၂၀၁၃ အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား
၂၀၁၃ အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်နေ့ ညနေ ၆ နာရီအချိန်တွင် ဝဏ္ဏသိဒ္ဓိ အားကစားကွင်းအတွင်းတွင် ကျင်းပခဲ့သည်။[၁][၂] ဧည့်သည်တော်များပြည်တွင်း
ပြည်ပ
ပွဲအတွင်းပါဝင်သူများအခမ်းအနားမှူး
အစီအစဉ်တင်ဆက်သူ
အနုပညာရှင်များ30em
အခမ်းအနားအစီအစဉ်များအခမ်းအနားကို အစီအစဉ် (၁၄)ခုဖြင့် တင်ဆက်ခဲ့သည်။ ပထမပိုင်း
ဒုတိယပိုင်း
ဖွင့်ပွဲအခမ်းအနား၂၀၁၃ အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားမစတင်မီ ညနေ၅နာရီအချိန်ခန့်က အစီအစဉ်တင်ဆက်သူများဖြစ်ကြသည့် ကိုဆွေဟိန်းနှင့် မစုယမင်းတို့က ပဋိသန္တာရစကားဖြင့် ဧည့်ခံဖျော်ဖြေကြသည်။ ထို့နောက်အနုပညာရှင်များ၏ တေးသံသာအစီအစဉ်ဖြင့် တင်ဆက်ခဲ့သည်။
ထို့နောက် ညနေ၆နာရီခန့်အချိန်တွင် ပဏာမအစီအစဉ်ပြီးဆုံး၍ ပထမပိုင်းအစီအစဉ်ကို အခမ်းအနားမှူးများအဖြစ် ကိုဇော်မျိုးဦးနှင့် မချောစုစုကြည်တို့က ဆောင်ရွက်ခဲ့သည်။ ညနေ၆နာရီတွင် သမ္မတကြီးဦးသိန်းစိန်နှင့် ဇနီးဒေါ်ခင်ခင်ဝင်းတို့ ရောက်ရှိလာသည်။ ထိုအချိန်တွင် စည်တော်ကြီးနှင့်အတူ မီးရှုးမီးပန်းများဖြင့် ပစ်ဖောက်ကြိုဆိုခဲ့သည်။ ထို့နောက်အခမ်းအနားအစီအစဉ်များကို ကြေညာခဲ့သည်။ ထို့နောက် ပထမဆုံးအစီအစဉ်ဖြစ်သည့် အမှတ်စဉ်ရေတွက်၍ အခမ်းအနားကို စတင်ခဲ့သည်။ ကျောင်းသား ၁၅၀၀ ၏ မီးပွင့်များဖြင့် အမှတ်စဉ် ၁၀ မှ ၁ အထိ ရေတွက်ခဲ့သည်။ ထို့နောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ အထိမ်းအမှတ်တံဆိပ်နှင့် "မြန်မာ"စာတန်းကို မီးရှုးတိုင်များဖြင့် ပုံဖော်ခဲ့သည်။ ထိုစဉ် ကွင်းအပေါ်မှ မီးရှုးမီးပန်းများ ပစ်ဖောက်ခဲ့သည်။ အစီအစဉ် ၂ အဖြစ် စောင်းတော်သိင်္ခါဆိုင်းမင်္ဂလာအစီအစဉ်ကို တင်ဆက်ခဲ့သည်။ မြန်မာတို့၏ ထီးသုံးနန်းသုံးတော်ဝင်တူရိယာများဖြစ်ကြသည့် ပတ္တလား၊ စောင်း၊ ဆိုင်းတို့ဖြင့် သာယာနာပျော်ဖွယ် တီးခတ်ထားသော အစီအစဉ်ဖြစ်သည်။ ဤအစီအစဉ်တွင် ဆိုင်းဝိုင်း ၅ ခု၊စောင်း ၁၄ လတ်၊ ပတ္တလား ၇ ခုဖြင့် တင်ဆက်ခဲ့သည်။ အစီအစဉ် ၃ အရ အားကစားသမားများ နေရာယူခြင်းဖြစ်သည်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံ၊ အရှေ့တောင်အာရှအားကစားပြိုင်ပွဲအလံနှင့် ၂၇ ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲ-မြန်မာအလံ၊ One Community ကို ဖော်ဆောင်သော အရှေ့တောင်အာရှနိုင်ငံ (၁၁)နိုင်ငံများ၏ နိုင်ငံတော်အလံကိုင်တပ်ဖွဲ့၊ နိုင်ငံတော်ဘင်ခရာတပ်ဖွဲ့များ၏ ဦးဆောင်ချီတက်မှုနှင့်အတူ ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်း၊ အရှေ့တီမော၊ ဗီယက်နမ်နှင့် မြန်မာနိုင်ငံ တို့မှ အားကစားအဖွဲ့အသီးသီးတို့ ကွင်းအတွင်းဝင်ရောက်လာကြသည်။ အစီအစဉ် ၄ အရ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံကို ဦးစွာလွှင့်တင်ကာ အရှေ့တောင်အာရှအားကစားပြိုင်ပွဲအလံနှင့် ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ-မြန်မာအလံများကို တစ်ပြိုင်နက် လွှင့်တင်ခဲ့သည်။ အစီအစဉ် ၅ အရ မြန်မာနိုင်ငံအမျိုးသားအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ၊ အားကစား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်းမှ ပြိုင်ပွဲကျင်းပရေးဆိုင်ရာများကို ရှင်းလင်းတင်ပြခဲ့သည်။ မြန်မာနိုင်ငံကို ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲအား လက်ခံကျင်းပရန် ယုံကြည်ထောက်ခံအားပေးခဲ့ကြသည့် မိတ်ဆွေနိုင်ငံများကို အထူးကျေးဇူးတင်ကြောင်း၊ ဤပြိုင်ပွဲကို စိမ်းလန်းခြင်း၊ စစ်မှန်ခြင်း၊ ပွင့်လင်းခြင်း၊ နားလည်ခြင်း၊ နွေးထွေးခြင်း၊ သန့်ရှင်းခြင်းနှင့် အနှစ်သာရရှိရှိကျင်းပနိုင်ရန် "Green, Clean and Friendship" ဆောင်ပုဒ်ကို ချမှတ်၍ ကျင်းပသွားမည်ဖြစ်ကြောင်း၊ ၂၀၁၄ ခုနှစ်အာဆီယံဥက္ကဋ္ဌတာဝန်ရယူရမည်ဖြစ်၍ အာဆီယံနိုင်ငံများနှင့်ပူးပေါင်းဆောင်ရွက်ရာတွင် အားကစားကဏ္ဍကိုပါ မြှင့်တင်သွားမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။ အစီအစဉ် ၆ အရ နိုင်ငံတော်သမ္မတကြီးဦးသိန်းစိန်ကိုယ်စား ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီနာယက၊ ဒုတိယသမ္မတ ဦးဉာဏ်ထွန်းမှ ၂၇ ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို ဖွင့်လှစ်ပေးရာတွင် ယခုအားကစားပွဲတော်ကို ၄၄ နှစ်အကြာတွင် ပြန်လည်ကျင်းပခွင့်ရ၍ အစိုးရနှင့်ပြည်သူတစ်ရပ်လုံးကိုယ်စားကျေးဇူးတင်ပါကြောင်း၊ ယနေ့ခေတ်တွင် အားကစားသည် ထိရောက်ကောင်းမွန်သော သံတမန်လမ်းကြောင်းတစ်ခု ဖြစ်လာကြောင်း၊ မြန်မာပြည်၏ယဉ်ကျေးမှုဓလေ့ထုံးစံများ၊ ဒီမိုကရေစီနိုင်ငံတည်ဆောက်ရေး ကြိုးပမ်းဆောင်ရွက်မှုများကို မြင်တွေ့ရမည်ဖြစ်ကြောင်း၊ အခမ်းအနားကို တက်ရောက်လာကြသော နိုင်ငံအသီးသီးသီးမှ ဧည့်သည်တော်များ၊ ပြိုင်ပွဲကိုတရားမျှတစွာကျင်းပပေးမည့် technical director များနှင့်၊ ဒိုင်၊ ဂျူရီများ၊ အားကစားသမားများ၊ တာဝန်ရှိသူများ၊ အနုပညာရှင် အတတ်ပညာရှင်များ၊ မီဒီယာများ အားလုံးကို အထူးကျေးဇူးတင်ရှိပါကြောင်းနှင့် "၂၇ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို ယခုအချိန်မှစ၍ ဖွင့်လှစ်ကြောင်းကြေညာလိုက်သည်။" ဟုပြောကြားကာ ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို တရားဝင်ဖွင့်လှစ်ပေးခဲ့သည်။ ထိုအချိန်တွင် မီးရှုးမီးပန်းများဖြင့် ပစ်ဖောက်ခဲ့သည်။ အစီအစဉ် ၇ အရ အားကစားအဓိဌာန် ရွတ်ဆိုခြင်းဖြစ်သည်။ ဝူရှုးအားကစားသမား မစန္ဒီဦးမှ အားကစားသမားများကိုယ်စား၊ ဒိုင်လူကြီး ဦးကြည်စိုးမိုးမှ ဒိုင်လူကြီးများနှင့် ပြိုင်ပွဲကြီးကြပ်သူများကိုယ်စား ရွတ်ဆိုခဲ့သည်။ အစီအစဉ် ၈ သည် မီးထွန်းညှိတိုင် လက်ဆင့်ကမ်းသယ်ယူခြင်း ဖြစ်သည်။ ရန်ကုန်မြို့ သုဝဏ္ဏအမျိုးသားအားကစားရုံ-၁ ရှေ့မှ စတင်၍ မီးထွန်းညှိတိုင်သယ်ဆောင်လာပြီး ဖွင့်ပွဲကျင်းပရာ ဝဏ္ဏသိဒ္ဓိအားကစားကွင်းအတွင်းထိ သယ်ဆောင်မည်ဖြစ်သည်။ ကွင်းအတွင်း နောက်ဆုံးလက်ဆင့်ကမ်းသယ်ဆောင်သူများမှာ
အစီအစဉ် ၉ အရ မြားပစ်အားကစားသမား မောင်ဝေလင်းထွန်းမှ ပင်မမီးရှုးတိုင်ကို မြားဖြင့်ပစ်၍မီးထွန်းညှိခဲ့ရာ ရောင်စုံမီးပန်းများ ပစ်ဖောက်ဂုဏ်ပြုခဲ့သည်။ အစီအစဉ် ၁၀ အရ အားကစားသမားများ ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာခဲ့ပြီး ပထမပိုင်းအစီအစဉ် ပြီးဆုံးခဲ့သည်။ ဒုတိယပိုင်း အစီအစဉ်များအတွက် အခမ်းအနားမှူးများအဖြစ် မအေးအေးမြတ်နှင့် မအိမ့်ဖူးဖူးအောင်တို့က ဆောင်ရွက်ခဲ့သည်။ အစီအစဉ် ၁၁ တွင် ဖျော်ဖြေရေးအစီအစဉ် (၆) ခုဖြင့် တင်ဆက်ခဲ့သည်။
အစီအစဉ် ၁၂ အရ နိုင်ငံတော်သမ္မတနှင့်ဇနီးတို့ ပြန်လည်ထွက်ခွာခဲ့သည်။ အစီအစဉ် ၁၃ တွင် တေးသံသာအစီအစဉ် တင်ဆက်ခဲ့သည်။
အစီအစဉ် ၁၄ အရ ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား အောင်မြင်စွာပြီးမြောက်ကြောင်း ကြေညာခဲ့သည်။[၃][၄][၅] ဆက်စပ်ကြည့်ရှုရန်ကိုးကား
|
Portal di Ensiklopedia Dunia