၂၀၁၃ အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ပိတ်ပွဲအခမ်းအနား
၂၀၁၃ အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ပိတ်ပွဲအခမ်းအနားကို ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက်နေ့ ညနေ ၆ နာရီအချိန်တွင် ဝဏ္ဏသိဒ္ဓိ အားကစားကွင်းအတွင်းတွင် ကျင်းပခဲ့သည်။[၁] ဧည့်သည်တော်များပြည်တွင်း
ပွဲအတွင်းပါဝင်သူများအခမ်းအနားမှူး
အစီအစဉ်တင်ဆက်သူ
အနုပညာရှင်များ30em
အခမ်းအနားအစီအစဉ်များအခမ်းအနားကို အစီအစဉ် (၁၄)ခုဖြင့် တင်ဆက်ခဲ့သည်။ ပထမပိုင်း
ဒုတိယပိုင်း
ပိတ်ပွဲအခမ်းအနား၂၀၁၃ အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ပိတ်ပွဲအခမ်းအနားမစတင်မီ ညနေ၅နာရီအချိန်ခန့်က အစီအစဉ်တင်ဆက်သူများဖြစ်ကြသည့် ကိုဆွေဟိန်းနှင့် မစုယမင်းတို့က ပဋိသန္တာရစကားဖြင့် ဧည့်ခံဖျော်ဖြေကြသည်။ ထို့နောက်အနုပညာရှင်များ၏ တေးသံသာအစီအစဉ်ဖြင့် တင်ဆက်ခဲ့သည်။
ထို့နောက် ညနေ၆နာရီခန့်အချိန်တွင် ပဏာမအစီအစဉ်ပြီးဆုံး၍ ပထမပိုင်းအစီအစဉ်ကို အခမ်းအနားမှူးများအဖြစ် ကိုဇော်မျိုးဦးနှင့် မချောစုစုကြည်တို့က ဆောင်ရွက်ခဲ့သည်။ ညနေ၆နာရီတွင် သမ္မတကြီးဦးသိန်းစိန်နှင့် ဇနီးဒေါ်ခင်ခင်ဝင်းတို့ ရောက်ရှိလာသည်။ ထိုအချိန်တွင် စည်တော်ကြီးနှင့်အတူ မီးရှုးမီးပန်းများဖြင့် ပစ်ဖောက်ကြိုဆိုခဲ့သည်။ ထို့နောက်အခမ်းအနားအစီအစဉ်များကို ကြေညာခဲ့သည်။ ထို့နောက် ပထမဆုံးအစီအစဉ်အဖြစ် ပိတ်ပွဲအခမ်းအနားကို ကျောင်းသား ၁၅၀၀၏ မီးပွင့်များဖြင့် "We Can Do"ဟူသော စာတမ်းကိုပုံဖော်ခြင်းဖြင့်စတင်ခဲ့သည်။မြန်မာနိုင်ငံအနေဖြင့် ၂၇ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို အောင်မြင်စွာလက်ခံကျင်းပနိုင်ခဲ့ပြီဖြစ်၍ "ငါတို့လုပ်နိုင်တယ်"ဟူသော အဓိပ္ပါယ်ဖြင့် တင်ဆက်ခဲ့ခြင်းဖြစ်သည်။ထိုစဉ် ကွင်းအပေါ်မှ မီးရှုးမီးပန်းများ ပစ်ဖောက်ခဲ့သည်။ အစီအစဉ် ၂ တွင် ဖျော်ဖြေရေးအစီအစဉ် (၅) ခုဖြင့် တင်ဆက်ခဲ့သည်။
ထို့နောက်ပထမပိုင်းအစီအစဉ် ပြီးဆုံးခဲ့သည်။ဒုတိယပိုင်း အစီအစဉ်များအတွက် အခမ်းအနားမှူးများအဖြစ် မအေးအေးမြတ်နှင့် မအိမ့်ဖူးဖူးအောင်တို့က ဆောင်ရွက်ခဲ့သည်။ အစီအစဉ်၃အရ အားကစားသမားများဝင်ရောက်လာကြသည်။အလံကိုင်တပ်ဖွဲ့မှပထမဆုံးဝင်ရောက်လာအပြီး နိုင်ငံတော်ဘင်ခရာတပ်ဖွဲ့၏ဦးဆောင်ချီးတက်မှုနှင့်အတူ အားကစားအဖွဲ့ချုပ်အသီးသီးမှ အားကစားသမားများဝင်ရောက်လာကြသည်။၂၇ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် အားကစားနည်းပေါင်း၃၃မျိုးကိုကျင်းပခဲ့ပြီး ပြိုင်ပွဲဝင်နိုင်ငံအသီးသီးမှအားကစားသမားပေါင်း ၄၆၄၂ဦးပါဝင်ယှဉ်ပြိုင်ခဲ့သည်။ရေကူးအားကစားမှစ၍ ဝူရှုးအားကစားအထိ အားကစားနည်းတစ်မျိုးစီလိုက်ဝင်ရောက်လာခဲ့ကြသည်။နောက်ဆုံးတွင် မြန်မာနိုင်ငံ၏ ဂုဏ်ကိုမြှင့်တင်ပေးခဲ့ကြသော မြန်မာ့အားကစားသမားရွှေတံဆိပ်ဆုရှင် ၈၅ဦးမှဦးစွာဝင်ရောက်လာကြသည်။ထို့နောက် ငွေတံဆိပ်ဆုရှင် ၆၂ဦး၊ကြေးတံဆိပ်ဆုရှင် ၈၅ဦးတို့ အသီးသီးဝင်ရောက်လာကြသည်။ထိုအချိန်တွင် သမ္မတကြီး၊ဇနီးနှင့်တကွ ပရိသတ်များအားလုံးက တခဲနက်ကြိုဆိုအားပေးခဲ့ကြသည်။နောက်ဆုံးတွင် အာဆီယံနိုင်ငံများကို ကိုယ်စားပြုသော လာဘ်ကောင်အသီးသီးတို့ဝင်ရောက်လာသည်။ အစီအစဉ်၄အရ အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီဥက္ကဋ္ဌကိုယ်စား အဖွဲ့ဝင် မစ္စတာအွန်ဆမ်းမြိုင်မှ မြန်မာနိုင်ငံအမျိုးသားအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ အားကစားဝန်ကြီးဦးတင့်ဆန်းထံသို့ ၂၇ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို အောင်မြင်စွာကျင်းပနိုင်ခဲ့သည့်အထိမ်းအမှတ်လက်ဆောင်ပေးအပ်ခဲ့သည်။ အစီအစဉ်၅အရ မြန်မာနိုင်ငံအမျိုးသားအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ၊အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးတင့်ဆန်းမှ ၂၇ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ပိတ်ပွဲဆိုင်ရာများကိုရှင်းလင်းတင်ပြခဲ့သည်။ဝန်ကြီးက ယခုအချိန်မှာ ၂၇ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို အောင်မြင်စွာကျင်းပခဲ့ပြီးဖြစ်၍ ယခုအချိန်တွင် ပိတ်ပွဲကိုကျင်းပနေကြောင်း၊ပြိုင်ပွဲဝင် အားကစားသမားများအနေဖြင့်ဂုဏ်သိက္ခါအပြည့်နှင့်ယှဉ်ပြိုင်ခဲ့ကြောင်း၊ပြိုက်ပွဲဝင်အသင်းများသည် ဘာသာစကား၊ရိုးရာဓလေ့များမတူသော်လည်း ချစ်ခင်ရင်းနှီးမှုနှင့် စည်းလုံးစွာပါဝင်ယှဉ်ပြိုင်ခဲ့၍ အာဆီယံနိုင်ငံများ၏စည်းလုံးမှုကိုတွေ့နိုင်ကြောင်း၊ဒိုင်၊ဂျူရီများ အားကစားသမားများ၊ကူညီပေးခဲ့ကြသော မိတ်ဆွေနိုင်ငံများကို ဦးစီးကော်မတီကိုယ်စားကျေးဇူးတင်ကြောင်းပြောကြားခဲ့သည်။ထို့နောက် ဆက်လက်၍ အားကစားပြိုင်ပွဲတစ်လျောက်လုံး ကဏ္ဍအသီးသီးတွင် ပါဝင်ကူညီခဲ့ကြသော လုပ်အားပေးမောင်မယ်များကိုကျေးဇူးတင်ရှိကြောင်းပြောကြားရာ လက်ခုပ်သံများနှင့်ဆူညံသွားသည်။ပြိုင်ပွဲဝင်အားကစားသမားများကို ကိုယ်တိုင်ကိုယ်ကျသော်လည်းကောင်း၊ရုပ်မြင်သံကြားနှင့်ledဘုတ်များမှလည်းကောင်း မျိုးချစ်စိတ်နှင့်အားပေးခဲ့ကြသော ပြည်သူပြည်သားများကိုလည်းကျေးဇူးတင်ကြောင်း၊နိုင်ငံတော်၏ဂုဏ်သိက္ခါအတွက် ဆုတံဆိပ်များဆွတ်ခူးခဲ့သော အားကစားသမားများကိုလည်း ကျေးဇူးတင်ဂုဏ်ပြုပါကြောင်း ပြောကြားခဲ့သည်။ အစီအစဉ် ၆ အရ နိုင်ငံတော်သမ္မတကြီးဦးသိန်းစိန်ကိုယ်စား ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီနာယက၊ ဒုတိယသမ္မတ ဦးဉာဏ်ထွန်းမှ ၂၇ ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို ပိတ်သိမ်းပေးရာတွင် ပြိုင်ပွဲကျင်းပရေးကော်မတီအသီးသီးမှ ပုဂ္ဂိုလ်များ၊လက်ရွေစင်အားကစားမောင်မယ်များ၊တပ်မတော်နှင့်ရဲတပ်ဖွဲ့မှ အရာရှိစစ်သည်များ၊နိုင်ငံဝန်ထမ်းများ၊အနုပညာရှင်၊အတတ်ပညာရှင်များ၊လှူရှင်များ၊ဆက်ဆံရေး လုပ်အားပေးလူငယ်များ၊ကျောင်းသား၊ကျောင်းသူ လူငယ်များ၏အင်အားဖြင့် ရာစုဝက်နီးပါးကြာမှ လက်ခံကျင်းပခွင့်ရသည့် ဤအားကစားပြိုင်ပွဲကြီးအောင်မြင်စွာကျင်းပနိုင်ခဲ့ကြောင်း၊အမိနိုင်ငံ၏ ရိုးရာယဉ်ကျေးမှုများကို ထင်ဟပ်စေသော ဖျော်ဖြေမှုများမှတစ်ဆင့် မြန်မာ့ယဉ်ကျေးမှုကို ကမ္ဘာသို့ပြသနိုင်ခဲ့ကြောင်း၊မြန်မာ့မြေပေါ်တွင် ရက်သတ္တပတ် ၂ပတ်ကျော်အတူတကွရှိခဲ့ရာမှ မကြာမီနှုတ်ဆက်ရတော့မည်ဖြစ်ကြောင်း၊တစ်ဆက်တည်း ၂၀၁၄နှစ်ဦးတွင် ကျင်းပမည့် ၇ကြိမ်မြောက်အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲကိုဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားမောင်မယ်များကိုလည်း အောင်မြင်ပါစေကြောင်း၊နိုင်ငံအသီးသီးမှ ဧည့်သည်တော်များ၊နည်းစနစ်ဒါရိုက်တာများနှင့် ဒိုင်၊ဂျူရီများ၊ပြိုင်ပွဲကို အောင်မြင်စွာကျင်းပနိုင်ရန် ကူညီခဲ့ကြသော ကဏ္ဍအသီးသီးမှ ပုဂ္ဂိုလ်များ၊မျှတသန့်ရှင်းစွာ ယှဉ်ပြိုင်ခဲ့သည့်အားကစားသမားများနှင့် တစ်ခဲနက်အားပေးခဲ့ကြသော မိဘပြည်သူများကို ကျေးဇူးတင်ဂုဏ်ပြပါကြောင်းပြောကြားရင်း "ကျင်းပလျက်ရှိတဲ့ ၂၇ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို ယခုအချိန်မှစ၍ ပိတ်သိမ်းကြောင်းကြေညာလိုက်သည်။" ဟုပြောကြားကာ ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို တရားဝင်ပိတ်သိမ်းပေးခဲ့သည်။ ထိုအချိန်တွင် မီးရှုးမီးပန်းများဖြင့် ပစ်ဖောက်ခဲ့ပြီး မီးရှုးတိုင်ကို တဖြည်းဖြည်းလျှော့ချခဲ့သည်။ အစီအစဉ်၇တွင် ၂၇ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲအောင်မြင်စွာကျင်းပပြီးဖြစ်၍ ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ-မြန်မာအလံ၊ အရှေ့တောင်အာရှအားကစားပြိုင်ပွဲအလံများကို အလံတိုင်ထိပ်မှဦးစွာ လျှောချခဲ့သည်။ထို့နောက် ၂၈ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို လက်ခံကျင်းပမည့် စင်ကာပူသမ္မတနိုင်ငံ၏အလံကို လွှင့်တင်ခဲ့သည်။ အစီအစဉ်၈အရ အရှေ့တောင်အာရှအားကစားပြိုင်ပွဲအလံကို ၂၈ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲကိုလက်ခံကျင်းပမည့် စင်ကာပူသမ္မတနိုင်ငံမှ ကိုယ်စားလှယ် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာနဝန်ကြီး၊စင်ကာပူအမျိုးသားအိုလံပစ်ကောင်စီအဖွဲ့ဝင် မစ္စတာတန်ချင်းကြောင် အားမြန်မာနိုင်ငံအမျိုးသားအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ၊အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်းမှလွှဲပြောင်းပေးအပ်ခဲ့သည်။ အစီအစဉ်၉တွင် အားကစားသမားများပြန်လည်ထွက်ခွာခဲ့သည်။ အစီအစဉ်၁၀အရ ၂၈ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၏ အိမ်ရှင်နိုင်ငံဖြစ်သော စင်ကာပူသမ္မတနိုင်ငံမှဖျော်ဖြေတငိဆက်ခဲ့သည်။ အစီအစဉ်၁၁အရ "ပြန်ဆုံမယ်"အစီအစဉ်ဖြင့်ဖျော်ဖြေတင်ဆက်ခဲ့သည်။၂၇ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲကိုလာရောက်ခဲ့ကြသော ဧည့်သည်တော်များအနေဖြင့် မြန်မာနိုင်ငံကိုအမှတ်ရနေစေရန် တင်ဆက်ထားသည်။ဤအစီအစဉ်တွင် တေးသံရှင် ရာဇာငယ်နှင့် နီနီခင်ဇော်တို့မှ သီဆိုခဲ့ကြသည်။နောက်ခံ LEDဘုတ်တွင် ဖွင့်ပွဲအခမ်းအနားနှင့် ၂၇ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၏ ကျင်းပခဲ့ပုံများကိုတင်ဆက်ထားသည်။ကွင်းအလယ်တွင် ကျောင်းသား၊ကျောင်းသူလေးများက ပုံဖော်ခြင်း၊အရှေ့တောင်အာရှအားကစားပြိုင်ပွဲဝင်နိုင်ငံများ၏ အလံများကိုင်မြောက်ခြင်းများဖြင့် တင်ဆက်ခဲ့ပြီးအဆုံးပိုင်းတွင် ဖွင့်ပွဲ၊ပိတ်ပွဲတွင် တင်ဆက်ခဲ့သူများကွင်းအတွင်းဝင်ရောက်လာကြပြီး အရှေ့တောင်အာရှအားကစားပြိုင်ပွဲအမှတ်တံဆိပ်ကို ပုံဖော်ခဲ့ကြသည်။နောက်ဆုံးတွင် နောက်ခံLEDဘုတ်တွင် "See You in Singapore"ဟူသောစာတမ်းနှင့်အတူ မြန်မာနိုင်ငံ၏ ၂၇ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲကျင်းပရေးဆိုင်ရာများ ပြီးဆုံးခဲ့သည်။ အစီအစဉ် ၁၂ အရ နိုင်ငံတော်သမ္မတနှင့်ဇနီးတို့ ပြန်လည်ထွက်ခွာခဲ့သည်။ အစီအစဉ် ၁၃ တွင် တေးသံသာအစီအစဉ် တင်ဆက်ခဲ့သည်။
အစီအစဉ် ၁၄ အရ ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ပိတ်ပွဲအခမ်းအနား အောင်မြင်စွာပြီးမြောက်ကြောင်း ကြေညာခဲ့သည်။[၂] ဆက်စပ်ကြည့်ရှုရန်ကိုးကား
|
Portal di Ensiklopedia Dunia