နိက္ကဍ္ဎနသိက္ခာပဒ
အမှု—ကျောင်းကိုပေးပြီးမှ စိတ်ဆိုး၍ နှင်ထုတ်မှု။ အမှုသည်—ထုလ္လနန္ဒာ။ [၁] ထုလ္လနန္ဒာနှင့် အရှင်မဘဒ္ဒါဘဒ္ဒါကာပိလာနီမည်သော အရှင်မသည် သာကေတမြို့၌ ဝါဆိုနေစဉ် တစ်စုံတစ်ခု အနှောင့်အယှက် ရှိသောကြောင့် သာဝတ္ထိသို့ ပြန်လာလို၍ ထုလ္လနန္ဒာထံ “နေစရာကျောင်း ပေးလို့ရှိလျှင် သာဝတ္ထိသို့ ပြန်လာလိုကြောင်း” တမန်စေလွှတ်လိုက်ရာ ထုလ္လနန္ဒာကလည်း “လာခဲ့ပါ, ပေးပါမည်” ဟု စကားပြန်လိုက်သဖြင့် သာဝတ္ထိသို့ ပြန်လာလေသည်။ ထို ၂-ဦးလုံးပင် တရားအရာ၌ များစွာတတ်သိ၍ တရားဟော ကောင်းသူချည်းဖြစ်၍ အရှင်မဘဒ္ဒါလာမူ အထက်တန်းစားဟု အများ ချီးမွမ်းခံရသူ ဖြစ်သောကြောင့် ဘိက္ခုနီကျောင်းသို့ ရောက်လာသူတို့သည် အရှင်မဘဒ္ဒါထံ ပထမဝင်ပြီးမှ ထုလ္လနန္ဒာထံသို့ သွားကြကုန်၏။ ထုလ္လနန္ဒာသည် ကိုယ့်ထက်သာသော အရှင်မဘဒ္ဒါကို မနာလိုသော (ဣဿာ)ကြောင့် သူပေးထားသော ကျောင်းမှ နှင်ထုတ်လေရာ, အခြား ဘိက္ခုနီတို့က ထုလ္လနန္ဒာကို ကဲ့ရဲ့ကြသောကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။ သိက္ခာပုဒ်ယာ ပန ဘိက္ခုနီ ဘိက္ခုနိယာ ဥပဿယံ ဒတွာ ကုပိတာ အနတ္တမနာ နိက္ကဍ္ဎေယျ ဝါ နိက္ကဍ္ဎာပေယျ ဝါ, ပါစိတ္တိယံ။ မြန်မာပြန်ဘိက္ခုနီတို့အား ကျောင်းကို ပေးပြီးနောက် စိတ်ဆိုး၍ မနှစ်သက်၍ ထိုကျောင်းမှ ကိုယ်တိုင်ဖြစ်စေ ခိုင်း၍ဖြစ်စေ နှင်ထုတ်သော ဘိက္ခုနီမှာ ပါစိတ်အာပတ်သင့်၏။ ကိုးကား
|
Portal di Ensiklopedia Dunia