အရုဏ်ကျောင်းတော်

Wat Arun Ratchawararam
Temple of Dawn
၂၀၁၇ ခုနှစ်၊ ပြင်ဆင်မွမ်းမံပြီးနောက် အရုဏ်ကျောင်းတော်ကို ညအချိန်တွေ့မြင်ရပုံ
အရုဏ်ကျောင်းတော် သည် ဘန်ကောက်မြို့ တွင် တည်ရှိသည်
အရုဏ်ကျောင်းတော်
ဘန်ကောက်မြို့ရှိ တည်နေရာ
အချက်အလက်များ
ကိုဩဒိနိတ်13°44′37″N 100°29′20″E / 13.74361°N 100.48889°E / 13.74361; 100.48889ကိုဩဒိနိတ်: 13°44′37″N 100°29′20″E / 13.74361°N 100.48889°E / 13.74361; 100.48889
ဘာသာရေး နှီးနွယ်မှုထေရဝါဒ ဗုဒ္ဓဘာသာ
နိုင်ငံThailand
ဝက်ဘ်ဆိုဒ်watarun.org
ဗိသုကာ
ပြီးစီး၁၆၅၆ခုနှစ် မတိုင်မီက

အရုဏ်ကျောင်းတော် (မြန်မာ: အရုဏရာဇဝရာရာမ ရာဇဝရမဟာဝိဟာရ, ပါဠိ: Aruṇarājavarārāma Rājavaramahāvihāra) သည် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၏ ဘန်ကောက်ယယ်အရပ်တွင် ရှိသည်။ ကျောက်ဖယားမြစ်၏ အနောက်ဘက်ကမ်းရှိ သွန်ဘူရီ တွင် တည်ရှိသည်။ ကျောင်းတော်၏ အမည်သည် ဟိန္ဒူနတ်ဘုရား Aruna (အရုဏ) မှ ဆင်းသက်ဖြစ်ပေါ်လာသည်။[] တက်နေ၏ အလင်းဖြာခြင်းဟု ခိုင်းနှိုင်းတင်စားသည့် စကားလုံး ဖြစ်သည်။ အရုဏ်ကျောင်းတော်သည် ထိုင်းနိုင်ငံ၏ အထင်ကရနေရာများတွင် အထူးကျော်ကြားသည်။ မနက်ခင်း၏ လင်းရောင်ခြည်တို့သည် ကျောင်းတော်၏ မျက်နှာပြင်များကို အလင်းပြန်ကြသည်။[] ကျောင်းတော်သည် အနည်းဆုံး (၁၇) ရာစုကာလကတည်းကတည်ရှိခဲ့သော်လည်း ကျောင်းတော်၏ ခေါင်သည် (၁၉) ရာစုအစောပိုင်းကာလ ရာမဘုရင် (၂) လက်ထက်တွင် တည်ဆောက်ခဲ့သည်။

ခရီးသွားခြင်း

ကျောက်ဖယား မြစ်မှ ကျောင်းတော်သို့ အလွယ်တကူ သွားရောက်နိုင်သည်။ ဖယ်ရီရေယာဉ်တို့ဖြင့် မြစ်ကို ဖြတ်သန်း၍ မဟာရဂျ်ဆိပ်ကမ်း (Maharaj) သို့ သွားနိုင်သည်။ နိုင်ငံခြားမှလာရောက်သူများအတွက် ကျောင်းတော်သို့ ဝင်ကြေးသည် ၁၀၀ ဘတ် ကျသင့်သည် (၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလက ကျသင့်ငွေ ဖြစ်သည်)။

ရုပ်ပုံများ

ကိုးကား

  1. Angova၊ Aneta။ Wat Arun - The Temple of Dawn။ watarun.net။ 22 February 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 11 December 2017 တွင် ပြန်စစ်ပြီး။
  2. Liedtke 2011, p. 57
Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya