ပစ္ဆာဇာတပစ္စည်း
[၁] နောက်၌ဖြစ်၍ ကျေးဇူး ပြုတတ်သော သတ္တိ၊ ၂၄-ပစ္စည်းတွင် ပါဝင်သော ပစ္ဆာဇာတပစ္စည်း။ [၂] [၃] ပစ္ဆာဇာတပစ္စည်းပစ္ဆာဇာတပစ္စည်း (Pacchājāta Paccaya) သည် ပဋ္ဌာန်း ၂၄ ပစ္စည်းတွင် ဧကာဒသမမြောက် (၁၁ ခုမြောက်) ပစ္စည်းဖြစ်သည်။ "ပစ္ဆာ" ဟူသည် နောက်မှ၊ နောက်၌ဟု အဓိပ္ပာယ်ရ၍ "ဇာတ" ဟူသည် ဖြစ်ပေါ်လာသောဟု အဓိပ္ပာယ်ရသည်။ ထို့ကြောင့် ပစ္ဆာဇာတပစ္စည်းဟူသည် နောက်မှ ဖြစ်ပေါ်လာသော တရားက ရှေးဦးစွာ ဖြစ်ပေါ်နေသော တရားကို ကျေးဇူးပြုခြင်းကို ဆိုလိုသည်။ ရိုးရိုးရှင်းရှင်းဆိုရလျှင် နောက်မှ ဖြစ်ပေါ်လာသော နာမ်တရား (ဝိညာဏ်နှင့် စေတသိက်) သည် ရှေးဦးစွာ ဖြစ်ပေါ်နေသော ရုပ်တရား (ခန္ဓာကိုယ်) ကို အထောက်အပံ့ပေးခြင်းကို ပစ္ဆာဇာတပစ္စည်းဟု ခေါ်သည်။ ဤနေရာတွင် နောက်မှ ဖြစ်ပေါ်လာသော နာမ်တရားသည် ရှေးဦးစွာ ဖြစ်ပေါ်နေသော ရုပ်တရားကို ထောက်ပံ့ခြင်း၊ အားပေးခြင်းဖြင့် ကျေးဇူးပြုသည်။ ဥပမာ
ပစ္ဆာဇာတပစ္စည်း၏ အဓိက လက္ခဏာများ
ပုရေဇာတပစ္စည်းနှင့် ပစ္ဆာဇာတပစ္စည်းတို့သည် ဆန့်ကျင်ဘက် သဘောရှိကြသည်။
အချုပ်အားဖြင့် ပစ္ဆာဇာတပစ္စည်းသည် နောက်မှ ဖြစ်ပေါ်လာသော နာမ်တရားက ရှေးဦးစွာ ဖြစ်ပေါ်နေသော ရုပ်တရားကို ထောက်ပံ့ခြင်း၊ အားပေးခြင်းဖြင့် ကျေးဇူးပြုပုံကို ရှင်းလင်းစွာ ဖော်ပြသော အဘိဓမ္မာသဘောတရားတစ်ရပ်ဖြစ်သည်။ ပစ္ဆာဇာတပသတ္တိပစ္စယုပ္ပန်တရားတို့၏ နောက်မှဖြစ်၍ ရှေးကဖြစ်နှင့်သော ပစ္စယုပ္ပန်တရားတို့ကို ထောက်ပန့် ကူညီတတ်သော သတ္တိသည် ပစ္ဆာဇာတပစ္စည်းမည်၏။ လင်းတကြီးတို့သည် အစာအဟာရကို မိမိတို့သာ ရှာဖွေစားသောက်၍ အသိုက်၌ ကျန်ရစ်သော လင်းတကလေးများအတွက် ယူဆောင်လာရိုးမရှိဘူးတဲ့၊ လင်းတကလေးတို့မှာကား မိဘတို့ပြန်လာလျှင် မိမိတို့အတွက် အစာ ပါနိုးနိုးဖြင့် မြှော်ကိုး တောင့်တကြ ရှာသတဲ့။ ဤသို့ အစာအာဟာရ၌ မြှော်ကိုးတောင့်တသော မြှော်လင့်ချက်က လင်းတငယ်တို့၏ကိုယ်ကို ထောက်ပန့်ထားသည့်အတွက်ကြောင့် လင်းတငယ်တို့၏ ကိုယ်သည် အတောင်အလက်စုံ၍ ကိုယ်တိုင်အ စာရှာနိုင်သည့်ကာလတိုင်အောင် တည်တန့်နိုင်လေသည်။ နောက်မှဖြစ်သော စိတ်သည် မိမိ မဥပါဒ်မှီ ရှေးဦးစွာ ဖြစ်၍ ဌီအခိုက်သို့ရောက်နှင့်သော ခန္ဓာကိုယ်ရှိ ရုပ်အပေါင်းအား မိမိ ဥပါဒ်သည့်အခါ ပစ္ဆာဇာတသတ္တိဖြင့် ထောက်ပန့်သည်။
