ပဏီတဘောဇနသိက္ခာပုဒ်

အမှု—မွန်မြတ်သော အစာကို တောင်းစားမှု

အမှုသည်—ဆဗ္ဗဂ္ဂီ ရဟန်းများ


မွန်မြတ်သောအစာကို တောင်းစားမှု

ဆဗ္ဗဂ္ဂီရဟန်းတို့သည် မွန်မြတ်သော ထောပတ်ဆီဥုး စသည်တို့နှင့် ရောနှောအပ်သော ဘောဇဉ်တို့ကို တောင်း၍ စားလေ့ရှိ၏၊ လူတို့က “ရဟန်းတော်တို့သည် ဘာ့ကြောင့် မွန်မြတ်သော အစားအစာတို့ကို တောင်းရမ်း စားသောက် ကြရသလဲ, ကောင်းသောအရသာကို ဘယ်သူမနှစ်သက်ဘဲ ရှိမည်လဲ”ဟု ကဲ့ရဲ့၍သောကြောင့် ဤသိက္ခာပုဒ်ကို “အဂိလာနော”ပုဒ် မပါသေးဘဲ ပညတ်တော်မူရသည်၊ ထို့နောက် ဂိလာနရဟန်းများသည် မွန်မြတ်သော ဘောဇဉ်ကိုမရ၍ ရောဂါမသက်သာသောကြောင့် “ဂိလာန ဖြစ်လျှင်ကား မွန်မြတ်သော ဘောဇဉ်တို့ကို တောင်း၍စားနိုင်၏” ဟု ခွင့်ပြုတော်မူကာ “အဂိလာနော”ပုဒ်ကို ဖြည့်စွက်၍ အနုပညတ် ထပ်တော်မူရပြန်သည်။ [ဤ၌ ထောပတ် စသည်တို့ကား ပဏီတ (မွန်မြတ်သောအစာ)တည်း၊ ထောပတ်ထမင်း, ဆီဥုးထမင်း, ဆီထမင်း, ပျားရည်ထမင်း, ငါးဒန်ပေါက်, အသားဒန်ပေါက်, နွားနို့ထမင်း, နို့ဓမ်းထမင်းတို့ကား ပဏီတဘောဇနတည်း။][]

သိက္ခာပုဒ်

ယာနိ ခေါ ပန တာနိ ပဏီတဘောဇနာနိ, သေယျထိဒံ – သပ္ပိ, နဝနီတံ, တေလံ, မဓု, ဖာဏိတံ, မစ္ဆော, မံသံ, ခီရံ, ဒဓိ။ ယော ပန ဘိက္ခု ဧဝရူပါနိ ပဏီတဘောဇနာနိ အဂိလာနော အတ္တနော အတ္ထာယ ဝိညာပေတွာ ဘုဉ္ဇေယျ, ပါစိတ္တိယံ။[]

မြန်မာပြန်

အကြင်မွန်မြတ်သော အာဟာရနှင့် ရောစပ်အပ်သော ဘောဇဉ်တို့သည် ရှိကုန်၏။ ဤမွန်မြတ်သော အာဟာရတို့ဟူသည် အဘယ်နည်း၊ ထောပတ်, ဆီဉုး, ဆီ, ပျားရည်, တင်လဲ, ငါး, ကုန်းသတ္တာတို့၏ အသား, နို့ရည်, နို့ဓမ်းတည်း၊ အကြင်ရဟန်းသည် ဤသို့ သဘောရှိကုန်သော မွန်မြတ်သော အာဟာရနှင့် ရောစပ်အပ်သော ဘောဇဉ်တို့ကို ဂိလာနမဟုတ်ဘဲ မိမိ၏ အကျိုးငှါ တောင်း၍စားအံ့၊ ထိုရဟန်း ပါစိတ်အာပတ်သင့်၏။ []

ကိုးကား

  1. ၁.၀ ၁.၁ ၁.၂ အရှင်ဇနကာဘိဝံသ (၁၉၉၆)။ ဘုရားဥပဒေတော်ကြီး
Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya