ပရိပုဏ္ဏဒွါဒသဝဿသိက္ခာပုဒ်
အမှု—သံဃာ့အထံမှ ဝုဋ္ဌာပန သမ္မုတိ မရဘဲ ဥပဇ္ဈာယ် ဆရာမ ပြုလုပ်မှု။ အမှုသည်—ဘိက္ခုနီအများ။ [၁] ကဲ့ရဲ့ ခံရခြင်းတဆယ့်နှစ်ဝါရသော်လည်း သံဃာ့အထံမှ ဥပဇ္ဈာယ်ဆရာ လုပ်ဖို့ရန် “ဝုဋ္ဌာပန သမ္မုတိ” မရသေးဘဲ ဥပဇ္ဈာယ်လုပ်၍ ဘိက္ခုနီပြုပေးကြသဖြင့် သူတို့ ကိုယ်တိုင်က ဘိက္ခုနီ ဝါများသလောက် ဝိနည်းနားမလည်သေးရကား သူတို့၏ တပည့်များလည်း အပ်-မအပ်ကို နားမလည်ကြ၍ အခြားဘိက္ခုနီတို့က ဆရာကို ကဲ့ရဲ့ကြသဖြင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။ သိက္ခာပုဒ်ယာ ပန ဘိက္ခုနီ ပရိပုဏ္ဏဒွါဒသဝဿာ သံဃေန အသမ္မတာ ဝုဋ္ဌာပေယျ, ပါစိတ္တိယံ။ မြန်မာပြန်တဆယ့်နှစ်ဝါပြည့်သော်လည်း သံဃာ့အထံမှ ဝုဌာပန သမ္မုတိ မရသေးဘဲ ဥပဇ္ဈာယ်လုပ်၍ ဘိက္ခုနီပြုပေးသော ဘိက္ခုနီမှာ ပါစိတ် အာပတ် သင့်၏။ မှတ်ချက်ဘိက္ခုနီတို့သည် ၁၂-ဝါရ၍ ဥပဇ္ဈာယ် ဆရာ လုပ်လိုသောအခါ သံဃာ့ထံ၌ ဝုဋ္ဌာပန သမ္မုတိ (ဥပဇ္ဈာယ်လုပ်နိုင်သော သမ္မုတိ)ကို တောင်းရသေး၏။ ထိုသို့ တောင်းသောအခါ သံဃာက သူ၏ဝိနည်း နားလည်မှု ရှိ-မရှိကို စဉ်းစား၍ ဆရာလုပ်လောက်သော အရည်အချင်း ရှိမှ ဝုဋ္ဌာပနသမ္မုတိပေးရ၏၊ ထိုသမ္မုတိရသူမှသာ ဥပဇ္ဈာယ်ဆရာ လုပ်နိုင်သည်။ ဘိက္ခုနီများလည်း ဥပဇ္ဈာယ် လုပ်ချင်တိုင်း မလုပ်ရ,
[ဆောင်] ဆယ်ဝါပြည့်တင်း, ဝိဘင်းနှစ်ဖြာ, ကမ္မာကမ္မ, ခန္ဓကပုဒ်, နာမ်ရုပ်ပိုင်ပိုင်, ဟောပြနိုင်, ကျောင်းထိုင် ငါးအင်္ဂါ။ ကိုးကား
|
Portal di Ensiklopedia Dunia