တွင် ပုဂံပြည်သို့ ကုဗလိုင်ခန်၏ မွန်ဂိုတပ်များ ကျူးကျော်ဝင်ရောက်သဖြင့် နှစ်ပေါင်း (၂၅ဝ) ဝန်းကျင် သက်တမ်းရှိခဲ့သော ပုဂံအင်ပါယာ ပြိုကွဲခဲ့သည်။

မျိုးရိုးနှင့် ထီးနန်းဆက်ခံခြင်း

မြန်မာ့သမိုင်းတွင် တရုတ်ပြေးမင်းဟုလည်းကောင်း၊ မင်းခွေးချေးဟုလည်းကောင်း သိမှတ်ထားကြသည့် ဘုရင်တစ်ပါးဖြစ်သည့် နရသီဟပတေ့မင်းကို ဥဇနာမင်းနှင့် မိဖုရားစုလည်းထုံးတို့မှ ၂၃ ဧပြီ၊ ၁၂၈၃ တွင်ဖွားမြင်ကာ ပုဂံထီးနန်းကို အေဒီ (၁၂၅၆-၁၂၈၇) ကာလအတွင်း စိုးစံသွားခဲ့သည်။ နရသီဟပတေ့မင်းသည် အဖိုးဖြစ်သူ ပန်းပွတ်သည်ကြီးအားရည်စူးလျက် ပန်းပွတ်ပုထိုးတော်ကြီးတည်ထားခဲ့ရာမှ ပန်းပွတ်ပုထိုးတော် ဒါယကာဟုလည်း အမည်တွင်ခဲ့သည်။ အများက မင်းခွေးချေးဟု ဆိုကြသော်လည်း အမည်မှန်မှာ မင်းခွေဖြစ်သည်။ ငယ်စဉ်က ချေဆတ်တတ်သောရောဂါရှိသဖြင့် အိပ်ယာထဲတွင် အမြဲခွေနေသောကြောင့် မင်းခွေဟုတွင်ကြောင်း အဆိုရှိသည်။ တရုတ်ပြေးမင်း၏ အမှားတော်ပုံ ပေမူတွင်လည်း မင်းခွေနမဿ ရာဇကုမာရဿ" ဟု သုံးနှုန်းထားရာ "မင်းခွေးချေး" မဟုတ် မင်းခွေ" သာ အမှန်ဟု ဆိုသည်။[] တရုတ်ပြေးမင်းဟု အမည်တွင်ခြင်းမှာ ပုဂံကို မွန်ဂိုတရုတ်တပ်များ လာရောက်ဝန်းရံစဉ် ပြည်မြို့ အနောက်ဘက် လှည်းကျသို့ ထွက်ပြေးတိမ်းရှောင်ခဲ့သောကြောင့် ဖြစ်သည်။ ယင်းအမည်ဖြင့် ပထမဆုံးသုံးနှုန်းမှတ်တမ်းတင်သော ကျောက်စာမှာ အေဒီ ၁၃၄၂ ခုနှစ်ထိုး ချောင်းဦး သမန်ဇတာကျောက်စာ ဖြစ်၍ ကျောက်စာ ကြောင်းရေ (၁၃) တွင် "တရုတ်ပြေးမင်းကြီး" ဟုရေးထိုးထားသည်။ ခေတ်သစ် သမိုင်းဆရာများကမူ နရသီဟပတေ့မင်းကို စည်သူ-၄ ဟုလည်း ခေါ်ဝေါ်ကြသည်။ ယင်းသို့ခေါ်ဝေါ်ခြင်းမှာ နရသီဟပတေ့မင်းသည် စည်သူဘွဲ့ ခံယူသော ပုဂံမင်းများတွင် လေးပါးမြောက်ဖြစ်သောကြောင့် ဖြစ်သည်။ ကျောက်စာများအရ ထိုမင်း၏ ဘွဲ့ ကို ဥစ္စနာဟုလည်း သုံးနှုန်းကြောင်း သိရသည်။[]

ဥဇနာမင်းလွန်လျှင် နန်းလျာဖြစ်သော သီဟသူမင်းသားနန်းတက်မည်ရှိသည်တွင် ရာဇသင်္ကြံအမတ်ကြီးသည် ဥဇနာမင်းထံ ခစားစဉ်အခါ လက်ဖျင်သိမ်းရာတွင် သီဟသူမင်းသားကို ခတ်မိသဖြင့် မင်းသားက မိမိ ဖျင်လက်ပေါ် ကွမ်းဖတ်နှင့်ထွေးသည်ကိုပြ၍ "ဤမင်းသားသည် မင်းမဖြစ်မီကပင် အမတ်ကြီးတို့ကို မျက်နှာဖျက်ဘိ၏၊ မင်းဖြစ်သော် ငါတို့နေရာမရှိပြီ" ဟုဆိုကာ သိမ်းထားသော ကွမ်းဖတ်ကိုပြ၍ အခြားအမှူးအမတ်တို့ကို စည်းရုံးကာ သီဟသူမင်းသားကို ဖမ်းဆီး၍ ညီတော်ဖြစ်သော နရသီဟပတေ့ကိုနန်းတင်ခဲ့ခြင်းဖြစ်သည်။ နရသီဟပတေ့မင်းသည် ၁၂၅၆-ခုနှစ်၊ မတ်လ(၆)ရက်နေ့တွင် ခမည်းတော်၏ ကိုယ်လုပ်တော်ကြီး ဆိတ်ထိန်းကမ်းဖြူသူ မိဖုရားစောနှင့် ဘိသိက်သွန်း၍ သီရိတြိဘုဝနာဒိတျာ ပဝရဓမ္မရာဇာဘွဲ့ခံယူကာ ပုဂံထီးနန်းကို စိုးစံခဲ့သည်။[]

ရာဇဝင်ကျမ်းများအရ ပုဂံမင်းဆက်များတွင် သုံးကြိမ်မင်းဖြစ်သော ဘုရင်သုံးဦးတွင် နရသီဟပတေ့မင်းသည် တစ်ဦးအပါအဝင်ဖြစ်သည်။ ထိုမင်းသည် ပုဂံတွင် စလေငခွေး တစ်ကြိမ်၊ ကုလားကျမင်း တစ်ကြိမ်၊ နရသီဟပတေ့တစ်ကြိမ် သုံးကြိမ် မင်းဖြစ်ကြောင်း ဆိုထားသည်။ ထိုသို့ မင်းဖြစ်ခြင်းမှာ မြတ်စွာဘုရားရှင် တန့်ကြည်တောင်ထက်ကြွတော်မူစဉ် အင်ဖက်သုံးချပ်ကို ထီးအသွင်ပြု၍ နေကာခဲ့သောကုသိုလ်ကံကြောင့်ဟု ဖော်ပြထားသည်။[]

မိဖုရားများ

နရသီဟပတေ့မင်းသည် ပုဂံထီးနန်းကို ရသောအခါ မိဘုရားခေါင်ကြီး နတ်ရွာစံပြီးနောက် ခမည်းတော်၏ မိဖုရားတစ်ပါးဖြစ်သော ဖွားစောမိဖုရားကိုပင် ၁၂၆၂-ခုနှစ်တွင် မိဖုရားခေါင်ကြီးအဖြစ် တင်မြှောက်ခဲ့သည်၊ ၎င်း၏ အခြားမိဖုရားများမှာ ဖွားစောအစ်မတော်၏ သမီး စောနန်း၊ ဟူးရားဖြူသမီး စောလုံ၊ မိဖုရားငယ် ရှစ်ပါး၊ ရှင်မောက်ရှင်ရွှေတို့ ဖြစ်ကြသည်။

နရသီဟပတေ့မင်း၏ မိဖုရားများအနက် မိဖုရားဖွားစောမှာ စောလှဝန်းဖွားစောဟု ကျော်ကြားသူဖြစ်သည်။ ပုဂံရာဇဝင်တွင် ထင်ရှားသော ဖွားစောသုံးဦးအနက် ဒုတိယဖွားစောဖြစ်၍ ကျစွာမင်းနှင် စောမင်းလှတို့၏ မြေးဖြစ်သည်။ []

နန်းစံကာလဖြစ်ရပ်များ

နာမည်ကောင်းရသော မင်းတစ်ပါး မဟုတ်ချေ။ မင်းဆိုးမင်းညစ် အဖြစ်သာ ကျော်စောခဲ့သည်။ စိတ်ကြမ်းကိုယ်ကြမ်း ရှိသူဖြစ်၍ ဘီလူးဘဝက လာသည်ဟု ဟူးရားဆရာတို့က ဆိုကြသည်။ အမျက်ဒေါသ လွန်ကဲပြီး သတ်ဖြတ်ကွပ်မျက်စီရင်မှုများ များစွာပြုခဲ့သူလည်းဖြစ်သည်။ အစားကြူးသူအဖြစ်လည်းထင်ရှားသည်။ ဟင်းခွက် ၃၀ဝ ဖြင့်ပွဲတော်တည်လေ့ရှိကြောင်းဆိုကြသည်။

မွန်ဂိုတပ်များ မြန်မာနိုင်ငံသို့ ချီလာချိန်တွင် ငဆောင်ချမ်းအရပ်မှ ခုခံတိုက်ခိုက်စေသည်။ မွန်ဂိုတပ်များ ပုဂံသို့ဆက်လက်ချီတက်လာသောအခါ သားတော်ကြီးရှိရာ ပုသိမ်သို့ တိမ်းရှောင်သည်။ မွန်ဂိုတို့ ပုဂံမှ တပ်ဆုတ်ကြောင်းကြားလျှင် ပုဂံသို့ ပြန်သည်။ လမ်းခရီးဖြစ်သည့် ပြည်မြို့တွင်ငယ်စဉ်အခါက ဝက်လက်ခိုးမသားဟု ကျီစား အခေါ်ပြုခံရဖူးသည်ကို မကျေနပ်သော သားတော်ပြည်စားသီဟသူ က နန်းလုသဖြင့် အဆိပ်ပါသော ပွဲတော်ကို မလွန်ဆန်နိုင်ပဲ တည်ခင်းရပြီး နတ်ရွာစံ ကံတော်ကုန်ရသည်။

ကိုးကား

  1. သန်းထွန်း (၁၉၆၄): စာ ၁၃၅
  2. Pe Maung Tin and Luce (1960): 158–179
  3. ၃.၀ ၃.၁ မှန်နန်း အတွဲ ၁၊ ၂၀၀၃၊ စာ ၃၅၈
  4. တင်နိုင်တိုး၊ ပုဂံမင်းဆက်ရာဇဝင်သစ် (ပထမအကြိမ်)။ ရန်ကုန်၊ သလ္လာ၀တီစာပေ၊ ၂၀၀၄။
  5. သန်းထွန်း၊ ခေတ်ဟောင်းမြန်မာရာဇဝင် (ရန်ကုန်၊ မြန်မာရာဇဝင်ဌာန၊ ၁၉၆၉)၊ ၁၃၅။
  6. ထွန်းညို၊ တွင်းသင်းတိုက်ဝန်မဟာစည်သူဦး။ တွင်းသင်းမြန်မာရာဇဝင်သစ်၊ (ပ-တွဲ)။ ရန်ကုန်၊ ရာပြည့်စာအုပ်တိုက်၊ [n.d]။
  7. မဟာရာဇဝင်-ပ၊ ၂၃၆။
  8. တင်နိုင်တိုး၊ ပုဂံမင်းဆက်ရာဇဝင်သစ်၊ ၂၀၄-၂၀၅။
Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya