ဘဝ (ဗုဒ္ဓဘာသာ)
ဘဝ သည် နှစ်မျိုးရှိ၏။ ၎င်းနှစ်မျိုးမှာ - ကမ္မဘဝနှင့် ဥပပတ္တိဘဝတို့ ဖြစ်ကြသည်။ ဥပါဒါန် ကြောင့် ဘဝဖြစ်ပေါ်သည်။ [၁][၂] အဓိပ္ပာယ်ဤနေရာတွင် "ဘဝ" သဒ္ဒါသည် ကြီးပွားခြင်းအနက်ကို ဆိုသည်၊ ကြီးပွားခြင်းမည်သည် ဤအရာ၌ သတ္တဝါတို့၏ ဘဝအတ္တဘောကို ရရှိခြင်း ဖြစ်သည်။ ထို့ကြောင့် အတ္တကို ရရှိမှုသည်ပင်လျှင် ဤနေရာ၌ "ဘဝ" မည်သည်။ ဘဝသည် ကံအစု "ကမ္မဘဝ" နှင့် ကံ၏ အကျိုးဖြစ်သော ဝိပါက်အစု "ဥပပတ္တိဘဝ" ဟူ၍ နှစ်ပါးအပြား ရှိသည်။[၂] ဘဝဖြစ်ပေါ်ခြင်းပုထုဇ္ဇန်ပုဂ္ဂိုလ်တို့သည် ဥပါဒါန်တရားလေးပါးတို့ကို မဂ်ဖြင့်အကြွင်းမဲ့ မပယ်သတ်ပါက ထိုပုထုဇ္ဇန်ပုဂ္ဂိုလ်တို့အား ကာမုပါဒါန်ဟုဆိုအပ်သော တဏှာလောဘကြောင့် ကာမနှင့် စပ်ဆိုင်သော ကာယကံ၊ ဝစီကံ၊ မနောကံတို့ကို ကြိုးစားပြုလုပ်ကြလေသည်။ ထိုအခါ ကာမုပါဒါန်ကြောင့် ကမ္မဘဝ ဖြစ်ပေါ်သည်။[၂] ထိုပုထုဇ္ဇန်တို့သည် ဒိဋ္ဌုပါဒါန်ဟူသော အကြောင်းကြောင့် ထိုထိုအယူနှင့် စပ်လျဉ်းသမျှသော ကာယကံ ဝစီကံ မနေကံတို့ကို ကြိုးစားပြုလုပ်ကြ၏။ ထိုအခါ ဒိဋ္ဌုပါဒါန်ဟူသော အကြောင်းကြောင့် ကမ္မဘဝ ဖြစ်ပေါ်သည်။[၂] ထိုပုထုဇ္ဇန်တို့သည် သီလဗ္ဗတုပါဒါန်ဟူသော အကြောင်းကြောင့် နွားအကျင့် ခွေးအကျင့် စသည်တို့နှင့် စပ်ဆိုင်သော ကာယကံ ဝစီကံ မနေကံတို့ကို ပြုလုပ်ကြ၏။ ထိုအခါ သီလဗ္ဗတုပါဒါန်ဟူသော အကြောင်းကြောင့် ကမ္မဘဝ ဖြစ်ပေါ်သည်။[၂] ထိုပုထုဇ္ဇန်တို့သည် အတ္တဝါဒုပါဒါန်ဟူသော သက္ကာယဒိဋ္ဌိကြောင့် အတ္တဒိဋ္ဌိနှင့်ဆိုင်သမျှသော ကာယကံ ဝစီကံ မနောကံတို့ကို ပြုလုပ်ကြကုန်၏။ ထိုအခါ အတ္တဝါဒုပါဒါန်ကြောင့် ကမ္မဘဝ ဖြစ်ပေါ်သည်။[၂]
ဘဝနှစ်မျိုးကမ္မဘဝသုစရိုက်ဆယ်ပါး၊ ဒုစရိုက်ဆယ်ပါးသည် ကမ္မဘဝ မည်၏။[၁][၂] ဥပပတ္တိဘဝထိုသုစရိုက်တို့၏ အကျိုးဖြစ်သော နောက်နောက်ဘဝ၌ ဖြစ်ပေါ်လာလတ္တံ့သည့် လူ့ခန္ဓာ, နတ်ခန္ဓာ, ဗြဟ္မာ့ခန္ဓာစုသည်လည်းကောင်း၊ ဒုစ္စရိုက်တရားတို့၏ အကျိုးဖြစ်သော နောက်နောက်ဘဝတို့၌ ဖြစ်ပေါ်လတ္တံ့သော ငရဲခန္ဓာ, တိရစ္ဆာန်ခန္ဓာ, ပြိတ္တာခန္ဓာ, အသုရကာယ်ခန္ဓာစုသည်လည်းကောင်း "ဥပပတ္တိဘဝ" မည်၏။[၁][၂] ဥပပတ္တိဘဝသည် အောက်ပါအတိုင်း(၉) ပါးရှိသည် -[၂]
ကိုးကား
|
Portal di Ensiklopedia Dunia