မြန်မာအမျိုးသား လေကြောင်းလိုင်း
မြန်မာအမျိုးသားလေကြောင်း(အင်္ဂလိပ်: Myanmar National Airlines; ယခင်အမည် Union of Burma Airways, Burma Airways, မြန်မာ့လေကြောင်း) သည် မြန်မာနိုင်ငံ၏ တစ်ခုတည်းသော နိုင်ငံပိုင်၊ အမျိုးသားလေကြောင်းတစ်ခုဖြစ်ပြီး ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ဌာနချုပ် နှင့် အမှတ် (၁၀၄) ကမ်းနားလမ်း၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့တွင် ရုံးချုပ် ထားရှိသည်။ မြန်မာအမျိုးသား လေကြောင်းသည် ပြည်သူများ အဆင်ပြေချောမွေ့စွာ သွားလာနိုင်ရေးအတွက် လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည့်ဒေသများ၊ အခြား ပုဂ္ဂလိကလေကြောင်းလိုင်းများ မပြေးဆွဲသည့် လေယာဉ်ကွင်းများကို ပြေးဆွဲပေးလျက်ရှိသည်။ သမိုင်းကြောင်း![]() လွတ်လပ်ရေးမရမီ (BOAC) လေကြောင်းကုမ္ပဏီမှ မြန်မာ့မြို့ ပြလေကြောင်းလုပ်ငန်များကို တာဝန်ယူ စီမံ ဆောင်ရွက်ခဲ့ပြီး လွတ်လပ်ရေးရရှိလာသောအခါ ယင်းလေကြောင်း ကုမ္ပဏီ လက်အောက်တွင် မြန်မာ့မြို့ပြ လေကြောင်းဆက်သွယ်ရေး လုပ်ငန်းများအား ဆက်လက်ထားရှိရန် မသင့်လျော်သဖြင့် International Aeradio Limited ခေါ် IAL ကုမ္ပဏီနှင့် ဆက်သွယ်မိခဲ့ပြီး မြို့ပြလေကြောင်း ဆက်သွယ်ရေးလုပ်ငန်းများကို လုပ်ကိုင်ရန် ငှားရမ်း၍ မြန်မာ့မြို့ ပြလေကြောင်းလုပ်ငန်း ဆက်သွယ်ရေး၏ အခြေခံအုတ်မြစ်ကို ချမှတ်ဆောင်ရွက်ခဲ့သည်။ ၁၉၄၇ ခုနှစ် ဧပြီလ ၄ ရက်နေ့တွင် ချီကာဂို ကွန်ဗင်းရှင်း (Chicago Convention) အား ပြဋ္ဌာန်း၍ အပြည်ပြည်ဆိုင်ရာမြို့ပြလေကြောင်းအဖွဲ့ (ICAO) ကို ဖွဲ့စည်း တည်ထောင်ခဲ့ပြီး မြန်မာနိုင်ငံအနေဖြင့်လည်း ၁၉၄၈ ခုနှစ်ဩဂုတ်လ ၈ ရက်နေ့တွင် အဖွဲ့ဝင်နိုင်ငံအဖြစ် ပါဝင်ခဲ့သည်။ ၁၉၄၈ ခုနှစ်တွင် လေကြောင်းပို့ဆောင်ရေး UBA - Union of Burma Airways ဘုတ်အဖွဲ့တစ်ခုကို တည်ထောင် ဖွဲ့စည်းခဲ့သည်။ ၁၉၄၈ ခုနှစ် မှာပင် လေကြောင်းပျံသန်းမှုလုပ်ငန်း စတင်ဆောင်ရွက်ချိန်၌ ပြည်တွင်း လေယာဉ်ခရီးစဉ် ပျံသန်းမှုကို ခရီးသည် (၉) ယောက်စီး ဂျိုးဖြူလေယာဉ် (၆) စီးဖြင့် ဆောင်ရွက်ခဲ့ရာ ရှေးဦးစွာ ပြည်တွင်းလေဆိပ်မြို့ (၁၉) မြို့ သို့ ဆက်သွယ် ပျံသန်းခဲ့သည်။ ၁၉၅ဝခုနှစ်တွင် ပြည်ပခရီးစဉ်များ အဖြစ် ဘန်ကောက်၊ ကာလကတ္တား နှင့် စစ်တကောင်းမြို့များသို့ တိုးချဲ့ ပျံသန်းခဲ့သည်။ ၁၉၅၂ ခုနှစ်တွင် လေကြောင်းပို့ဆောင်ရေးအဖွဲ့အဖြစ် အက်ဥပဒေ ပြဋ္ဌာန်းချက်ဖြင့် ပြောင်းလဲဖွဲ့စည်းခဲ့သည်။ ပြည်ပနိုင်ငံများသို့ တိုးချဲ့ ပျံသန်းမှုအစီအစဉ်အရ ၁၉၅၃ ခုနှစ်တွင် ပီနန်၊ စင်ကာပူနှင့် ခတ္တမန္ဒူ မြို့များသို့ စတင်ပျံသန်း ဆက်သွယ်နိုင်ခဲ့သည်။ ၁၉၇၂ ခုနှစ်တွင် နိုင်ငံတော်အုပ်ချုပ်ရေးစနစ်သစ် စတင်သည့်အချိန်မှစ၍ ပြည်ထောင်စု မြန်မာနိုင်ငံ လေကြောင်းသယ်ယူပို့ဆောင်ရေးအဖွဲ့မှ လေကြောင်းပို့ဆောင်ရေး ကော်ပိုရေးရှင်း (BAC) အဖြစ် ပြောင်းလဲ ဖွဲ့စည်းခဲ့သည်။ ၁၉၈၉ ခုနှစ်တွင် မြန်မာ့လေကြောင်း (Myanma Airways) အဖြစ် ပြန်လည်ဖွဲ့စည်းခဲ့ပြီး အမှတ်အသားတံဆိပ် အသစ်ကို စတင်အသုံးပြုခဲ့သည်။ ပြည်ပခရီးစဉ်များအဖြစ် ဘန်ကောက်၊ စင်ကာပူ၊ ခတ္တမန္ဒူ၊ ဒက္ကာ၊ ဟောင်ကောင်၊ ဂျာကာတာ ခရီးစဉ်မြို့များသို့ ၁၉၉၃ ခုနှစ် ဩဂုတ်လ ၁၅ ရက်အထိ ပျံသန်းခဲ့သည်။ မြန်မာ့လေကြောင်း၏ အပြည်ပြည်ဆိုင်ရာ ဝန်ဆောင်မှုများကို Myanmar Airways International (MAI) ဖက်စပ်လေကြောင်းလိုင်းဖြင့် ဆောင်ရွက်ခဲ့သည်။ မြန်မာ့လေကြောင်း (MA) သည် ၁၉၉၃ ခုနှစ်တွင်တည်ထောင်ခဲ့သော Joint Venture ကုမ္ပဏီ MAI ၏ အစုရှယ်ယာအများဆုံးပိုင်ဆိုင်သူ ဖြစ်သည်။ ၂၀၁၀ ခုနှစ်တွင် အစုရှယ်ယာ၏ ၈၀% ရာခိုင်နှုန်းအား KBZ Group သို့ ရောင်းချခဲ့ပြီး ၂၀၁၁ ခုနှစ်တွင် ကျန် ၂၀% ရာခိုင်နှုန်းအား KBZ Group သို့ ထပ်မံရောင်းချခဲ့သည်။ ထိုအချိန်မှ စ၍ မြန်မာ့လေကြောင်း (MA) တွင် MAI လေကြောင်းလိုင်း၏ ရှယ်ယာများ မရှိတော့ပါ။ ၁၉၉၂ ခုနှစ်တွင် ဖွဲ့စည်းခဲ့သော အဲမန္တလေး (Air Mandalay) ၏ အစုရှယ်ယာ အများဆုံးကို မြန်မာ့လေကြောင်း (MA) မှ ပိုင်ဆိုင်ခဲ့ပြီး ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့ တွင် မြန်မာ့လေကြောင်း (MA) ပိုင်ဆိုင်သော အဲမန္တလေး (Air Mandalay) အစုရှယ်ယာများအားလုံးကို အဲမန္တလေး (Air Mandalay) သို့ ရောင်းချခဲ့သည်။ ၅-၁၂-၂၀၁၄ ရက်နေ့ တွင် မြန်မာအမျိုးသားလေကြောင်းဥပဒေ ကို ၂၀၁၄ ခုနှစ်၊ ပြည်ထောင်စု လွှတ်တော်ဥပဒေအမှတ် (၅၂) ဖြင့် ပြဋ္ဌာန်းခဲ့ပါသည်။ ဝီကီရင်းမြစ်တွင် ဤဆောင်းပါးနှင့် ပတ်သက်သော စာတမ်းများ ရှိသည် –
၂၀၁၄ ဒီဇင်ဘာတွင် မြန်မာအမျိုးသားလေကြောင်း (Myanmar National Airlines) အမည်သို့ ပြောင်းလဲခဲ့သည်။ ၂၀၁၅ ခုနှစ် အစောပိုင်းမှ စတင်၍ စင်ကာပူ၊ ဘန်ကောက်၊ ချင်းမိုင်၊ ဖူးခက်၊ ဟောင်ကောင်၊ ချန်ဒူး၊ ဂါယာမြို့တို့နှင့် ချိတ်ဆက်ပြီး နိုင်ငံတကာ ခရီးစဉ်များကို ပြန်လည်ပျံသန်းခဲ့သည်။[၂] ဖွဲ့စည်းပုံလေကြောင်းလိုင်းချဲ့ထွင်မှုနှင့် အဆင့်မြှင့်တင်မှုများ (၂၀၁၀ မှ ယနေ့အထိ)မြန်မာလေကြောင်းသည် ဖော်ကာအက်ဖ်-၂၇ လေယာဉ်အမျိုးအစားများကို ၁၉၆၃ ခုနှစ်မှစတင်၍ အသုံးပြုခဲ့သည်။ ထိုလေယာဉ်အမျိုးအစားကို နှစ်၄၀ထက်မနည်း ပျံသန်းခဲ့ကြပြီး မြန်မာလေကြောင်းပိုင် လေယာဉ်များထဲတွင် မတော်တဆဖြစ်မှုအများဆုံး လေယာဉ်လည်း ဖြစ်သည်။ ၂၀၁၀ခုနှစ်တွင် တရုတ်နိုင်ငံလုပ် အမ်အေ-၆၀ လေယာဉ် ၃စီးဖြင့် အစားထိုးကာ ဖော်ကာအက်ဖ်-၂၇ လေယာဉ်များအားလုံးကို ပျံသန်းမှုမှ အနားပေးခဲ့သည်။[၃] တစ်ဖန် ၂၀၁၂ နှစ်ကုန်ပိုင်းမှ စတင်ကာ သက်တမ်းနှစ် ၃၀ကျော်ပြီဖြစ်သော ဖော်ကာအက်ဖ်-၂၈-၄၀၀၀ အမျိုးအစားလေယာဉ်များကိုလည်း တစ်စီးပြီးတစ်စီး ပျံသန်းမှုမှ ရပ်နားခဲ့သည်။ ထိုလေယာဉ်များနေရာတွင် အစားထိုးရန် အမေရိကန် လေယာဉ်ငှား ကုမ္ပဏီ GE Civil Aviation Services Limited မှ အမ်ဘရေရာ ၁၉၀ အမျိုးအစားလေယာဉ်နှစ်စီး ငှားရန်းခဲ့သည်။ ယခင် ဖော်ကာအက်ဖ်-၂၈ ပြေးဆွဲခဲ့သော လမ်းကြောင်းများတွင် ဝင်ရောက် တာဝန်ထမ်းဆောင်နေကြပြီး မြန်မာ့လေကြောင်းသည် အရှေ့တောင်အာရှတွင် အဆိုပါလေယာဉ်အမျိုးအစား ပထမဦးဆုံး အသုံးပြုသော လေကြောင်းလိုင်း အဖြစ် မှတ်တမ်းဝင်ခဲ့ပြီဖြစ်သည်။ ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီ ၁၁ ရက်နေ့တွင် စင်္ကာပူနိုင်ငံတွင် အမေရိကန်အခြေစိုက် GECAS လုပ်ငန်းနှင့် ဒေါ်လာ သန်း ၉၆၀ တန်ဖိုးရှိ Boeing 737-800s လေယာဉ် (၆) စီးနှင့် Boeing 737 MAX လေယာဉ် (၄) စီး ငှားရမ်းသည့်စာချုပ်ဖြစ်သည်။ အဆိုပါ စာချုပ်မှာ မြန်မာနိုင်ငံ လေကြောင်းလိုင်းများမှ အကြီးမားဆုံး လေယာဉ်မှာယူမှု ဖြစ်ပြီး အမေရိကန် နှင့် မြန်မာနိုင်ငံတို့အကြား ရောင်းဝယ်မှု အကြီးမားဆုံး စာချုပ်လည်းဖြစ်သည်။ ၂၀၁၄ ခုနှစ် ဒီဇင်ဘာလအတွင်း မြန်မာ့လေကြောင်းမှ မြန်မာအမျိုးသားလေကြောင်း အဖြစ် နာမည်ပြောင်းလဲခဲ့သည်။ မြေပြင်ဝန်ဆောင်ထောက်ပံ့မှုဌာနမြန်မာအမျိုးသား လေကြောင်းလိုင်းသည် ပြည်တွင်းလေဆိပ်ပေါင်း ၃၃ ခု အထူးသဖြင့် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် နှင့် ပုဂံညောင်ဦးလေဆိပ် တို့တွင် မြေပြင်ဝန်ဆောင်မှု လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။ ၂၀၀၉ ခုနှစ်မှစတင်၍ မြေပြင် ဝန်ဆောင်မှုဌာနသည် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် တွင် မြန်မာအမျိုးသား လေကြောင်းလိုင်း၏ ကြီးကြပ်မှုဖြင့် အခြားသော လေကြောင်းလိုင်းများ ကိုလည်း ဝန်ဆောင်မှုပေးလျက်ရှိသည်။ မြေပြင် ဝန်ဆောင်မှုဌာန၏ အဓိက လုပ်ငန်းစဉ်များမှာ ခရီးသည်နှင့် လက်ဆွဲအိတ်များ အတင်အချ ပြုလုပ်ခြင်း၊ လေယာဉ်ရပ်နားရာနေရာများ၊ လေယာဉ်သန့်ရှင်းရေး လုပ်ငန်းများ၊ ကုန်စည် ကြီးကြပ်ကွပ်ကဲမှုနှင့် ဆက်သွယ်ရေး၊ ကုန်စည်၊လေကြောင်း ခရီးစဉ်များ ပျံသန်းခြင်း၊ မြေပြင်သယ်ယူ ပို့ဆောင်မှုနှင့် အိုင်အေတီအေ၏ မြေပြင်ဝန်ဆောင်မှုဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ကြီးကြပ်ကွပ်ကဲ ထိန်းချုပ်ပေးခြင်းများ ပါဝင်သည်။ မြေပြင် ဝန်ဆောင်မှုလုပ်ငန်းသည် မြန်မာနိုင်ငံသို့ ပျံသန်းနေသော နိုင်ငံတကာ လေကြောင်းလိုင်းများ ဖြစ်သည့် ကာတာလေကြောင်းလိုင်း၊ ကိုရီးယားလေကြောင်းလိုင်း၊ နော့ခ်အဲလေကြောင်းလိုင်း၊ ဗီယက်နမ်လေကြောင်းလိုင်း၊ အဲချိုင်းနား၊ တရုတ်လေကြောင်းလိုင်း၊ တရုတ်အရှေ့ပိုင်းလေကြောင်းလိုင်း၊ တရုတ်တောင်ပိုင်းလေကြောင်းလိုင်း နှင့် အဲအိန္ဒိယ စသည့် လေကြောင်းလိုင်းများကို အပြည့်အဝ ဝန်ဆောင်မှုပေးလျက်ရှိသည်။ "မင်္ဂလာပါ" ဝန်ဆောင်မှု - "Mingalabar Service" မြန်မာအမျိုးသားလေကြောင်းမှ ၂၀၁၅ ခုနှစ်တွင် "မင်္ဂလာပါ" ဝန်ဆောင်မှုအား စတင်မိတ်ဆက်ခဲ့သည်။ Mingalarbar Service ဟုခေါ်သော မြန်မာအမျိုးသားလေကြောင်း ၏ ဝန်ဆောင်မှုသည် “Business Class” ဝယ်ယူထားသောခရီးသည်များအတွက်ဖြစ်ပြီး ထိုဝန်ဆောင်မှုတွင် အမြန်သီးသန့်လမ်းကြောင်းဖြင့် လူဝင်မှုကြီးကြပ်ရေးဌာန နှင့် လေဆိပ်လုံခြုံရေးဌာနကို ဝင်ရောက်နိုင်ခြင်း ၊ Mingalarbar Service ၏ ဝန်ထမ်းမှ လိုက်ပါကူညီဆောင်ရွက်ပေးခြင်း ၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် မှ/သို့ ပို့ဆောင်ပေးခြင်း၊ Check in counter တွင် စောင့်ဆိုင်းစရာမလိုခြင်း ၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၏ ပြည်တွင်း / ပြည်ပ ဂိတ် ၏ Mingalar Lounges အားအသုံးပြုခွင့်များ ပါဝင်သည်။ လေယာဉ်အမျိုးအစားများ![]() ![]()
၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလတွင် အမေရိကန်နိုင်ငံ လေယာဉ်ငှားရမ်းရေး ကုမ္ပဏီ နှင့် ဒေါ်လာသန်း ၉၆၀ တန် စာချုပ်တစ်ခုကို စင်္ကာပူနိုင်ငံတွင် ချုပ်ဆိုခဲ့ကြသည်။ အောက်ဖော်ပြပါ လေယာဉ်အမျိုးအစားများမှာ မြန်မာအမျိုးသား လေကြောင်းလိုင်းတွင် လက်ရှိ အသုံးပြုနေသော လေယာဉ်များ ဖြစ်သည်။[၅]
လေယာဉ်အတွင်းပိုင်းဖွဲ့စည်းပုံ နှင့် ထိုင်ခုံအမျိုးအစား မြန်မာအမျိုးသားလေကြောင်း ၏ လေယာဉ်အသစ်ဖြစ်သော Boeing 737-800 နှင့် ATR 72-600 လေယာဉ်များ၏ အတွင်းပိုင်း ပုံစံ အသစ် နှင့် “in-flight entertainment” တို့အား ဇွန်လ ၂၀၁၅ ခုနှစ်တွင် စတင်မိတ်ဆက်ခဲ့သည်။ Business Class Business Class သည် Boeing 737-800 လေယာဉ်အမျိုးအစားတွင်သာရရှိသည်။ Business class ထိုင်ခုံသည် ဘယ်ညာ ၂၁ လက်မ (၅၃စင်တီမီတာ)၊ အရှေ့အနောက် ၄၂ လက်မ (၁၀၇ စင်တီမီတာ) ကျယ်ဝန်းသည်။ ခြေထောက်တင်ရန် ၉လက်မ (၂၃ စင်တီမီတာ)ကျယ်ဝန်းပြီး electric outlet အားထားရှိပေးထားကာ personal TV အားထိုင်ခုံဘေးတွင် ထားရှိပေးထားသည်။ Premium Economy Class Premium Economy Class သည် Embraer 190 နှင့် Boeing 37-800 လေယာဉ်များတွင် ရရှိသည်။ ထိုင်ခုံ အရှေ့အနောက် အကျယ်မှာ ၃၆ လက်မ ရှိပြီး Economy Class ထက် ၄ လက်မ ပိုမိုကျယ်ဝန်းပသည်။ In-seat power outlet နှင့် streaming inflight Entertainmentအား Boeing 737-800 လေယာဉ် အမျိုးအစားတွင်သာ ရရှိသည်။ Economy Class Economy Class သည် MNA လေယာဉ် အမျိုးအစားအားလုံးတွင် ရရှိနိုင်သည်။ Economy Class သည် Boeing 737-800 လေယာဉ်အမျိုးအစားတွင် ဘယ်ညာ ၁၇.၂ လက်မ (၄၄စင်တီမီတာ)နှင့် အရှေ့အနောက် ၃၂ လက်မ (၈၁ စင်တီမီတာ)၊ Embraer 190 လေယာဉ်အမျိုးအစားတွင် ဘယ်ညာ ၁၈လက်မ (၄၆စင်တီမီတာ) နှင့် အရှေ့အနောက် ၃၂ လက်မ (၈၁ စင်တီမီတာ) ကျယ်ဝန်းပြီး ATR 72-600 နှင့် Grand Caravan တွင် ဘယ်ညာ ၁၇ လက်မ (၄၃ စင်တီမီတာ)နှင့် အရှေ့အနောက် ၃၀လက်မ မှ ၃၂ လက်မ အတွင်း ရှိသည်။ In-seat power outletနှင့် streaming inflight Entertainmentအား Boeing 737-800 လေယာဉ် အမျိုးအစားတွင် ရရှိနိုင်သည်။ ခရီးစဉ်များပြည်ပ
ပြည်တွင်းမြန်မာအမျိုးသား လေကြောင်းလိုင်း ပြည်တွင်းခရီးစဉ်များ၊ စင်းလုံးငှား ခရီးစဉ်များကို အောက်ပါမြို့ များသို့ ပျံသန်းပြေးဆွဲပေးလျက်ရှိသည်။[၇] ပုံမှန်ပြေးဆွဲနေသောခရီးစဉ်များ3
စင်းလုံးငှား ခရီးစဉ်များမတော်တဆ ဖြစ်ပျက်မှုများ
ပြင်ပလင့်ခ်များကိုးကား
|
Portal di Ensiklopedia Dunia