ပါဒခြေတော်ရာ(ရသေ့တောင်)
ပါဒခြေတော်ရာပါဒခြေတော်ရာ ဗုဒ္ဓပူဇနိယပွဲတော် ရသေ့တောင်မြို့နယ်တွင် နှစ်စဉ် ကျင်းပသည်။ နတ်နဂါးများနှစ်စဉ်လာရောက်ဖူးမြော်သည်ဟု ဒေသခံများယုံကြည်ကြသည်။ ရခိုင်ပြည်နယ်၏အထင်ရှားဆုံးပွဲတော်တစ်ခုဖြစ်သည့် ရသေ့တောင်မြို့ နယ် မုန်စဲကျွန်းရှိ မြတ်ဗုဒ္ဓ၏ပါဒခြေတော်ရာ ဗုဒ္ဓပူဇနိယပူဇော်ပွဲကို ၁၃၇ဝပြည့်နှစ် ပြာသိုလဆန်း ၁၄ရက်မှ လပြည့်နေ့အထိ (၂၀၀၉ခုနှစ် ဇန်နဝါရီ ၉ရက်မှ ၁ဝရက်ထိ)ကျင်းပခဲ့ရာ ယခုပွဲတော်ရက်တွင်လည်း ယခင်နှစ်များကဲ့သို့ နတ်နဂါးများလာရောက်ပူဇော်သည့် ထူးခြားမှုကို ပွဲတော်လာသူများ ကြုံတွေ့ခဲ့ရသည်။ ဒေသခံအများစုမှာ ထိုကဲ့သို့ပင်နှစ်တိုင်းပွဲတော်ရက်များအတွင်း ထူးခြားမှုများရှိသည်။ ဖြစ်ပေါ်တတ်သည်ဟု ယုံကြည်ထားခြင်းနှင့် ပတ်သက်ပြီး ``နှစ်တိုင်းပဲအဲလိုမျိုး နတ်နဂါးတွေ လာဖူးမြော်တာကို ကြုံတွေ့ရသလိုပဲ။ ကင်းမလက်မည်းတွေလာဖူးတာကိုလည်း တွေ့ရတယ်။ အဲလိုပဲ မြွေရဲ့ခေါင်းပေါ်မှာ ဖားကရောက်ပြီး လာဖူးမြော်တာကိုလည်း တွေ့ရတယ်၊ လူတွေကို ဘာမှအန္တရာယ်မပြုဘူး´´ ပါဒခြေတော်ရာပွဲတော်တွင် ပြည်တွင်းပြည်ပသာသနာပြု အလိုတော်ပြည့် ကျောင်းတိုက်များ၏ အဓိပတိ အလိုတော်ပြည့်ဆရာတော် ဘဒ္ဒန္တအရိယဝံသ ဦးစီးဆောင်ရွက်ပြီး သံဝေဇနိယလေးဌာနဖွင့်ပွဲနှင့် ဗုဒ္ဓပါဒ(ခြေတော်ရာ) ဂန္ဓကုဋိကျောင်း တော်ပေါ်၌ တင်လှူပူဇော်မည့် ရွှေထီးတော် ငှက်မြတ်နားတော် စိန်ဖူးတော်များတင်လှူပွဲကို ကျင်းပခဲ့ပြီး ထူးဆန်းအံ့ဖွယ်များ
မုန်စဲကျွန်းပါဒခြေတော်ရာသို့ သင်္ဘောဖြင့် စစ်တွေမှ ရသေ့တောင် (၃နာရီဝန်းကျင်) ရသေ့တောင်မှတဆင့် မုန်စဲကျွန်းသို့ (သင်္ဘောဖြင့် တစ်နာရီကျော်) သွားနိုင်ကြောင်း၊ စစ်တွေ-ရသေ့တောင်ခရီစဉ်မှာ နေ့စဉ်ရှိသောလည်း ရသေ့တောင်-မုန်စဲကျွန်းသင်္ဘောမှာ စနေနှင့် တနင်္ဂနွေသာပြေးဆွဲပြီး ထိုရက်တွင် စစ်တွေမှတဆင့် နေ့ချင်းပြန်ဖူးမြော်နိုင်ကြောင်းသိရသည်။[၁] ကိုးကား
|
Portal di Ensiklopedia Dunia