နယ်ခြားစောင့်တပ်ဖွဲ့
နယ်ခြားစောင့်တပ်ဖွဲ့ (အင်္ဂလိပ်: Border Guard Forces; အတိုကောက် BGF) သည် တပ်မတော်၏ လက်အောက်ခံ တပ်ဖွဲ့များ ဖြစ်ပြီး အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ပါဝင်ပြီး တိုင်းစစ်ဌာနချုပ်များ၏ လက်အောက်တွင် တာဝန်ထမ်းဆောင်ရသည်။ ၂၀၀၉ ခုနှစ် ဧပြီလတွင် အစိုးရက ၂၀၁၀ အထွေထွေ ရွေးကောက်ပွဲကို ဦးတည်၍ အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်များအကြား စစ်မက်ဖြစ်ပွားခြင်းကို အဆုံးသတ်ရန် ရည်ရွယ်ပြီး နယ်ခြားစောင့်တပ်များကို ဖန်တီးခဲ့သည်။ သမို်င်းကြောင်း၂၀၀၈ ခုနှစ်တွင် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေသစ်ကြောင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို နယ်ခြားစောင့်တပ်အဖြစ် မဖြစ်မနေ အသွင်ကူးပြောင်းရန် တွန်းအားပေးခဲ့သည်။[၁] နယ်ခြားစောင့်တပ်ဖွဲ့စည်းခြင်းအား အစိုးရက ကြေညာပြီးနောက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအားလုံးကို နယ်ခြားစောင့်တပ်အဖြစ် ၂၀၀၉ ခုနှစ် ဇွန်လနောက်ဆုံးထား၍ ကူးပြောင်းရန် အချိန်သတ်မှတ်ပေးခဲ့သည်။ သို့သော်လည်း အချိန်သတ်မှတ်ချက်အား ၂၀၁၀ ခုနှစ် စက်တင်ဘာလအထိ ငါးကြိမ်တိုင် ရွေ့ပြောင်းခဲ့ရသည်။[၂][၃] ၂၀၀၉ ခုနှစ် ဧပြီလတွင် ဒုတိယဗိုလ်ချုပ်ကြီး ရဲမြင့်ဦးဆောင်ကာ ကိုးကန့်၊ ရှမ်းနှင့် ဝ လက်နက်ကိုင်တပ်ဖွဲ့များနှင့် တွေ့ဆုံခဲ့ပြီး တပ်မတော်၏ လက်အောက်ခံ လုံခြုံရေးတပ်ဖွဲ့ဖွဲ့စည်းရန် အစီအစဉ်များကို ဆွေးနွေးခဲ့သည်။[၄] ၂၀၀၉ ခုနှစ်တွင် တိုင်းရင်းသားလက်နက်ကိုင်လေးဖွဲ့ဖြစ်သော ဒီမိုကရက်တစ် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်တပ်မတော်၊ ကချင်ကာကွယ်ရေးတပ်ဖွဲ့ (ကေအိုင်အေ တပ်မဟာ-၄)၊ ကချင်ဒီမိုကရေစီသစ် တပ်မတော်နှင့် ပအိုဝ်း အမျိုးသား အဖွဲ့ချုပ်/တပ်မတော် တို့သည် နယ်ခြားစောင့်တပ်များအဖြစ် ကူးပြောင်းရန် သဘောတူညီခဲ့သည်။[၅] ၂၀၀၉ ခုနှစ် ဩဂုတ်လ ၂၀ ရက်နေ့တွင် တပ်မတော်နှင့် နယ်ခြားစောင့်တပ်အသစ်များသည် ကိုးကန့်ဒေသ၊ လောက်ကိုင်တွင် စုစည်းကာ နယ်ခြားစောင့်တပ်များအဖြစ် ကူးပြောင်းရန် ငြင်းဆိုသော မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (အမ်အန်ဒီအေအေ) ထံမှ မြို့အားပြန်လည်ရယူရန် ကြိုးပမ်းခဲ့သည်။[၆][၇] ကရင်နယ်ခြားစောင့်တပ်ဖွဲ့၂၀၁၀ တွင် ဒီကေဘီအေ၏ ထိပ်တန်းခေါင်းဆောင်တစ်ဦးဖြစ်သော စောချစ်သူသည် နယ်ခြားစောင့်တပ်အဖြစ် ကူးပြောင်းရန် သဘောတူညီခဲ့သည်။[၈] ကရင်ဘီဂျီအက်ဖ် ခွဲထွက်ခြင်း၂၀၂၁ ခုနှစ် ဇန်နဝါရီလတွင် ကရင်နယ်ခြားစောင့်တပ်မှ ခေါင်းဆောင်များဖြစ်ကြသော ဗိုလ်မှူးကြီးစောချစ်သူနှင့် ဗိုလ်မှူးစောမုတ်သုန်၊ ဗိုလ်မှူးစောတင်ဝင်းတို့အား နုတ်ထွက်ရန် တပ်မတော်က ဖိအားပေးခဲ့သည်။ ဇန်နဝါရီလ ၈ ရက်နေ့တွင် နယ်ခြားစောင့်တပ် တပ်နယ် ၄ အမှတ် ၁၀၂၂ တပ်နယ်မှူး ဗိုလ်မှူးစောမုတ်သုန်သည် တပ်ရင်း ၁၃ ခု၊ အရာရှိ ၇၇ ဦးနှင့် တပ်မမှူး ၁၃ ဦးနှင့်အတူ နုတ်ထွက်စာတင်ခဲ့သည်။[၉] အငြင်းပွားဖွယ်ရာများနှင့် ဖိအားပေးမှုများရှိသော်လည်း နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၇၀၀၀ ကျော်တို့သည် နုတ်ထွက်စာတင်ခဲ့ကြသည်။ သို့သော်လည်း ဗိုလ်မှူးကြီး စောချစ်သူက နုတ်ထွက်ရန် ငြင်းဆိုခဲ့သည်။[၁၀] ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၂၃ ရက်နေ့တွင် စောချစ်သူက ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ဆွေးနွေးကာ ကရင်နယ်ခြားစောင့်တပ်အနေဖြင့် တပ်မတော်ထံမှ လစာနှင့် အထောက်အပံ့များ မယူတော့ဘဲ သီးခြားရပ်တည်မည်ဟု မီဒီယာများအား ပြောကြားခဲ့သည်။[၁၁][၁၂] မတ်လ ၆ ရက်နေ့တွင် ကရင်နယ်ြခားစောင့်တပ်သည် "ကရင်အမျိုးသားတပ်မတော်"အဖြစ် ပြောင်းလဲဖွဲ့စည်းကြောင်း ကြေညာခဲ့သည်။[၁၃] ဖွဲ့စည်းပုံနယ်ြခားစောင့်တပ်နှင့် ပတ်သက်၍ အစိုးရအနေဖြင့် တရားဝင်လမ်းညွှန်ချက်များ ထုတ်ပြန်ထားခြင်း မရှိသော်ပေ။[၁၄] အောက်ပါတို့သည် တပ်မတော်က နယ်ခြားစောင့်တပ်များ လိုက်နာရမည်များကို သတ်မှတ်ထားသည်များ ဖြစ်သည်။[၂][၄]
နယ်ခြားစောင့်တပ်ဖွဲ့များ စာရင်းလက်ရှိ နယ်ခြားစောင့်တပ်ဖွဲ့များ[၁၅]
ယခင် နယ်ခြားစောင့်တပ်များ
ရာထူးအဆင့်များကိုးကား
|
Portal di Ensiklopedia Dunia