ဘူတာရောစနသိက္ခာပုဒ်
ဘူတာရောစနသိက္ခာပုဒ် သည် မြတ်စွာဘုရား၏ သာသနာတော်တွင် ရဟန်းတော်များ လိုက်နာစောင့်ထိန်းရန် ပညတ်တော်မူခဲ့သည့် သုဒ္ဓပါစိတ်အာပတ်တစ်ခု ဖြစ်သည်။ [၁] သမိုင်းမြတ်စွာဘုရားသည် ဝေသာလီပြည်၊ မဟာဝုန်တော၊ ပြာသာဒ်ဆောင်ပေါက်သော ကျောင်းကြီးတွင် သီတင်းသုံး နေတော်မူ၏။ ထိုအချိန်တွင် မြင်ဖူးရုံဖြင့် မိတ်ဆွေ ဖြစ်ကြသည့် ရဟန်းတို့သည် ဝဂ္ဂုမုဒါမြစ်ကမ်းတွင် ဝါကပ်၍ နေ၏။ ထိုအချိန်တွင် ဝဇ္ဇီတိုင်းသည် အစားရေစာ ခေါင်းပါးသဖြင့် အသက်မွေးမှု ခက်ခဲလျက်ရှိ၏။ ထိုအခါ ထိုရဟန်းတို့သည် အသက်မွေးမှုလွယ်ကူစေရန် လူတို့၏ ကုသိုလ်သမ္မပထတရား (၁၀) ပါးထက်သာလွန်သည့် ဈာန်မဂ်ဖိုလ်တရားကိုကို လူတိုကို ပြောကြ၏။ ဤမည်သောရဟန်းသည် ပထမဈာန်ကို ရ၏၊ ဤမည်သောရဟန်းသည် ဒုတိယဈာန်ကို ရ၏၊ ဤမည်သောရဟန်းသည် တတိယဈာန်ကိုရ၏ အစရှိသဖြင့် လူတို့ကို ပြောကြ၏။ ထိုအခါ လူတို့သည် ထိုရဟန်းတို့အား ပေးလှူကြ၏။ ထို့ကြောင့် ရဟန်းတို့၏ အဆင်းသည် ကြည်လင်ဝဖြိုး၏။
မြတ်စွာဘုရားသည် ဝဂ္ဂမုဒါမြစ်ကမ်းနေ ရဟန်းတို့အား "ချမ်းသာစွာ ဝါကပ်ခဲ့ကြရပါသလား၊ ဆွမ်းအတွက်လည်း မပင်မပန်းရှိကြပါရဲ့လား" ဟု မေး၏။ ထိုရဟန်းတို့လည်း "ချမ်းသာစွာ နေခဲ့ရသည်" ဟု ဖြေ၏။ ထို့နောက် မြတ်စွာဘုရားသည် "အဘယ်ကဲ့သို့ ချမ်းသာစွာ နေခဲ့ကြပါသနည်း" ဟုမေး၏။ ရဟန်းတို့လည်း ဖြေ၏။ ထိုအခါ မြတ်စွာဘုရားသည် "သင်တို့တွင် ဈာန်မဂ်ဖိုလ်တရားမျာ အထင်အရှား ရှိပါသလား" ဟု မေးရာ "ရှိသည်" ဟု ဖြေ၏။ ထို့နောက် မြတ်စွာဘုရားသည် ထိုရဟန်းတို့အား ကဲ့ရဲ့တော်မူကာ အောက်ပါသိက္ခာပုဒ်ကို ပညတ်တော်မူ၏။[၁] သိက္ခာပုဒ်အကြင်ရဟန်းသည် ရဟန်းမဟုတ်သောသူအား လူတို့၏ ကုသိုလ်ကမ္မပထတရားဆယ်ပါးထက် လွန်မြတ်သော ကုသိုလ်ကမ္မပထတရားကို ပြောကြားငြားအံ့၊ ပြောတိုင်းဟုတ်မှန်သော် ထိုရဟန်းအား ပါစိတ်အာပတ် သင့်၏ ဟု မိန့်တော်မူ၏။[၁] ကိုးကား |
Portal di Ensiklopedia Dunia