ပယ်ဆောက်ချိန်
ဦးပယ်ဆောက်ချိန် သို့မဟုတ် ဦးဘေဆော်ချိန် (တရုတ်: 白所成; ပင်ယင်: Bái Suǒchéng) သည် မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်ရှိ ကိုးကန့်နိုင်ငံရေးသမားတစ်ဦး ဖြစ်သည်။သူ့ကို တရုတ်နိုင်ငံက မြန်မာနိုင်ငံမြောက်ပိုင်း ကိုးကန့်ဒေသ အွန်လိုင်းလိမ်လည်မှု အဖွဲ့ အဓိကခေါင်းဆောင် အဖြစ် သတ်မှတ်သည်။ [၃] အတ္ထုပ္ပတ္တိ၁၉၉၂ ခုနှစ်တွင် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) မှ ရန်မိုးလျံအား ထုတ်ပယ်ရာတွင် ဖုန်ကြားရှင်အား ပယ်ဆောက်ချိန်က ကူညီပေးခဲ့သည်။ သို့သော်လည်း နောက်ပိုင်းတွင် မြန်မာနိုင်ငံ အစိုးရ၏ အထောက်အပံ့ဖြင့် ဖုန်ကြားရှင်အား ဖယ်ရှားရန် ကြိုးပမ်းခဲ့သည်။[၄]၂၀၀၉ ခုနှစ်တွင် ဖြစ်ပွားခဲ့သော သုံးရက်ကြာ ကိုးကန့်အရေးအခင်းတွင် ဖုန်ကြားရှင်အား ဖယ်ရှားရန် တပ်မတော်နှင့် မဟာမိတ်ပြုခဲ့သည်။ ကြွင်းကျန်သော MNDAA အဖွဲ့အား ပယ်ဆောက်ချိန်၏ ဦးစီးမှုအောက်တွင် နယ်ခြားစောင့်တပ်ဖွဲ့ အဖြစ် အသိအမှတ်ပြုခဲ့သည်။[၅] ၂၀၁၀ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် ပယ်ဆောက်ချိန်သည် ကိုးကန့်မဲဆန္ဒနယ် အမှတ် ၂ ကိုယ်စားပြု၍ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခြင်းခံရသည်။[၆] ယင်းနောက်ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဖြစ်လာခဲ့သည်။ သူ၏ အုပ်ချုပ်မှုအောက်တွင် ကိုးကန့်ဒေသသည် မူးယစ်ဆေးနှင့် လက်နက် ရောင်းဝယ်မှုများကြောင့် ထင်ရှားလာခဲ့သည်။[၇] သူသည် လူသိရှင်ကြား နေထိုင်လေ့မရှိဘဲ ၂၀၁၂ ခုနှစ် မတ်လတွင် လုပ်ကြံရန် ကြိုးပမ်းမှုမှ လွတ်မြောက်ခဲ့သည်။[၈] ပယ်ဆောက်ချိန်၏ လက်ထောက်ဖြစ်သူ Liu Gaoxi သည်လည်း ၂၀၁၀ ရွေးကောက်ပွဲတွင် ပါဝင်ရွေးကောက်ခံရပြီး ယခင်က မူးယစ်ဆေးဝါးအမှုများတွင် ပါဝင်ခဲ့သူ ဖြစ်သည်။[၉] သူသည် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဋ္ဌ အဖြစ် ၂၀၁၆ ခုနှစ် မတ်လ ၃၁ ရက်နေ့အထိ တာဝန်ထမ်းဆောင်သည်။ယင်းနောက် သူသည် နိုင်ငံရေးရာထူးမှ စွန့်ခွာပြီး သားဖြစ်သူတို့၏ နိုင်ငံရေးရာထူး နှင့် လက်နက်ကိုင်အဖွဲ့တို့၏ နောက်ကွယ်တွင် ဆက်ရှိနေခဲ့သည်။[၁၀] ၂၀၂၁ နောက်ပိုင်းဖြစ်ရပ်များ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီး မကြာမီ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်ဟောင်း ဦးမြင့်ဆွေကို ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌအဖြစ် ခန့်အပ်ခဲ့သည်။[၁၁] ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၆ ရက်တွင် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ဆွေအား တာဝန်မှရပ်စဲလိုက်ပြီး အရှေ့ မြောက်တိုင်းစစ်ဌာနချုပ်တိုင်းစစ် ဦးစီးချုပ် ဗိုလ်မှူးချုပ် ထွန်းထွန်းမြင့် နှင့် အစားထိုးခန့်အပ်သည်။ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၇ ရက် တွင် စတင်ခဲ့သော ညီနောင်မဟာမိတ်သုံးဖွဲ့ ၏ ၁၀၂၇ စစ်ဆင်ရေး ဖြစ်ပွားနေစဉ်အတွင်း ၎င်း အပါအဝင် မိသားစုဝင်များ ကိုးကန့်ဒေသမှ ထွက်ပြေးခဲ့ရသည်။[၁၂] တရုတ်အစိုးရက ၎င်းအား ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက် တွင် ကျားဖြန့်လောင်းကစားသံသယဖြင့် ဖမ်းဝရမ်းထုတ်သည်။[၁၃] [၁၄] ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၃၀ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ က ဦးပယ်ဆောက်ချိန် အပါအဝင် ပယ်ရင်ချန်၊ ဝေ့ဟွိုင်ရန်၊ လျိုကျန့်ရှန်၊ လျိုကျန့်မောက်၊ ရွှီလောက်ဖာ နှင့် အခြားအရေးကြီး ပြစ်မှုကျူးလွန်သူဟု သံသယရှိသူ လေးဦးအား တရုတ်အစိုးရ ထံ လွှဲပြောင်းသည်။ [၁၅] ဆက်စပ်ဖတ်ရှုရန်ကိုးကား
|
Portal di Ensiklopedia Dunia