ဗုဒ္ဓခြေတော်ရာကမ္ဘာတစ်လွှား၌ ဗုဒ္ဓခြေတော်ရာချခဲ့သည့် နေရာမှာ (၁၁)နေရာဖြစ်ကြောင်းကို လေ့လာသိရှိရပေသည်။ ၎င်းတို့မှာ-
စသည်တို့ ဖြစ်ကြကြောင်း ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ ကျောက်မြောင်းရပ်၊ မဟာသုခပါဠိတက္ကသိုလ်မှ ဆရာတော် ဦးအရိယာဝံသ၏ ရခိုင်ပြည်နယ်၊ မအီစက်တော်ရာသမိုင်း စာအုပ်တွင် မှတ်တမ်းပြုထားသည်။ မြတ်စွာဘုရားရှင်သည် မဟာသက္ကရာဇ် ၁၂၄ ခုနှစ်တွင် ရဟန္တာငါးရာနှင့်တကွ သုနာပရန္တ ယောနကတိုင်း (ယခု မြန်မာနိုင်ငံ မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် မကုမြို့နယ် လယ်ကိုင်းကျောင်းတော်ရာ ဒေသ)သို့လည်း ကြွရောက်ခဲ့တော်မူ၏။ ဘုရားရှင်သည် သာဝတ္ထိပြည်၊ ဇေတဝန်ကျောင်းတော်သို့ပြန်အကြွ နမ္မဒါမြစ် (ယခု မန်းချောင်း) အနီးသို့ ရောက်သည်တွင် နမ္မဒါနဂါးမင်း၏ တောင်းပန်ချက်ကြောင့် မြစ်ကမ်းနဖူး ကျောက်ဖျာထက်တွင် လက်ဝဲခြေတော်ရာကို ချပေးခဲ့၏။ ယင်းကို အောက်ခြေတော်ရာဟု ခေါ်ဆိုကြသည်။ ဆက်လက်၍ ကြွမြန်းစဉ် ထိုမြစ်အနီး သစ္စဗန္ဓကတောင်ပေါ်သို့ ရောက်ပြန်သော် ရသေ့၏ လျှောက် ထားတောင်းပန် ချက်ကြောင့် မကုလမြေကျောက်ပေါ်တွင် လက်ဝဲဘက်ခြေတော်ရာကို တံဆိပ်ခတ်နှိပ်ပေးခဲ့ပြန်သည်။ ထိုအထက်ခြေတော်ရာကို အထက်စက်တော်ရာဟု သမုတ်ခဲ့ကြ သည်ဟုဆိုကြသည်။ သို့ဖြင့် ထိုနေရာများတွင် စေတီများ တည်ထားကာ နှစ်စဉ်ခြေတော်ရာဖူးရင်း စေတီများတွင် ပွဲတော်များ ကျင်းပခဲ့လေသည်။ အဆိုပါ ခြေတော်ရာသည် ကာလအတန်ကြာ ကွယ်ပျောက်နေခဲ့ပြီး တောင်ဖီလာဆရာတော်၏ ဖော်ထုတ်မှုဖြင့် ပွင့်ပေါ်လာခြင်းဖြစ်ကြောင်း မှတ်သားရသည်။ ကိုးကား |
Portal di Ensiklopedia Dunia