ဘေရိဝါဒကဇာတ်
ဧကကနိပါတ် - ၆။ အာသီသဝဂ် -၅၉- ဘေရိဝါဒကဇာတ်။ ။ အဖန်ဖန်သားကို တား၍ နားမထောင်သဖြင့် ပျက်စီးရသော စည်တီးသမား သားအဖ အကြောင်း။ ပစ္စုပ္ပန်ဝတ္ထုဆုံးမခက်လှအတိတ်ပြနတ်လူတို့ဆရာ ဖြစ်တော်မူသောမြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် အဆုံးအမခက်သော ရဟန်းတစ်ပါးရှိလေ၏။ ရဟန်းတို့သည် ထိုရဟန်းကို မြတ်စွာဘုရားထံ ဆောင်ယူသွားကြရာ မြတ်စွာဘုရားသည်“ရဟန်းတို့ ... ဤရဟန်းသည် ယခုအခါမှသာ အဆုံးအမခက်သည် မဟုတ်၊ ရှေးအခါကလည်း အဆုံးမခက်ဖူးပြီ” ဟု မိန့်တော်မူကာ အောက်ပါအတိတ်ဇာတ်ကို ဆောင်တော်မူသည်း။ အတိတ်ဝတ္ထုဖခင်မြစ်တားမနာကြားလွန်လေပြီးသောအခါဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် စည်တီးမျိုး၌ဖြစ်၍ရွာငယ်တစ်ခုတွင် နေလေ၏။ တစ်ရံသောအခါဗာရာဏသီပြည်ဝယ်နက္ခတ်ပွဲသဘင် ဖြစ်လတ်သော် ထိုပွဲသဘင်ဝယ် စည်ကို အခစားတီး၍ပစ္စည်းဥစ္စာကို ယူမည်ဟု ကြံစည်လျက် သားကိုခေါ်၍ ပွဲသဘင်သို့သွားကာ စည်ကိုတီးသဖြင့်ဥစ္စာများစွာ ရလေ၏။ ပွဲသဘင်ပြီး၍မိမိတို့နေရာ ရွာငယ်သို့ ပြန်လာသောအခါ ခရီးအကြားဝယ် သူခိုးတို့နေရာတော်သို့ရောက်လျှင် စည်ကို ဆက်ကာ ဆက်ကာ မပြတ်တီးနေသော သားကို အဘသည်“အမောင် ...စည်ကို မပြတ် မတီးပါနှင့်၊ ခရီးသွားသော မင်းကြီးစည်ပမာ ရံခါ ရံခါသာ တီးပါ” ဟုဆုံးမ တားမြစ်လေ၏။ နားမထောင်ကပျက်စီးရသားလည်း အဘ တားမြစ်သည်ကိုမနာယူဘဲ စည်သံဖြင့် သူခိုးတို့ကို ပြေးစေမည်ဟု ပြောဆိုတာ မပြတ်သာ တီးလေ၏။သူခိုးတို့လည်း ရံခါရံခါသာ တီးသော စည်သံကို ကြားရလျှင် မင်းကြီးစည်သံ ထင်မှတ်၍အတန်ငယ် ပြေးပြီးမှ နားထောင်ပြန်ရာ တစ်စပ်တည်း မပြတ် တီးနေသော စည်သံကိုကြားရပြန်သဖြင့် မင်းကြီးစည်သံ မဟုတ်မှန်းသိ၍ တစ်ဖန် ပြန်လာကာ သားအဖ နှစ်ယောက်ကိုရိုက်နှက် ပုတ်ခတ်၍ ပစ္စည်းတို့ကို လုယူသွားကြကုန်၏။ ထိုအခါ အဘသည်သားမိုက်အား - “ဟယ်သားမိုက် ... နင် င့ါစကားကို နားမထောင်၊လမ်းသွားရင်း မင်းကြီစည်နှင့် တူအောင် ရံခါ ရံခါသာ တီးပါဟုဆိုလျက် ဆက်ကာ ဆက်ကာမပြတ်တီးသည့်အတွက် သူခိုးတို့ ယူသွားကြသဖြင့် ဆင်းဆင်းရဲရဲ ရှာဖွေစုဆောင်းရသောပစ္စည်းများ ဆုံးပါး ပျက်စီးရချေပြီ” – ဟု အပြစ်တင်ကာ ပြောဆိုလေ၏။ ဇာတ်ပေါင်းဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် - ရဟန်းတို့ - ထိုအခါ စည်တီးသမား သားမိုက်သည် - ယခုအခါ အဆုံးမခက်သော ရဟန်း။ စည်တီးသမားသည် - ငါဘုရား ဖြစ်လာပြီ - ဟုဇာတ်ကို ပေါင်းတော်မူသတည်း။ ဆောင်ပုဒ်(၁) ကျိုးလိုဆုံးမ၊ မနာက၊ မုချပျက်စီးမြဲ။ (၂) ဆက်ကာ ဆက်ကာ၊ စည်တီးရာ၊ ဥစ္စာသူခိုးဆွဲ။ ဘေရိဝါဒကဇာတ် ပြီး၏။ ကိုးကား
|
Portal di Ensiklopedia Dunia