ပလ္လတ္ထိကသိက္ခာပုဒ်

ပလ္လတ္ထိကသိက္ခာပုဒ် (ခမ္ဘကတဝဂ်)

ဒူးကို ပတ်ဖွဲ့ခြင်း

ဆဗ္ဗဂ္ဂီရဟန်းတို့သည် မြို့ရွာအတွင်း၌ ဒူ ၂-ဘက်ကို ထောင်၍ ထိုထောင်ထားသော ဒူးကို လက် ၂-ဘက်ဖြင့် ပတ်ဖွဲ့ခြင်း, ပတ်ဖွဲ့၍၎င်း, အဝတ်ကြိုးလုံးဖြင့် ပတ်ဖွဲ့၍၎င်း ထိုင်ကြကုန်၏၊ ထိုသို့ထိုင်ရခြင်းကား လူမမာတို့အတွက် သက်သာသော ထိုင်ရခြင်း ဖြစ်၍ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ထိုသို့ ပတ်ဖွဲ့၍ ထိုင်ကြလေသည်၊ ထိုထိုင်ခြင်း မျိုးသည် ဣန္ဒြေသိက္ခာရှိသော လူကြီးလူကောင်းတို့၏ အပြုအမူမဟုတ်သောကြောင့် လူတို့ ကဲ့ခဲ့ရကား-[]

“န ပလ္လတ္ထိကာယ အန္တရဃရေ နိသီဒိဿာမီတိ သိက္ခာ ကရဏီယာ”။ ဟု ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။

မြန်မာပြန်

“လက်အဝတ်တို့ဖြင့် ဒူးကို ပတ်ဖွဲ့လျက် မထိုင်အံ့” အလေ့အကျင့်ကို ပြုရမည်၊ [မရိုသေ မလေးစားသော စိတ်ဖြင့် ထိုင်မှသာ အပြစ်ရှိသည်။ မကျန်းမာသောကြောင့် ထိုကဲ့သို့ ထိုင်ခြင်းကြောင့်ကား အပြစ်မရှိပါ၊ ဤသို့ ဒူးကို လက်-ကြိုးတို့ဖြင့်ပတ်ဖွဲ့၍ ထိုင်ခြင်းကို “အာယောဂပတ်”ဟု ကျမ်းစာတို့၌ဆိုသည်။

ကိုးကား

  1. အရှင်ဇနကာဘိဝံသ (၁၉၉၆)။ ဘုရားဥပဒေတော်ကြီး
Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya