ဗုဒ္ဓကိစ္စငါးပါး
ဗုဒ္ဓကိစ္စငါးပါးသည် မြတ်စွာဘုရားရှင်၏ နေ့စဉ်လုပ်ငန်းစဉ်များကို ဖော်ပြထားပြီး၊ သံယုတ်အဋ္ဌကထာ၊ သီလက္ခန္ဓအဋ္ဌကထာ စသည့် အဋ္ဌကထာများတွင် ဗုဒ္ဓကိစ္စငါးပါးအဖြစ် ဖွင့်ဆိုထားသည်။ သုတ္တနိပါတ်အဋ္ဌကထာတွင်မူ ဗုဒ္ဓကိစ္စလေးပါးကို တစ်ခုတည်းပေါင်းကာ “ပစ္ဆာဘတ္တဗုဒ္ဓကိစ္စ” (ဆွမ်းစားပြီးနောက် ဗုဒ္ဓလုပ်ငန်းစဉ်) ဟု အမည်တပ်ပြီး၊ ပုရေဘတ္တဗုဒ္ဓကိစ္စ (နံနက်ခင်း) နှင့် ပစ္ဆာဘတ္တဗုဒ္ဓကိစ္စ ဟူ၍ နှစ်ပါးအဖြစ် ဖော်ပြထားသည်။ သို့သော် အနက်အဓိပ္ပာယ်မှာ တူညီပင်ဖြစ်သည်။ ဤတွင် သံယုတ်အဋ္ဌကထာအလိုအရ ဗုဒ္ဓကိစ္စငါးပါးကို ကြည်ညိုသဒ္ဓါပွားများရန် အစဉ်အတိုင်း ဖော်ပြထားသည်။ (၁) ပုရေဘတ္တဗုဒ္ဓကိစ္စ (နံနက်ခင်း ဗုဒ္ဓလုပ်ငန်းစဉ်)မြတ်စွာဘုရားရှင်သည် စောစီးစွာ ထတော်မူ၍ အလုပ်အကျွေးရဟန်းအား ချီးမြှောက်ရန်၊ ကိုယ်တော်ချမ်းသာရန်အတွက် မျက်နှာသစ်ခြင်း၊ ကိုယ်လက်သုတ်သင်ခြင်းတို့ကို ပြုတော်မူသည်။ ဆွမ်းခံဝင်ချိန်တိုင်အောင် ဆိတ်ငြိမ်ရာအရပ်တွင် ဖလသမာပတ်ဖြင့် အချိန်ကုန်လွန်စေတော်မူသည်။ ဆွမ်းခံချိန်ရောက်သောအခါ သင်္ကန်းတော်ကို ရုံ၍ သပိတ်တော်ကို ယူဆောင်ကာ၊ တစ်ခါတစ်ရံ တပါးတည်း၊ တစ်ခါတစ်ရံ ရဟန်းအပေါင်းခြံရံလျက် ရွာနိဂုံးသို့ ဆွမ်းခံကြွဝင်တော်မူသည်။ တစ်ခါတစ်ရံ ပကတိကြွဝင်ခြင်းဖြင့်၊ တစ်ခါတစ်ရံ တန်ခိုးပြာဋိဟာများဖြင့် ကြွဝင်တော်မူသည်။ ဆွမ်းခံကြွဝင်ပုံ
ဤအမှတ်အသားများဖြင့် လူများက “မြတ်စွာဘုရားရှင် ဆွမ်းခံကြွဝင်တော်မူပြီ” ဟု သိရှိကြသည်။ လူများသည် အဝတ်ကောင်း၊ နံ့သာပန်းများကို လက်စွဲကာ မြို့လယ်လမ်းမသို့ စုဝေးပြီး၊ မြတ်စွာဘုရားရှင်ကို ရိုသေစွာ ပူဇော်ရှိခိုးကြသည်။ ထို့နောက် ရဟန်းအချို့ကို ဆွမ်းကျွေးရန် တောင်းယူ၍ သပိတ်တော်ကို ယူဆောင်ကာ နေရာခင်းပြီး ဆွမ်းပြုစုလုပ်ကျွေးကြသည်။ မြတ်စွာဘုရားရှင်သည် ဆွမ်းဘုဉ်းပေးပြီးနောက် လူများ၏ စရိုက်နှင့်လျော်ညီစွာ တရားဟောတော်မူသည်။ အချို့ကို သရဏဂုံသုံးပါး၊ ငါးပါးသီလ၊ သောတာပတ္တိဖိုလ်၊ သကဒါဂါမိဖိုလ်၊ အနာဂါမိဖိုလ်၊ သို့မဟုတ် ရဟန်းပြု၍ အရဟတ္တဖိုလ်တွင် တည်စေတော်မူသည်။ လူများကို အကျိုးရအောင် ချီးမြှောက်ပြီးမှ ကျောင်းသို့ ပြန်ကြွတော်မူသည်။ ကျောင်းရောက်လျှင် နံ့သာတန်ဆောင်းဝန်းအတွင်း ဘုရားနေရာတော်တွင် ထိုင်နေကာ ရဟန်းတို့၏ ဆွမ်းကိစ္စပြီးဆုံးချိန်ကို ငံ့လင့်တော်မူသည်။ ဆွမ်းကိစ္စပြီးကြောင်း အလုပ်အကျွေးရဟန်းက လျှောက်ထားလျှင် ဂန္ဓကုဋီကျောင်းတော်သို့ ဝင်ကြွတော်မူသည်။ မှတ်ချက်: ဤကိစ္စတွင် အသေးစိတ်လုပ်ငန်းစဉ်များကို မဇ္ဈိမပဏ္ဏာသပါဠိတော် ဗြဟ္မာယုသုတ်တွင် ဖော်ပြထားသည်။ (၂) ပစ္ဆာဘတ္တဗုဒ္ဓကိစ္စ (ဆွမ်းစားပြီးနောက် ဗုဒ္ဓလုပ်ငန်းစဉ်)ဆွမ်းကိစ္စပြီးသောအခါ၊ မြတ်စွာဘုရားရှင်သည် ဂန္ဓကုဋီကျောင်းတော်အနီး အလုပ်အကျွေးရဟန်းခင်းထားသော နေရာ (ရဟန်းတို့ဆည်းကပ်ရာ) တွင် ထိုင်နေတော်မူသည်။ ခြေတော်ဆေးကြောပြီး ခြေဆေးအင်းပျဉ်တွင် ရပ်တည်လျက် ရဟန်းသံဃာကို အောက်ပါအတိုင်း ဆုံးမတော်မူသည်။
ထိုအစည်းအဝေးတွင် ရဟန်းအချို့က ကမ္မဋ္ဌာန်းတရားမေးမြန်းပြီး၊ မြတ်စွာဘုရားရှင်က စရိုက်လျော်သော ကမ္မဋ္ဌာန်းပေးတော်မူသည်။ ရဟန်းအားလုံးက ရှိခိုးပြီး မိမိတို့၏ နေ့သန့်ရာ၊ ညဉ့်သန့်ရာဌာနများသို့ ဖဲသွားကြသည် (ဥပမာ - တောအရပ်၊ သစ်ပင်ရင်း၊ တောင်၊ နတ်ပြည်များ)။ မြတ်စွာဘုရားရှင်သည် ဂန္ဓကုဋီကျောင်းတော်သို့ဝင်၍ လက်ျာနံတောင်းဖြင့် သတိသမ္ပဇဉ်လက်မလွတ်ပဲ တခဏလျောင်းစက်မှုပြုတော်မူသည်။ ထို့နောက် လျောင်းရာမှထပြီး၊ နေ့၏ဒုတိယပိုင်းတွင် သတ္တလောကကို ကြည့်ရှုဆင်ခြင်တော်မူသည်။ နေ့၏တတိယပိုင်း (မွန်းလွဲ) တွင် လူများသည် အဝတ်ကောင်း၊ နံ့သာပန်းများဖြင့် ကျောင်းသို့ တရားနာရန် လာရောက်စည်းဝေးကြသည်။ မြတ်စွာဘုရားရှင်သည် သင့်လျော်သော တန်ခိုးပြာဋိဟာဖြင့် တရားသဘင်သို့ ကြွတော်မူပြီး၊ ဘုရားနေရာတော်တွင် ထိုင်နေကာ ပရိသတ်အလိုက် တရားဟောတော်မူသည်။ အခါကိုသိလျှင် ပရိသတ်ကို လွှတ်လိုက်ပြီး၊ လူများက ရှိခိုးကာ ဖဲသွားကြသည်။ (၃) ပုရိမယာမဗုဒ္ဓကိစ္စ (ညဉ့်ဦးယံပိုင်း ဗုဒ္ဓလုပ်ငန်းစဉ်)ပစ္ဆာဘတ္တကိစ္စပြီးသောအခါ၊ မြတ်စွာဘုရားရှင်သည် ရေချိုးလိုလျှင် ဘုရားနေရာတော်မှ ထပြီး အလုပ်အကျွေးရဟန်းစီမံထားသော ရေချိုးရာဌာနသို့ ကြွသည်။ ရေသနုပ်ကို ယူ၍ ရေချိုးအိမ်သို့ ဝင်တော်မူသည်။ ရေသုံးသပ်နေစဉ် အလုပ်အကျွေးရဟန်းက ဘုရားနေရာတော်ကို ဂန္ဓကုဋီပရိဝုဏ်အတွင်း ခင်းထားသည်။ ရေသုံးသပ်ပြီးလျှင် မြတ်စွာဘုရားရှင်သည် နှစ်ထပ်သင်္ကန်းကို ဝတ်ကာ ခါးပန်းပန်း၍ တပါးတည်း ဘုရားနေရာတော်တွင် တခဏအပန်းဖြေထိုင်နေတော်မူသည်။ ခဏကြာသောအခါ ရဟန်းတို့သည် နေ့သန့်ရာ၊ ညဉ့်သန့်ရာဌာနများမှ လာရောက်ဆည်းကပ်ကြသည်။ အချို့က ပြဿနာမေးလျှောက်ကြပြီး၊ အချို့က ကမ္မဋ္ဌာန်းတရားမေးမြန်းကြသည်။ အချို့က တရားဟောပေးရန် တောင်းပန်ကြသည်။ မြတ်စွာဘုရားရှင်သည် ၎င်းတို့၏ လိုလားချက်များကို ပြည့်စုံအောင် ချီးမြှောက်ပြီး ညဉ့်ဦးယံအချိန်ကို ကုန်လွန်စေတော်မူသည်။ (၄) မဇ္ဈိမယာမဗုဒ္ဓကိစ္စ (သန်းခေါင်ယံပိုင်း ဗုဒ္ဓလုပ်ငန်းစဉ်)ညဉ့်ဦးယံပိုင်းပြီးသောအခါ ရဟန်းတို့က ရှိခိုးပြီး ဖဲသွားကြသည်။ ထိုအခါ ဇာတိခေတ်စကြဝဠာပေါင်း တိုက်တသောင်းမှ နတ်ဗြဟ္မာများသည် မြတ်စွာဘုရားရှင်ထံ ဆည်းကပ်ကာ၊ ၎င်းတို့စဉ်းစားထားသော ပြဿနာများကို အက္ခရာလေးလုံးမျှရှိသည့်ပြဿနာမှစ၍ မေးမြန်းကြသည်။ မြတ်စွာဘုရားရှင်သည် ထိုပြဿနာအားလုံးကို ဖြေရှင်းပြီး သန်းခေါင်ယံအချိန်ကို ကုန်လွန်စေတော်မူသည်။ (၅) ပစ္ဆိမယာမဗုဒ္ဓကိစ္စ (မိုးသောက်ယံပိုင်း ဗုဒ္ဓလုပ်ငန်းစဉ်)မိုးသောက်ယံအချိန်ကို သုံးပိုင်းခွဲ၍ ဆောင်ရွက်တော်မူသည်။
သုတ္တနိပါတ်အဋ္ဌကထာအလိုအရမိုးသောက်ယံအချိန်ကို လေးပိုင်းခွဲ၍ ဆောင်ရွက်တော်မူသည်။
ဆက်စပ်ဖတ်ရှုရန်ကိုးကား
|
Portal di Ensiklopedia Dunia