ပါစိတ်အာပတ်
ပါစိတ်အာပတ်[၁]သည် အာပတ် ၅-ပုံ (၇-ပုံ)တွင် တစ်ပုံအပါအဝင် ဖြစ်သည်။ [၂] ကုသိုလ်စိတ်ကို လျောကျစေတတ်သောကြောင့် ပါစိတ်အာပတ်ဟု ခေါ်သည်။ [၃] ဝိပတ္တိ-၄-ပါးတွင် အာစာရဝိပတ္တိ ဖြစ်သည်။ [၄] ဘိက္ခုပါစိတ်, ဘိက္ခုနီပါစိတ်အားဖြင့် ၂-မျိုးပြားသည်။ [၅] [၆] သုဒ္ဓပါစိတ်နိဿဂ္ဂိယသဘော မပါသောကြောင့် ဤပါစိတ်အာပတ်တို့ကို ‘သုဒ္ဓပါစိတ်’ဟု ခေါ်သည်။ ပါစိတ်သက်သက် (ပါစိတ်ချည်းသန့်သန့်)ဟု ဆိုသည်။ ကုသိုလ်စိတ်ကို လျော့ကျစေတတ်၏၊ ထို့ကြောင့် ပါစိတ်မည်၏၊ စေတနာနှင့်တကွ သင့်အပ်သော ပါစိတ်အာပတ်ဖြစ်သည့်အခါ ကုသိုလ်စိတ်များ ကွယ်ပျောက်သောကြောင့် ‘ကုသိုလ်စိတ်’ကို လျော့ကျစေတတ်သော အာပတ်ဟု ဆိုသည်။ ပါရာဇိက စသော အခြားသော အာပတ်တို့လည်း ကုသိုလ်စိတ်ကို လျော့ကျစေတတ်သည်ပင်။ သို့သော် ၎င်းတို့မှာ ‘ပါရာဇိက’ စသော နာမည်ထူးကို ရပြီးဖြစ်၍ ဤအာပတ်များကိုသာ ‘ပါစိတ္တိယ’ဟု ခေါ်ရလေသည်။[၇] ပါစိတ်အာပါတ် အမျိုးအစားများ၁။ နိဿဂ္ဂိယပါစိတ်၊ ၂။ သုဒ္ဓပါစိတ်၊ ၃။ ဘေဒနကပါစိတ်၊ ၄။ ဥဒ္ဓါလနကပါစိတ်၊ ၅။ ဆေဒနကပါစိတ် စသည်ဖြင့် ပါစိတ်အာပတ်များကို ခွဲခြားမှတ်သား သင့်သည်။ ဆက်စပ်ဖတ်ရှုရန်ကိုးကား
|
Portal di Ensiklopedia Dunia