နိဝေသဓမ္မပဝတ္တိကျောင်းတော်
နိဝေသဓမ္မပဝတ္တိကျောင်းတော် (မြန်မာ: နိဝေသဓမ္မပဝတ္တိ ရာဇဝရဝိဟာရ; ပါဠိ: Nivesadhammapavatti Rājavaravihāra) သည် ထိုင်းနိုင်ငံရှိ ဗုဒ္ဓကျောင်းတော်တစ်ခု ဖြစ်သည်။ ထိုင်းနိုင်ငံ၏ Phra Si Ayutthaya ဒေသရှိ Bang Pa-In တော်ဝင်နန်းတော်၏ မြေနေရာတွင် အတူတကွ တည်ရှိသည်။ ၁၈၇၈ ခုနှစ်တွင် တည်ထောင်ခဲ့သည်။ ထိုင်းနိုင်ငံရှိ ဗုဒ္ဓကျောင်းတော်များထဲတွင် ၎င်း၏ ဗိသုကာလက်ရာတို့သည် အမှတ်ရဖွယ် ကောင်းသည်။ ဥရောပရှိ ခရစ်ယာန်ဘုရားကျောင်းများပုံစံ တည်ဆောက်ထားသည်။ Gothic Revival ၏ ပုံစံကို ယူကာ တည်ဆောက်ထားခြင်း ဖြစ်သည်။ တည်နေရာနှင့် အခြေအနေများကျောင်းတော်သည် တော်ဝင်ကျောင်းတော်တစ်ခု ဖြစ်၏။ ပထမအဆင့်ရှိသည်။ "ရာဇဝရဝိဟာရ" (rājavaravihāra) အမျိုးအစား ဖြစ်သည်။ နှစ်စဉ်ကထိန်အလှူဒါနလက်ခံရရှိသည့် ကျောင်းတော် (၁၆) ခုထဲမှ တစ်ခု ဖြစ်သည်။ ၎င်းကို သမိုင်းဝင်အဆောက်အအုံ အဖြစ် စာရင်းသွင်းခဲ့ရာ ၁၉၈၉ ခုနှစ်တွင် ASA Architectural Conservation ဆုကို ရရှိခဲ့သည်။ ကျောင်းတော်သည် Chao Phraya မြစ်၏ ကျွန်းတစ်ခုတွင် တည်ရှိသည်။ ဆက်သွားပါကက Bang Pa-in တော်ဝင်နန်းတော်ရှိသည်။ Ban Len ဒေသခွဲ၊ Bang Pa-in ဒေသ၊ အယုဒ္ဓယစီရင်စုနယ်မြေတွင် တည်ရှိသည်။ ကျောင်းတော်သို့ ယခုအခါ နန်းတော်မှတစ်ဆင့် ကေဘယ်ကားဖြင့် သွားရောက်နိုင်ပြီ ဖြစ်သည်။ ကိုးကား |
Portal di Ensiklopedia Dunia