ဘိက္ခုနိဥမ္မဒ္ဒါပနသိက္ခာပုဒ်
အမှု—အခြားဘိက္ခုနီတို့ကို ခြေဆုပ်လက်နယ်ခိုင်းမှု။ အမှုသည်—ဘိက္ခုနီအများ။ [၁] ကိုယ့်ကိုယ်တိုင် အညောင်းအညာဖြေခြင်း လမ်းလျှောက်ခြင်းစသည်ကို မပြုဘဲ သူတစ်ပါးကို ခိုင်းခြင်းသည် အခိုင်းအစေနှင့်နေနိုင်သော အိမ်ရှင်မ များနှင့်တူရကား ထိုသို့ခိုင်းစေမှုကို လူတို့က “ကာမစည်းစိမ် ခံစားသော လူဝတ်ကြောင် မိန်းမများလိုပါဘဲတကား”ဟု ကဲ့ရဲ့ကြသောကြောင့် ဤ သိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။ သိက္ခာပုဒ်ယာ ပန ဘိက္ခုနီ ဘိက္ခုနိယာ ဥမ္မဒ္ဒါပေယျ ဝါ ပရိမဒ္ဒါပေယျ ဝါ, ပါစိတ္တိယံ။ မြန်မာပြန်ဘိက္ခုနီမကို ပွတ်တိုက်ခိုင်းသော အဆုပ် အနယ်ခိုင်းသော ဘိက္ခုနီမှာ ပါစိတ် အာပတ် သင့်၏။ မှတ်ချက်ဥမ္မဒ္ဒါပေယျကို “ဥဗ္ဗာဋ္ဋာပေယျ-ပွတ်တိုက်စေအံ့”ဟု ဖွင့်ရကား “ရေချိုးရာ၌ ချေးပွတ်ခိုင်းခြင်းကို နာနာနှိပ်၍ ဟိုပွတ်သည်ပွတ် ပွတ်စေသည်ကို ဥမ္မဒ္ဒါပေယျ ဟု မိန့်လိုဟန်တူ၏။ ပရိမဒ္ဒါပေယျ-ဟူသည် အနင်းအနှိပ်ခံခြင်းမျိုးပင်တည်း။ ထိုသို့ ခိုင်းခြင်းဟူရာ၌ အရသာခံသော သဘော ဟန်ကြီးပန်ကြီးလုပ်သော သဘောဖြင့် ခိုင်းရာ၌သာ အာပတ် သင့်၏၊ တကယ်ညောင်းညာ-မကျန်းမာ၍ ခိုင်းလျှင်ကား အနာပတ္တိ။ ဇ-ဈ-ညထို့နောက် သိက္ခမာန်ကို ခိုင်းမှု, သာမဏေမကို ခိုင်းမှု, လူဝတ်ကြောင် မိန်းမကို ခိုင်းမှုကြောင့် သိက္ခာပုဒ် ၃-ရပ်ကို ပညတ်တော်မူရသေး၏။ ကိုးကား
|
Portal di Ensiklopedia Dunia