ပတ္တသန္နိစယသိက္ခာပုဒ်
အမှု—သပိတ်အများကို သိုမှီးသိမ်းဆည်းထားမှု။ အမှုသည်—ဘိက္ခုနီအများ။ [၁] ဘိက္ခုနီတို့၏ သပိတ်အပို သိမ်းထားမှုသာဝတ္ထိမြို့၌ ဘိက္ခုနီတို့သည် များစွာသော သပိတ်တို့ကို အပိုသိမ်းထားကြကုန်၏၊ ဘိက္ခုနီတို့၏ ကျောင်းကို လှည့်လည်ကြည့်ရှုကြသော လူတို့သည် သပိတ်အများ သိမ်းထားသည်ကို တွေ့မြင်ကြ၍ “ဘိက္ခုနီတွေ သပိတ် ကုန်သည် လုပ်ကြမလို့တဲ့လား, ပန်းကန် ခွက်ရောက်ဆိုင် ခင်းကြမလို့တဲ့လား (သပိတ်တွေ သိမ်းထားလိုက်တာ)”ဟု ကဲ့ရဲ့ကြသောကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။ သိက္ခာပုဒ်ယာ ပန ဘိက္ခုနီ ပတ္တသန္နိစယံ ကရေယျ, နိဿဂ္ဂိယံ ပါစိတ္တိယံ။ မြန်မာပြန်အကြင်ဘိက္ခုနီသည် သပိတ်ကို အဓိဋ္ဌာန်-ဝိကပ္ပနာ မပြုဘဲ သိုမှီးသိမ်းဆည်းထားအံ့၊ ထိုဘိက္ခုနီသည် သပိတ်ကိုလည်း စွန့်လိုက်၏၊ ပါစိတ်အာပတ်လည်း သင့်၏။ အမှာစွန့်ပုံနှင့် အဓိဋ္ဌာန်တင်ပုံ ဝိကပ္ပနာပြုပုံကို ဘိက္ခုတို့၏ နိသပါစိတိုဏ်း၌ ပြခဲ့ပြီ၊ ဘိက္ခုတို့မှာ အဓိဋ္ဌာန် ဝိကပ္ပနာ(တစ်ခုခု)မပြုဘဲ ဆယ်ရက်ထားခွင့် ရသေး၏၊ ဘိက္ခုနီတို့မှာကား တရက်မျှ ထားခွင့်မရ။ ကိုးကား
|
Portal di Ensiklopedia Dunia