သုဒသနကျောင်းတော်
သုဒသနကျောင်းတော် (မြန်မာ: သုဒသနဒေဝဝရာရာမ ရာဇဝရမဟာဝိဟာရ; ပါဠိ: Sudasana Devavarārāma Rājavaramahāvihāra) သည် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် တည်ရှိသည့် ဗုဒ္ဓကျောင်းတော်တစ်ခု ဖြစ်၏။ ပထမအဆင့်ရှိ တော်ဝင်ကျောင်းတော်တစ်ခု ဖြစ်သည်။ ဘန်ကောက်မြို့တွင် ထိုကဲ့သို့တည်ရှိသည့် ကျောင်းတော်ဆယ်ခုထဲမှ တစ်ခုလည်း ဖြစ်သည်။ ရာမဘုရင် (၁) သည် ၂၃၅၀ ဘီစီ (၁၈၀၇ စီအီး) တွင် ကျောင်းတော်တည်ဆောက်မှုကို စတင်ခဲ့သည်။ အခြားသော တည်ဆောက်ခြင်း၊ ပြင်ဆင်မွမ်းမံခြင်းတို့ကို ရာမဘုရင် (၂) က ဆက်လက်လုပ်ဆောင်ခဲ့သည်။ လုပ်ဆောင်ခဲ့ရာတွင် ရာမဘုရင် (၂) သည် သစ်သားတံခါးကို ထွင်းခဲ့သည်။ သို့သော် ကျောင်းတော်သည် ရာမဘုရင် (၃) ၂၃၉၀ ဘီစီ (၁၈၄၇/၄၈ စီအီး) တိုင်အောင် ပြီးစီခြင်း မရှိသေးပေ။ ကျောင်းတော်တွင် ဖရာစရီစကြာမုနိရုပ်ပွားတော် (Phra Sri) တည်ရှိသည်။ ထိုရုပ်ပွားတော်သည် ဆူခိုထိုင်းဒေသ (Sukhothai) ဒေသမှ ရွေ့ပြောင်းသယ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ အောက်ခြေ၏ ကြည့်စင်အောက်ဆုံးတွင် တရုတ်နိုင်ငံမှ နှစ်ကျိပ်ရှစ်ဆူဘုရားများ တည်ရှိသည်။ ထို့ပြင် ကျောင်းတော်၏ ဆာလာကန်ပါရီယန်ခန်းမ (Sala Kan Parian) တွင် Phra Buddha Trilokachet နှင့် Phra Buddha Setthamuni ရုပ်ပွားတော်များလည်း ရှိသည်။ ![]() ၂၀၀၅ စီအီးတွင် ကျောင်တော်ကို ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်အဖြစ် နောင်အနာဂတ်တွင် ထည့်သွင်းစဉ်းစားပေးရန် ယူနက်စကိုက လက်ခံခဲ့သည်။ ရုပ်ပုံများ
ကိုးကား |
Portal di Ensiklopedia Dunia