ပရိမဏ္ဍလအာလောပသိက္ခာပုဒ်

ပရိမဏ္ဍလအာလောပသိက္ခာပုဒ် (သက္ကစ္စဝဂ်)

ရှည်လျားသော ဆွမ်းလုပ်ပြုမှု

ဆဗ္ဗဂ္ဂီရဟန်းတို့သည် ရှည်လျားသော ... ဆွမ်းလုပ်ကို ပြုကြကုန်၏၊ ထိုအပြုအမူကိုလည်း လူတို့ ကဲ့ရဲ့ကြသောကြောင့်...[]


“ပရိမဏ္ဍလံ အာလောပံ ကရိဿာမီတိ သိက္ခာ ကရဏီယာ”။ဟု ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။

မြန်မာပြန်

“ထက်ဝန်းကျင် ဝန်းဝိုင်းသော ဆွမ်းလုပ်ကို ပြုအံ့”ဟု အလေ့အကျင့်ကို ပြုရမည်။

ဝိုင်းဆိုသော်လည်း အလွန်တိကျအောင် ဝိုင်းရမည်ဟု မဆိုလို၊ အကြေားရင်း ဝတ္ထုမှာ ရှည်လျားနေသည်ကို ကဲ့ရဲ့ခံရသောကြောင့် “ရှည်လျားမနေစေဘဲ, ဖြစ်နိုင်သမျှ ဝိုင်းအောင်ကြိုးစားရမည်”-ဟုဆိုလိုသည်၊ တချို့ပုဂ္ဂိုလ်များကား ပဲဟင်းစသည်ဖြင့် ရောနယ်ထားသော ဆွမ်းကို အလွန်ဝိုင်းစက် လှပအောင် ဆွမ်းလုပ်ပြုနိုင်ကြပေသည်၊ ဤ၌လည်း သစ်သီး မုံ့-လက်သုပ် စသည်တို့မှာ ပရိမဏ္ဍလ (ဝိုင်းဝိုင်း) ဖြစ်အောင် မလုပ်သော်လည်း အနာပတ္တိ။ သက္ကစ္စဝဂ် ပြီး၏။

ကိုးကား

  1. အရှင်ဇနကာဘိဝံသ (၁၉၉၆)။ ဘုရားဥပဒေတော်ကြီး
Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya