ပဉှာပုစ္ဆနသိက္ခာပုဒ်
အမှု—ပြဿနာမေးခွင့်မတောင်းဘဲ ပြဿနာမေးမှု။ အမှုသည်—ဘိက္ခုနီအများ။ [၁] ထိုသို့ အခွင့်မတောင်းဘဲ ပြဿနာမေးမှုကြောင့် ဘိက္ခုတို့က ကဲ့ရဲ့ကြသဖြင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။ သိက္ခာပုဒ်ယာ ပန ဘိက္ခုနီ အနောကာသကတံ ဘိက္ခုံ ပဉှံ ပုစ္ဆေယျ, ပါစိတ္တိယံ။ မြန်မာပြန်ပြဿနာမေးခွင့် မပြုသော ရဟန်းကို ပြဿနာမေးသော ဘိက္ခုနီမှာ ပါစိတ်အာပတ် သင့်၏။ မှတ်ချက်ဘိက္ခုနီသည် ဘိက္ခုအထံ၌ ပြဿနာမေးလိုလျှင် ချက်ခြင်းမမေး “ပြဿနာမေးပါရစေ”ဟု ခွင့်တောင်း၍ “မေးတော့”စသည်ဖြင့် ခွင့်ပြုမှ မေးရသည်၊ ထိုသို့မေးရာ၌လည်း ဝိနည်းဘက်က, သို့မဟုတ်-သုတ္တန်ဘက်က, သို့မဟုတ်-အဘိဓမ္မာဘက်က မေးပါရစေ” ဟု ခွင့်တောင်းရမည်။ ဝိနည်းဘက် ခွင့်တောင်းပြီးနောက် သုတ္တန်, အဘိဓမ္မာဘက်မှာ မမေးရ။ မေးလျှင်ပါစိတ် အာပတ် သင့်၏၊ ထို့အတူ သုတ္တန်ဘက် အဘိဓမ္မာဘက်၌လည်း ခွင့်ပေးထားသောအချက် မဟုတ်လျှင် ပါစိတ်အာပတ်သင့်၏၊ သို့မဟုတ် ခွင့်တောင်းတုန်းကပင် “မည်သည့် ဘက်က”ဟု ကန့်သတ်ချက်မပါဘဲ ခွင့်တောင်း၍ ခွင့်ရလျှင် မေးချင်ရာကို မေးနိုင်သည်။ ကိုးကား
|
Portal di Ensiklopedia Dunia