![]() ရုပ်ဖြစ်ကြောင်း တရားလေးပါး
ကာမဘုံ၌ နိရောဓသမာပတ်ဝင်စားချိန်မှတပါး စတုဇကာယ (ကံ, စိတ်, ဥတု, အာဟာရ) အမြဲရှိသည်။ ဗြဟ္မာဘုံ၌ တိဇကာယ,သာ (ကံ, စိတ်, ဥတု) အမြဲရှိသည်။ ပစ္ဆာဇာတပစ္စည်းက ဥပတ္ထမ္ဘကသတ္တိဖြစ်ပုံဆိုင်ရာပစ္စယုပ္ပန်တရားတို့အား ပစ္စည်းတရားတို့က ကျေးဇူးပြုရာ၌ ၁-ဇနကသတ္တိ ၂-ဥပတ္ထမ္ဘကသတ္တိ ၃-ဇနကောပတ္ထမ္ဘကသတ္တိအားဖြင့် သတ္တိသုံးမျိုးတွင် တစ်မျိုးမျိုးဖြင့် ကျေးဇူးပြု၏။ ဤပစ္ဆာဇာတပစ္စည်းကား ဥပတ္ထမ္ဘကသတ္တိရှိ၏။ ဆိုင်ရာအကြောင်းတို့ကြောင့် ဖြစ်ပြီးသော ရုပ်တရားတို့အား ထောက်ပံ့အားပေးသောအားဖြင့် ကျေးဇူးပြုလေသည်။ ဥပမာ-မျိုးစေ့ကြောင့် ပေါက်လာသော သစ်ပင်သည် ရေဖြင့် ထပ်မံ၍ ထောက်ပန့်ခြင်းမရှိက စည်ပင်ကြီးမား ထွားကြိုင်းခြင်းမရှိဘဲ မကြာမှီ ပျက်စီးရသကဲ့သို့လည်းကောင်း ကံလျှင်အရင်းခံ၍ မိဘတို့၏ သုက်သွေးကြောင့် ဖြစ်ရသော သူငယ်သည် နို့ချိုတိုက်ကြွေး အားပေးထောက်ပံ့ခြင်း မရှိက အသက်မရှည်နိုင် သကဲ့သို့လည်းကောင်း ထို့အတူ ကံကြောင့်ဖြစ်ရသော ကမ္မဇရုပ်တို့သည် မိမိတို့ချုပ်သည့်အခါ အလားတူရုပ်အစဉ် ဖြစ်ဘို့ရာ ကျေးဇူးပြုသွားကြ၏။ ထိုကဲ့သို့ ကျေးဇူးပြုရာ၌ စိတ်တို့က ပစ္ဆာဇာတသတ္တိဖြင့် ထောက်ပံ့ပေးမှသာ အားရှိကြသဖြင့် ဆက်ကာဆက်ကာ ကျေးဇူးပြုနိုင်ကြလေသည်။ စိတ္တဇ ဥတုဇ အာဟာရဇ ရုပ်အစဉ်များ၏ ရူပပဝတ္တိက္ကမကိုလည်း ထိုက်သင့်သမျှ တာရှည်အောင် စိတ်,စေတသိက်တို့က ထောက်ပံ့ပေးလေသည်။ ဤသို့လျှင် နောက်နောက်စိတ်တို့က ဖြစ်နှင့်ပြီးသောရုပ်တို့အား ပစ္ဆာဇာတသတ္တိဖြင့် ကျေးဇူးပြုခြင်းသည် ရုပ်အစဉ်အဆက်ကို တာရှည်စွာ တည်တန့်စေခြင်း အကျိုးရှိပါသည်။ မှတ်ချက်။ အသညသတ်ဘုံ၌ ပစ္ဆာဇာတ အထောက်အပံ့ မရဘဲ တာရှည်စွာ ဆက်လက်နေနိုင်ရကား ဤပစ္ဆာဇာတအတွက် ရုပ်အစဉ်မှာ ပိုမို၍ အားတက်သည်-ဟုသာမှတ်ပါ။ အထောက်အပန့် မရလျှင် လုံးဝ အားမရှိ-ဟု မမှတ်ရ။ [၄] [၅] ကိုးကား
|
Portal di Ensiklopedia Dunia