လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့
လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့သည် မြန်မာ့တပ်မတော်၏ စစ်လက်ရုံးတပ်ဖွဲ့တစ်ခုဖြစ်သည်။ “လေကြောင်းရန်ကာကွယ်ရေး” ဟူသည့် တပ်ဖွဲ့၏ အမည်နာမ၌ပင် အဓိကထမ်းဆောင်ရသော တာဝန်မှာ ပေါ်လွင်နေလေသည်။ ဖွဲ့စည်းပုံအရ တပ်မတော်(ကြည်း)၌ ပါဝင်သော်လည်း လုပ်ငန်းတာဝန်ပိုင်း၌ သဘောသဘာဝအရ တပ်မတော်(ရေ)၊ အထူးသဖြင့် တပ်မတော်(လေ)နှင့် ပို၍ဆက်စပ်မှုရှိလေသည်။ လက်ရှိ လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့၏ အရာရှိချုပ် တာဝန်ထမ်းဆောင်နေသူမှာ ဒုတိယဗိုလ်ချုပ်ကြီး မျိုးမိုးအောင် ဖြစ်ပြီး ဒုတိယအရာရှိချုပ် တာဝန်ထမ်းဆောင်နေသူမှာ ဗိုလ်ချုပ် နေမျိုးဦး (စတသ-၃၄) ဖြစ်သည်။ ထို့နောက် လက်ထောက် အရာရှိချုပ် (၃)ဦးရှိပြီး၊ ကြည်း/ ရေ/ လေ တပ်ဖွဲ့ အသီးသီးမှ ဗိုလ်မှူးချုပ် အဆင့်ရှိသူ တစ်ဦးစီကို ခန့်အပ်ထားသည်။ ကာကွယ်ရေးဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ဖူးသူ ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်းသည် ယခင်က လေကြောင်းရန်ကာကွယ်ရေး အရာရှိချုပ်အဖြစ် ဩဂုတ် ၂၀၁၅ ထိ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။ လေကြောင်းရန်ကာကွယ်ရေးလက်နက်များ
လေယာဉ်ပစ်သေနတ်များနှင့် ဒရုန်းကာကွယ်ရေးလက်နက်များ
ဖွဲ့စည်းပုံလေကြောင်းရန်ကာကွယ်ရေး အရာရှိရုံးချုပ်အား နေပြည်တော်တိုင်းစစ်ဌာနချုပ်(အတိုကောက် နပတ) လက်အောက်တွင်ထားရှိပြီး တိုက်ရိုက်ကွပ်ကဲသည်။ လေကြောင်းရန်ကာကွယ်ရေး အရာရှိချုပ်ရုံး၏ လက်အောက်တွင် လေကြောင်းရန်ကာကွယ်ရေး သင်တန်းကျောင်း (၁)ခုနှင့် လေကြောင်းရန်ကာကွယ်ရေး စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (၉)ခု ရှိသည်။ သင်တန်းကျောင်း ကျောင်းအုပ်ကြီးနှင့် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှူးများ အားလုံးသည် ဗိုလ်မှူးချုပ် အဆင့် ရှိသူများဖြစ်သည်။ လေကြောင်းရန်ကာကွယ်ရေး စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် တစ်ခုစီတွင် တပ်ဖွဲ့၏ မူလ တပ်ရင်းများဖြစ်သည့် -
စသည်တို့ ပါဝင်ဖွဲ့စည်းထားသည့်အပြင် အထောက်အကူပြု တပ်များအဖြစ် အခြားတပ်ဖွဲ့များမှ တွဲဖက်ပေးထားသည့် -
စသည်တို့ကိုလည်း ပါဝင်ဖွဲ့စည်းထားသည်။ ကွပ်ကဲမှုဌာနချုပ်များ
လက်ရှိ လေကြောင်းရန်ကာကွယ်ရေး လက်နက်ကြီးများ
အခြားလေ့လာရန်ကိုးကား
|
Portal di Ensiklopedia Dunia