ပဒသောဓမ္မသိက္ခာပုဒ်

ပဒသောဓမ္မသိက္ခာပုဒ် သည် မြတ်စွာဘုရား၏ သာသနာတော်တွင် ရဟန်းတော်များ လိုက်နာစောင့်ထိန်းရန် ပညတ်တော်မူခဲ့သည့် သုဒ္ဓပါစိတ်အာပတ်တစ်ခု ဖြစ်သည်။ []

သမိုင်း

မြတ်စွာဘုရားသည် သာဝတ္ထိပြည်၊ ဇေတဝန်ကျောင်းတော်တွင် သီတင်းသုံး နေတော်မူ၏။ ထိုအချိန်တွင် ဆဗ္ဗဂ္ဂီရဟန်းတို့သည် ဥပါသကာတို့အား တရားတို့ကို ပုဒ်ပြိုင် ပို့ချ၏။ ထိုအခါ ဥပါသကာတို့သည် တရား၌ မရိုသေ၊ မတုပ်ဝပ်၊ တူသောအသက်မွေးမှု မရှိဘဲ ဖြစ်ကုန်၏။

ထိုအခါ အလိုနည်းသော ရဟန်းတို့သည် ဆဗ္ဗဂ္ဂီရဟန်းတို့အား “အဘယ်ကြောင့် တရားတို့ကို ပုဒ်ပြိုင်ပို့ချဘိသနည်း” ဟု ကဲ့ရဲ့ကြကုန်၏။ ထို့နောက် မြတ်စွာဘုရားထံ လျှောက်ထားကြ၏။

မြတ်စွာဘုရားသည် ဆဗ္ဗဂ္ဂီရဟန်းတို့အား “ဟုတ်မှန်ပါသလား” ဟု မေး၏။ “ဟုတ်မှန်ပါသည်” ဟု ဖြေ၏။ ထိုအခါ မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူကာ အောက်ပါသိက္ခာပုဒ်ကို ပညတ်တော်မူ၏။ []

သိက္ခာပုဒ်

“အကြင်ရဟန်းသည် ရဟန်းမဟုတ်သောသူအား တရားကို ပုဒ်ပြိုင် ပို့ချငြားအံ့၊ (ထိုရဟန်းအား) ပါစိတ်အာပတ် သင့်၏” ဟု မိန့်တော်မူ၏။[]

ကိုးကား

  1. ၁.၀ ၁.၁ ၁.၂ ဝိနည်းပိဋက − ပါရာဇိကဏ်ပါဠိတော်မြန်မာပြန်၊ မုသာဝါဒဝဂ်
Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya