ပိဏ္ဍုက္ခေပကသိက္ခာပုဒ်

ပိဏ္ဍုက္ခေပကသိက္ခာပုဒ် (ကဗဠဝဂ်)

ဆွမ်းကို မြှောက်၍ စားခြင်း

ဆဗ္ဗဂ္ဂီရဟန်းတို့သည် ဆွမ်းစားသောအခါ ဆွမ်းလုပ်ကို ပါးစပ်နားကပ်၍ မသွင်းဘဲ မြှောက်၍ (ပစ်၍) မြှောက်၍ စားခြင်း ပါးစပ်ထဲသို့ သွင်းကြကုန်၏၊ ထိုအပြုအမူကား အလွန် ရိုင်းစိုင်းသော အပြုအမူတည်း၊ ထို့ကြောင့်, လူတို့ ကဲ့ရဲ့ကြရကား...[]

“န ပိဏ္ဍုက္ခေပကံ ဘုဉ္ဇိဿာမီတိ သိက္ခာ ကရဏီယာ”။ ဟု ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။

မြန်မာပြန်

“ဆွမ်းလုပ်ကို မြှောက်၍ မစားအံ့”ဟု အလေ့အကျင့်ကို ပြုရမည်။

မှတ်ချက်

“ပိဏ္ဍ = ထမင်းခဲကို + ဥက္ခေပကံ− မြှောက်၍”ဟု သဒ္ဒါနက် ထွက်သောကြောင့် ဆွမ်းလုပ်တခုလုံးသာမက, ဆွမ်းခဲတစ်ခဲကိုမျှလည်း-မြှောက်၍ ပစ်၍ ပါးစပ်ထဲ မသွင်းရ၊ ပါးစပ်အနားကပ်၍ တေ့၍ သွင်းရသည်၊ သို့သော် မုံ့စသော ခဲဘွယ်နှင့် သစ်သီးကြီးငယ်ကိုကား ပါးစပ်နားမတေ့မိခင် မြှောက်၍ သွင်းသော်လည်း အာပတ်မသင့်ဟု ခွင့်ပြုတော်မူသည်။

ကိုးကား

  1. အရှင်ဇနကာဘိဝံသ (၁၉၉၆)။ ဘုရားဥပဒေတော်ကြီး
Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya