ပုပ္ပါး စောရဟန်း

ပုပ္ပါးစောရဟန်း
ပုဂံမင်းဆက်
နန်းသက်၆၁၃–၆၄၀
ရှေ့မင်းဆက်ထွန်ချစ်မင်း
ဆက်ခံသူရွှေအုန်းသီးမင်း
ကွယ်လွန်၆၄၀
ပုဂံ
အမည် အပြည့်အစုံ
ပေါက္ကံပြည့်ရှင် ဆရာသင်္ဃရာဇ်
စံအိမ်ပုဂံ
ကိုးကွယ်မှုအရိယဗုဒ္ဓဘာသာ

ပုပ္ပါးစောရဟန်း (? - ၆၄၀) သည် တတိယပုဂံခေတ်တွင် စိုးစံသော မင်းတပါးဖြစ်သည်။

နန်းစံကာလ (၅၃၅ - ၆၄၀)

ထွန်ချစ်မင်း လွန်သည်နောက် မိဖုရားသည် ပုပ္ပါးမှ သင်္ဃရာဇာကို မင်းပြုစေသည်။ ပုပ္ပါး စောရဟန်းမင်း တွင်၏။ []

သက္ကရာဇ်ဖြိုခြင်း

ကောဇာ သက္ကရာဇ် ၅၆၂ ခုသို့ ရောက်သောအခါ ခဆပဉ္ဇကိန်း ခေါ် နှစ်တိုသက္ကရာဇ် ဖြိုကိန်းနှင့် ကြုံကြိုက်သည်နှင့် ၅၆၂ ခုမှ ခ ဆ ပဉ္ဇကိန်း ၅၆၀ ခု ဖြိုပြီးကျန်သော ၂ ခုကို ပေါက္ကံသက္ကရာဇ် အဖြစ် ယနေ့ထိ အဖြိုမရှိတော့ဘဲ ဆက်လက်သုံးစွဲခဲ့သည်။ ထိုသုံးစွဲခဲ့သော ပေါက္ကံသက္ကရာဇ်များသည် ယခုအခါ မြန်မာ ကောဇာသက္ကရာဇ် (ဂေါဇာသက္ကရာဇ်) ဟုခေါ်သည်။

ပုဂံရာဇဝင်တွင် စောရဟန်းမင်း နှစ်ပါးရှိသည်။ ပုပ္ပားစောရဟန်းမင်းကို သက္ကရာဇ်ဖြို စောရဟန်းမင်းဟု ခေါ်၍ တောင်သူကြီးမင်းကို ညောင်ဦး စောရဟန်း ဟု ခွဲခြားသတ်မှတ်သည်။ []

ဘဝနိဂုံး

သက္ကရာဇ်ဖြိုသည့် ၆၄၀ ပြည့်တွင်ပင် လွန်သည်။

မှတ်ချက်

သက္ကရာဇ်များကို ဦးကုလားရေးသော ရာဇဝင်ချုပ်စာအုပ်မှ အချက်အလက်ယူရေးသည်။

ကိုးကား

  1. အရိယဝံသ၊ အာဒိစ္စရံသီ မုံရွေးဇေတဝန် ဆရာတော်ဘုရားကြီး ရေးသားစီရင်တော်မူအပ်သော စေတိယကထာ မည်သော ရာဇဝင်ချုပ် (၂၀၀၃) သီတဂူကမ္ဘာ့ဗုဒ္ဓသက္ကသိုလ် သုတေသနနှင့် ကျမ်းပြုဌာနက စီစဉ်ပုံနှိပ်ထုတ်ဝေသည်။
  2. ပညာအလင်းပြ ရုံးသုံး၊ ကျောင်းသုံး အင်္ဂလိပ်မြန်မာ နှစ်တစ်ရာပြက္ခဒိန် စာအုပ်
Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya