မကွေး လေတပ်စခန်းဌာနချုပ်
မကွေးလေတပ်စခန်း ဌာနချုပ် သည် မကွေးတိုင်းဒေသကြီး၊ မကွေးမြို့တွင် တည်ရှိသည်။ မကွေးလေဆိပ် ကို အရပ်ဖက်နှင့် တွဲဖက် အသုံးပြုသည်။ မတော်တဆမှုများ၂၀၁၄ ခုနှစ် ဇွန်လ ၁၁ ရက်နေ့တွင် MiG-29 လေယာဉ်သည် လေ့ကျင့်ပျံသန်းနေစဉ် မကွေးမြို့အနီးတွင် ပျက်ကျခဲ့ကာ လေယာဉ်မှူးနှစ်ဦး ဒဏ်ရာအနည်းငယ် ရရှိခဲ့သည်။[၂] ၂၀၁၈ ခုနှစ် အောက်တိုဘာလ ၁၆ ရက်နေ့တွင် အက်ဖ်- ၇ လေယာဉ် လေးစီးသည် လေ့ကျင့်ပျံသန်းမှုများပြုလုပ်ပြီး ပြန်လာစဉ် ရာသီဥတုဆိုးရွားမှုနှင့် ကြုံတွေ့ကာ မင်းဘူးမြို့၏ တောင်ဘက်ဆားဗွက်ချောင်းတံတားအနီးတွင် ၁ စီး၊ မင်းဘူးမြို့၊ သနပ်ပင်စုကျေးရွာ၏ အနောက်ဘက် မီတာ ၁၀၀၀ ခန့်အကွာရှိ လယ်ကွင်းအနီးတွင် ၁ စီး ပျက်ကျခဲ့သည်။ ယင်းပျက်ကျမှုများကြောင့် လေယာဉ်မှူး ဗိုလ်ကြီးနှစ်ဦးနှင့် ပဉ္စမတန်းကျောင်းသူတစ်ဦး သေဆုံးခဲ့သည်။[၃][၄] ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ ၇ ရက်နေ့တွင် MiG-29 လေယာဉ်တစ်စီးသည် လေယာဉ်ပြန်ဆင်းစဉ် လေထီးမပွင့်ခဲ့သည့်အတွက် ပြေးလမ်းချော်မှု ဖြစ်ပွားခဲ့သည်။[၄] ကိုးကား
|
Portal di Ensiklopedia Dunia