ပတ္တသညီပဋိဂ္ဂဟဏသိက္ခာပုဒ်

ပတ္တသညီပဋိဂ္ဂဟဏသိက္ခာပုဒ် (ခမ္ဘကတဝဂ်)

ဟိုဟိုသည်သည် ကြည့်၍ ဆွမ်းခံမှု

ဆဗ္ဗဂ္ဂီရဟန်းတို့သည် ဆွမ်းခံသည့် အခါ ဟိုကြည့် သည်ကြည့်နှင့် ခံယူကြကုန်၏၊ (သပိတ်၌ စိတ်မစိုက်ဘဲ တောင်ကြည့် မြောက်ကြည့် ကြည့်၍ ဆွမ်းခံရကား ဆွမ်းလောင်းနေသည်ကိုလည်း မသိလိုက်ကြ၊ ဆွမ်းလောင်း ပြီးသည်ကိုလည်း မသိလိုက်ကြ၊ ထိုသို့ နမူးထူးဖြစ်လောက်အောင် ငေးမေ့၍ ဆွမ်းခံမှုကို လူတို့ မကြည်ညိုသဖြင့် ကဲ့ရဲ့ကြသောကြောင့်-[]

“ပတ္တသညီ ပိဏ္ဍပါတံ ပဋိဂ္ဂဟေဿာမီတိ သိက္ခာ ကရဏီယာ”။ဟု ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။

မြန်မာပြန်

သပိတ်၌ အမှတ်သညာရှိသည်ဖြစ်၍ (သပိတ်၌ စိတ်စိုက်လျက်) ဆွမ်းကိုခံယူမည်”ဟု အလေ့အကျင့်ကို ပြုရမည်။

ကိုးကား

  1. အရှင်ဇနကာဘိဝံသ (၁၉၉၆)။ ဘုရားဥပဒေတော်ကြီး
Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya